ရေတံခွန်ကနေ ခုန်ချလို့မသေဘဲ လိမ္မော်ခွံနင်းမိပြီးတော့ ချော်လဲကာ သေခဲ့ရသူ

ရေတံခွန်ကနေ ခုန်ချလို့မသေဘဲ လိမ္မော်ခွံနင်းမိပြီးတော့ ချော်လဲကာ သေခဲ့ရသူ

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

Bobby Leach လို႔ အမည္ရတဲ့ပုဂၢိဳလ္ကေတာ့ အေမရိကန္မွာအျမင့္ဆုံး ေရတံခြန္ စာရင္းဝင္တဲ့ Niagara Falls ကေန ခုန္ခ်ျပခဲ့တဲ့ ကမာၻ႔ဒုတိယေျမာက္ပုဂၢိဳလ္ ျဖစ္ပါတယ္ေနာ္။

 

 

သူ႔အေရွ႕မွာေတာ့ (၁၉၀၀) ေက်ာ္က အမ်ိဳးသမီးတစ္ဦး ခုန္ခ်ခဲ့ဖူးၿပီးေတာ့ သူကေတာ့ (၁၉၁၁) ခုႏွစ္ ဇူလိုင္လမွာ စြန႔္စားခဲ့သူပါ။

ဘာအကာအရံပစၥည္းမွ မပါပဲ ခုန္ခ်တာေတာ့ မဟုတ္ပါဘူးေနာ္။ ပုံမွာျမင္ေတြ႕ေနရတဲ့အတိုင္း စည္ပိုင္းႀကီးထဲဝင္ၿပီးေတာ့ ခုန္ခ်ျခင္း ျဖစ္ပါတယ္။

 

 

Bobby Leach ရဲ႕ခႏၶာကိုယ္မွ အ႐ိုးမ်ားက်ိဳးၿပီးေဆး႐ုံမွာ ေျခာက္လၾကာေနထိုင္ၿပီးေတာ့ ကုသမႈ ခံယူခဲ့ရတာပါ။

သူဟာ Circus ေတြမွာ စတန႔္ Performer တစ္ဦးလည္း ျဖစ္ပါတယ္ေနာ္။စားေသာက္ဆိုင္ ပိုင္ရွင္တစ္ဦးျဖစ္ေပမယ့္ စြန႔္စားရတာ ဝါသနာပါသူတစ္ဦးမို႔ ျဖစ္ပါတယ္။

ေရတံခြန္ကေန ခုန္ခ်ၿပီးေတာ့ အျခားေသာ စြန႔္စားမႈေပါင္းမ်ားစြာကိုလည္းဆက္တိုက္ျပဳလုပ္ခဲ့ပါတယ္ေနာ္။

ေအာင္ျမင္မႈမ်ားရွိသလို က်ရႈံးမႈမ်ားလည္းရွိခဲ့တာပါ။ အသက္အႏၲရာယ္နဲ႔နီးတဲ့ လုပ္ေဆာင္ခ်က္မ်ားခ်ည္း ျပဳလုပ္ခဲ့တာပါ။

(၁၉၂၆) ခုႏွစ္မွာ သူဟာ နယူးဇီလန္ကို ခရီးသြားၿပီးေတာ့ အေပ်ာ္ခရီးေအးေအးခ်မ္းခ်မ္း သြားတဲ့အခ်ိန္မွာ လိေမၼာ္သီးရဲ႕အခြံကိုတက္နင္းမိလို႔

 

 

ေခ်ာ္လဲခဲ့တာပါ။ ေျခမနဲ႔ ေျခသန္းေတြမွာ ဒဏ္ရာ အနည္းငယ္သာရေပမယ့္လည္း ေရာဂါပိုးဝင္သြားခဲ့တာပါ။

ယင္းပိုးက ေျခေထာက္ကို ျဖတ္ပစ္ရတဲ့အထိ ဆိုး႐ြားၿပီးေတာ့ ေနာက္ဆုံးေတာ့ ဝမ္းနည္းစြာနဲ႔ပဲ အသက္ေပးခဲ့ရတာပါ။

