ရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့် ကျွန်းတစ်ကျွန်း အခမဲ့ရရှိလိုက်တဲ့ဂျပန်

ရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့် ကျွန်းတစ်ကျွန်း အခမဲ့ရရှိလိုက်တဲ့ဂျပန်

ဂျပန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ မီးတောင်ပေါက်ကွဲမှုတခုကနေ ကျွန်းအသစ်တကျွန်းပေါ်လာပါတယ်။ တိုကျိုမြို့ကနေ ၇၄၅မိုင်အကွာမှာ ပေါ်လာတဲ့ကျွန်းသစ်ဟာ ဂျပန်ရေပိုင်နက်ထဲမှာ ရှိနေတာကြောင့် ဂျပန်ဟာ နေရင်းထိုင်ရင်း ကျွန်းသစ်တခုရလာခဲ့တာပါ။ ပေါ်လာတဲ့ကျွန်းသစ်ကို ချက်ချင်းဆိုသလို နာမည်ပေးခဲ့တာက နီဂျီမာ(Niijima)လို့ပါ။ မြန်မာလိုပြန်ရင်တော့ ကျွန်းအသစ်လို့ အမည်ရပါတယ်။

ဂျပန်မိုးဇလအေဂျင်စီကနေ တရားထုတ်ပြန်ထားတာကတော့ ကျွန်းစပေါ်လာတာက ဩဂုတ်လ ၁၃ရက်နေ့မှာလို့ဆိုပါတယ်။ ဆယ်စုနှစ်တခုအတွင်း ပထမဆုံးပေါ်လာတဲ့ ကျွန်းသစ်လည်းဆိုနိုင်ပါတယ်။။ ပေါ်လာချိန်မှာတန်းမသိသေးဘဲ နှစ်ရက်ကြာမှ ဂျပန်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ကတွေ့ခဲ့ပါတယ်။ ကျွန်းလေးရဲ့အချင်းက (ဝ.၆)မိုင်ပဲရှိပါတယ်။ နန်ပိုကျွန်းစုတွေရဲ့မြောက်ဖက်စွန်းကနေဆိုရင် ၃.၁မိုင်ပဲကွာလို့ လူနေလို့ရနိုင်ပါတယ်။ ကျွန်းတကျွန်းကိုတောင်

ပေါ်လာစေတဲ့မီးတောင်ပေါက်ကွဲအားက ဘယ်လောက်ပြင်းလဲဆိုရင် မီးတောင်ပေါက်တုန်းက ချော်ရည်တွေဟာ အနောက်မြောက်ဖက်ကို ၃၇မိုင်လောက်ထိအောင် စီဆင်းသွားစေတယ်လို့ သိရပါတယ်။ လမ်းတောက်လျှောက်မှာရှိတဲ့ ကျွန်းပိစိလေးတေကို တိုက်စားသွားလို့ ပြာတွေဟာလေထဲပလူပျံနေပါတယ်။ ကျွန်းလေးကတော့ ချော်ရည်ပူတွေဘယ်လောက်ထိခံမလဲနဲ့

ကျွန်းမှာရှိတဲ့ကျောက်သားမာကျောမှုက သက်တမ်းကိုဆုံးဖြတ်ပေးသွားမယ်လို့သိရပါတယ်။ တကယ်လို့မီးတောင်ကလည်း ဆက်ပေါက်နေမယ်၊ ချော်ရည်တွေကလည်း ဆက်စီးနေမယ်ဆိုရင် ကျွန်းအသစ်ကရှိဖို့များသွားပါပြီ။ အမေရိကန် ဘူမိဗေဒဆိုင်ရာ လေ့လာရေးအဖွဲ့ကတော့ မီးတောင်ချော်ရည်တွေအေးသွားဖို့ဆိုရင် ပင်လယ်ထဲကို ဒီထပ်မြန်မြန်စီးဖို့လိုတယ်လို့ သုံးသပ်ထားပါတယ်။ ချော်ရည်ပူတွေဟာ အပူများလွန်းတာကြောင့်

အထဲမှာ အပူငွေ့နဲ့ဆက်လောင်ကျွမ်းနေတာကြောင့်မလို့ပါ။ မြင်သာအောင်ပြရရင် အိုက်စလန်မှာမီးတောင်တခုပေါက်တုန်းက ကျွန်းပေါ်ကလူတဦးဟာ ဒယ်ပြားနဲ့အသားကင်သွားလုပ်စားဖူးပါတယ်။ မီးက အုပ်အုပ်လေးနဲ့အားကောင်းတာမလို့ ရွှံ့အုံတဲ့အနံ့အရသာမျိုးရအောင်ပါပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ချော်ရည်တွေသာဆက်အားကောင်းနေရင် ဂျပန်ဟာ ကျွန်းသစ်လေးတခုရပြီလို့ဆိုရမှာပါပဲ။
Crd-shwetoday
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
ေရေအာက္မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ကၽြန္းတစ္ကၽြန္း အခမဲ့ရရွိလိုက္တဲ့ဂ်ပန္

