ရေခဲမုန့်ကြိုက်သူများ သတိထားပါ… ☣ တရုတ် မှာ ရေခဲမုန့်ထဲက ကိုဗစ် ၁၉ တွေ့

ရေခဲမုန့်ကြိုက်သူများ သတိထားပါ… ☣
တရုတ် မှာ ရေခဲမုန့်ထဲက ကိုဗစ် ၁၉ တွေ့
𝗖𝗵𝗶𝗻𝗮’𝘀 𝗧𝗶𝗮𝗻𝗷𝗶𝗻 𝗿𝗲𝗽𝗼𝗿𝘁𝘀 𝗰𝗼𝗿𝗼𝗻𝗮𝘃𝗶𝗿𝘂𝘀 𝗳𝗼𝘂𝗻𝗱 𝗼𝗻 𝗶𝗰𝗲 𝗰𝗿𝗲𝗮𝗺

တရုတ်ပြည် တီယန်ကျင်းမှာ ရှိတဲ့ Daqiaodao Food Co အစားအသောက်ကုမ္ပဏီ က ဝန်ထမ်းများကို ကိုဗစ် ၁၉ Positive တွေ့ရှိလို့၊ ထို အစားအသောက်ကုမ္ပဏီ ကို ပိတ်လိုက်ပြီး၊ ထိုဝန်ထမ်းများမှ ထုတ်တဲ့ ရေခဲမုန့်ဗူးပေါင်း ၂၉၀၀၀ ကျော်ကို ပြန်လည်သိမ်းဆည်းနေပါတယ်။ ထိုရေခဲမုန့်က တစ်ဆင့် ကိုဗစ် ကူးတယ် ဆိုတာတော့ မရှိသေးဘူးလို့ဆိုပါတယ်။

ထို ရေခဲမုန့်ကို နယူးဇီလန်က လာတဲ့ နို့မှုန့် နှင့် ယူကရိန်းကလာသော whey အမှုန့်များဖြင့် ပြုလုပ်ထားပါတယ်။ တာဝန်ရှိ ပညာရှင်များကတော့ ရေခဲမုန့်ထဲရှိ ကိုဗစ်ရှိနေခြင်းမှာ၊ ကိုဗစ်ဖြစ်နေသော လူနာမှ ကူးစက်လာခြင်း ဖြစ်နိုင်ကြောင်းနှင့် အစားအသောက်ကြောင့် ဖြစ်တာ မဟုတ်ဖူးလို့ ဆိုပါတယ်။ WHO ကလည်း သန့်သန့်ရှင်းရှင်း ပြုလုပ်ထုတ်လုပ်ထားတဲ့ အေးခဲ အစားအသောက်များမှ ကိုဗစ် ၁၉ ကူးနိုင်ခြေ မရှိလို့ ဆိုပါတယ်။

Cold Chain နှင့် ဆက်စပ်သော ပစ္စည်းများမှာ ကိုဗစ် ၁၉ တွေ့ရှိရလို့ အအေးခန်းကုန် သေတ္တာ များနှင့် ထည့်လာတဲ့ စားသုံးကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေတာကတော့ ကြာပါပြီ။ ဟီဘေ ပြည်နယ်မှာ ကိုဗစ် ၁၉ လူနာ ၇၂ ဦးထပ်ပြီး အသစ်တွေ့ရလို့၊ အစိုးရအနေဖြင့် အခန်းပေါင်း ၉၅၀၀ ရှိလာမည့် နောက်ထပ် ကျန်းမာရေးစောင့်ရှောက်မှု ဆေးရုံများကို အသစ်ထပ်ဆောက်နေပါတယ်။

ⓒⓐⓟⓣⓐⓘⓝ ⓦⓘⓝ
https://www.facebook.com/Captain-Win-446233612149362/
အောက်ပါ ref: link ကို မှီငြမ်း၍ ပြန်လည်တင်ပြပါတယ်။
https://www.channelnewsasia.com/…/china-tianjin-covid

zawgyi