ဒါေၾကာင့္မို႔ Bobby ဟာ စြန႔္စားမႈေတြလုပ္တုန္းက မေသပဲနဲ႔ လိေမၼာ္ခြံနဲ႔မွ ေသရတာေၾကာင့္ လူေျပာမ်ားတဲ့ ျဖစ္ရပ္ျဖစ္ခဲ့တာပါေနာ္။

Credit

Unicode

Bobby Leach လို့ အမည်ရတဲ့ပုဂ္ဂိုလ်ကတော့ အမေရိကန်မှာအမြင့်ဆုံး ရေတံခွန် စာရင်းဝင်တဲ့ Niagara Falls ကနေ ခုန်ချပြခဲ့တဲ့ ကမ္ဘာ့ဒုတိယမြောက်ပုဂ္ဂိုလ် ဖြစ်ပါတယ်နော်။

သူ့အရှေ့မှာတော့ (၁၉၀၀) ကျော်က အမျိုးသမီးတစ်ဦး ခုန်ချခဲ့ဖူးပြီးတော့ သူကတော့ (၁၉၁၁) ခုနှစ် ဇူလိုင်လမှာ စွန့်စားခဲ့သူပါ။

 

ဘာအကာအရံပစ္စည်းမှ မပါပဲ ခုန်ချတာတော့ မဟုတ်ပါဘူးနော်။ ပုံမှာမြင်တွေ့နေရတဲ့အတိုင်း စည်ပိုင်းကြီးထဲဝင်ပြီးတော့ ခုန်ချခြင်း ဖြစ်ပါတယ်။

Bobby Leach ရဲ့ခန္ဓာကိုယ်မှ အရိုးများကျိုးပြီးဆေးရုံမှာ ခြောက်လကြာနေထိုင်ပြီးတော့ ကုသမှု ခံယူခဲ့ရတာပါ။

သူဟာ Circus တွေမှာ စတန့် Performer တစ်ဦးလည်း ဖြစ်ပါတယ်နော်။စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးဖြစ်ပေမယ့် စွန့်စားရတာ ဝါသနာပါသူတစ်ဦးမို့ ဖြစ်ပါတယ်။

ရေတံခွန်ကနေ ခုန်ချပြီးတော့ အခြားသော စွန့်စားမှုပေါင်းများစွာကိုလည်းဆက်တိုက်ပြုလုပ်ခဲ့ပါတယ်နော်။

အောင်မြင်မှုများရှိသလို ကျရှုံးမှုများလည်းရှိခဲ့တာပါ။ အသက်အန္တရာယ်နဲ့နီးတဲ့ လုပ်ဆောင်ချက်များချည်း ပြုလုပ်ခဲ့တာပါ။

 

(၁၉၂၆) ခုနှစ်မှာ သူဟာ နယူးဇီလန်ကို ခရီးသွားပြီးတော့ အပျော်ခရီးအေးအေးချမ်းချမ်း သွားတဲ့အချိန်မှာ လိမ္မော်သီးရဲ့အခွံကိုတက်နင်းမိလို့

ချော်လဲခဲ့တာပါ။ ခြေမနဲ့ ခြေသန်းတွေမှာ ဒဏ်ရာ အနည်းငယ်သာရပေမယ့်လည်း ရောဂါပိုးဝင်သွားခဲ့တာပါ။

ယင်းပိုးက ခြေထောက်ကို ဖြတ်ပစ်ရတဲ့အထိ ဆိုးရွားပြီးတော့ နောက်ဆုံးတော့ ဝမ်းနည်းစွာနဲ့ပဲ အသက်ပေးခဲ့ရတာပါ။

ဒါကြောင့်မို့ Bobby ဟာ စွန့်စားမှုတွေလုပ်တုန်းက မသေပဲနဲ့ လိမ္မော်ခွံနဲ့မှ သေရတာကြောင့် လူပြောများတဲ့ ဖြစ်ရပ်ဖြစ်ခဲ့တာပါနော်။

Credit

Crd

arkarta