ဂ်ပန္နိုင္ငံေတာင္ပိုင္းမွာရွိတဲ့ မီးေတာင္ေပါက္ကြဲမႈတခုကေန ကၽြန္းအသစ္တကၽြန္းေပၚလာပါတယ္။ တိုက်ိဳၿမိဳ႕ကေန ၇၄၅မိုင္အကြာမွာ ေပၚလာတဲ့ကၽြန္းသစ္ဟာ ဂ်ပန္ေရပိုင္နက္ထဲမွာ ရွိေနတာေၾကာင့္ ဂ်ပန္ဟာ ေနရင္းထိုင္ရင္း ကၽြန္းသစ္တခုရလာခဲ့တာပါ။ ေပၚလာတဲ့ကၽြန္းသစ္ကို ခ်က္ခ်င္းဆိုသလို နာမည္ေပးခဲ့တာက နီဂ်ီမာ(Niijima)လို႔ပါ။ ျမန္မာလိုျပန္ရင္ေတာ့ ကၽြန္အသစ္လို႔ အမည္ရပါတယ္။

ဂ်ပန္မိုးဇလေအဂ်င္စီကေန တရားထုတ္ျပန္ထားတာကေတာ့ ကၽြန္းစေပၚလာတာက ဩဂုတ္လ ၁၃ရက္ေန႔မွာလို႔ဆိုပါတယ္။ ဆယ္စုႏွစ္တခုအတြင္း ပထမဆုံးေပၚလာတဲ့ ကၽြန္းသစ္လည္းဆိုနိုင္ပါတယ္။။ ေပၚလာခ်ိန္မွာတန္းမသိေသးဘဲ ႏွစ္ရက္ၾကာမွ ဂ်ပန္ကမ္းရိုးတန္းေစာင့္တပ္ဖြဲ႕ကေတြ႕ခဲ့ပါတယ္။ ကၽြန္းေလးရဲ့အခ်င္းက (ဝ.၆)မိုင္ပဲရွိပါတယ္။ နန္ပိုကၽြန္းစုေတြရဲ့ေျမာက္ဖက္စြန္းကေနဆိုရင္ ၃.၁မိုင္ပဲကြာလို႔ လူေနလို႔ရနိုင္ပါတယ္။ ကၽြန္းတကၽြန္းကိုေတာင္

ေပၚလာေစတဲ့မီးေတာင္ေပါက္ကြဲအားက ဘယ္ေလာက္ျပင္းလဲဆိုရင္ မီးေတာင္ေပါက္တုန္းက ေခ်ာ္ရည္ေတြဟာ အေနာက္ေျမာက္ဖက္ကို ၃ရမိုင္ေလာက္ထိေအာင္ စီဆင္းသြားေစတယ္လို႔ သိရပါတယ္။ လမ္းေတာက္ေလၽွာက္မွာရွိတဲ့ ကၽြန္းပိစိေလးေတကို တိုက္စားသြားလို႔ ျပာေတြဟာေလထဲပလူပ်ံေနပါတယ္။ ကၽြန္းေလးကေတာ့ ေခ်ာ္ရည္ပူေတြဘယ္ေလာက္ထိခံမလဲနဲ႔

ကၽြန္းမွာရွိတဲ့ေက်ာက္သားမာေက်ာမႈက သက္တမ္းကိုဆုံးျဖတ္ေပးသြားမယ္လို႔သိရပါတယ္။ တကယ္လို႔မီးေတာင္ကလည္း ဆက္ေပါက္ေနမယ္၊ ေခ်ာ္ရည္ေတြကလည္း ဆက္စီးေနမယ္ဆိုရင္ ကၽြန္းအသစ္ကရွိဖို႔မ်ားသြားပါၿပီ။ အေမရိကန္ ဘူမိေဗဒဆိုင္ရာ ေလ့လာေရးအဖြဲ႕ကေတာ့ မီးေတာင္ေခ်ာ္ရည္ေတြေအးသြားဖို႔ဆိုရင္ ပင္လယ္ထဲကို ဒီထပ္ျမန္ျမန္စီးဖို႔လိုတယ္လို႔ သုံးသပ္ထားပါတယ္။ ေခ်ာ္ရည္ပူေတြဟာ အပူမ်ားလြန္းတာေၾကာင့္

အထဲမွာ အပူေငြ႕နဲ႔ဆက္ေလာင္ကၽြမ္းေနတာေၾကာင့္မလို႔ပါ။ ျမင္သာေအာင္ျပရရင္ အိုက္စလန္မွာမီးေတာင္တခုေပါက္တုန္းက ကၽြန္းေပၚကလူတဦးဟာ ဒယ္ျပားနဲ႔အသားကင္သြားလုပ္စားဖူးပါတယ္။ မီးက အုပ္အုပ္ေလးနဲ႔အားေကာင္းတာမလို႔ ရႊံ့အုံတဲ့အနံ့အရသာမ်ိဳးရေအာင္ပါေပးစြမ္းနိုင္ပါတယ္။ ဒါေၾကာင့္ ေခ်ာ္ရည္ေတြသာဆက္အားေကာင္းေနရင္ ဂ်ပန္ဟာ ကၽြန္းသစ္ေလးတခုရၿပီလို႔ဆိုရမွာပါပဲ။
Crd-shwetoday
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။