ဘာဘူလေးကိုယ့်အားကိုယ်ကိုးပီ (ရုရှားအင်ဂျင်စနစ်ကို စွန့်ခွာဖို့ နီးစပ်သွားပြီဖြစ်သည့် အိန္ဒိယ)

ရုရှားအင်ဂျင်စနစ်ကို စွန့်ခွာဖို့ နီးစပ်သွားပြီဖြစ်သည့် အိန္ဒိယ

နိုင်ငံတကာ
အကွာအဝေး ၁၀၀၀ ကီလိုမီတာအထိ ရောက်ရှိနိုင်တဲ့ ပြည်တွင်းထုတ် Nirbhay Subsonic ခရုဇ်ဒုံးကျည် စမ်းသပ်မှုမှာ ယခင်က ရုရှားအင်ဂျင်စနစ်တွေကို အသုံးပြုနေပေမယ့်လည်း ယခုအခါမှာတော့ပြည်တွင်းထုတ် အင်ဂျင်စနစ်နဲ့ အောင်မြင်စွာ အစားထိုးတပ်ဆင်ပစ်ခတ်စမ်းသပ်
နိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

အဆိုပါစနစ်ကို အိန္ဒိယနာမည်ကျော် Defence Research and Development Organisation (DRDO)က အိုဒီရှားပြည်နယ် ချန်ဒီပူးမှာရှိတဲ့ စမ်းသပ်ရေးကွင်းမှာ ပစ်လွှတ်ခဲ့ကြတာပါ။ စမ်းသပ်ပစ်လွှတ်တဲ့ဒုံးကျည်စနစ်ဟာ၁၀၀ ကီလိုမီတာအကွာအဝေးကို ၁၅ မိနစ်ခန့်ပျံသန်းခဲ့တယ်လို့သိရှိရပါတယ်။

နျူကလီယားထိပ်ဖူးသယ်ဆောင်နိုင်တဲ့ ဒုံးကျည်စနစ်ဖြစ်ပြီး အလေးချိန်ထိပ်ဖူး ၃၀၀ ကီလိုဂရမ်
သယ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။ ပျံသန်းနှုန်း Mach 0.6 ကနေ 0.7 အထိ ရှိပြီး
ကီလိုမီတာ ၁၀၀၀ အကွာအဝေးကို ပစ်မှတ်ကို ပစ်ခတ်နိုင်ပါတယ်။

ထူးခြားတဲ့စွမ်းဆောင်ရည်က ပစ်လွှတ်မှုစနစ်ကို ဝေဟင်၊မြေပြင်နဲ့ ရေပြင်သာမက ရေအောက်မရွေးလို့လည်းသိရပါတယ်။
အလျား ၆ မီတာ၊ အနံ ၀.၅၂ မီတာ၊ တောင်ပံအလျား ၂.၇ မီတာရှိပြီး ၎င်းမှာတပ်ဆင်မယ့်ပြည်တွင်းထုတ်ဒုံးကျည်အင်ဂျင်စနစ်ဖြစ်တဲ့ Small Turbo Fan Engine (STFE) ကို Gas Turbine Research Establishment က တည်ဆောက်ပေးခဲ့တာပါ။

ပျံဝဲနိုင်တဲ့စွမ်းရည် ပျံသန်းနေစဉ်အတွင်း ရည်မှန်းချက် ပြောင်းလဲနိုင်စွမ်းနဲ့ ပျံသန်းမှုလမ်းကြောင်းတည့်မတ်ခြင်းတွေကိုလည်းစွမ်းဆောင်နိုင်ပါတယ်။
အဆင့် ၂ ဆင့်ပါဒုံးကျည်စနစ်ဖြစ်ပြီး ပထမအဆင့်က အခဲလောင်စာနဲ့ ဒုတိယအဆင့်ကတော့
အရည်လောင်စာပါ။

အချို့သော သတင်းပို့ချက်တွေအရ ပင်လယ်ပြင်အနိမ့်ပျံသန်းနိင်စွမ်းနဲ့ ရန်သူ့ရေဒါစနစ်တွေကနေ‌ရှောင်ကွင်းနိုင်စွမ်းရှိတယ်လို့လည်းဆိုပါတယ်။
အိန္ဒိယကျည်းတပ်ကို မလွှဲပြောင်းမီ နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်ဦးမယ်လို့တော့ဆိုပါတယ်။

ဖြစ်တည်လာရင်တော့ တရုတ်နဲ့တင်းမာနေတဲ့ Line of Actual Control (LAC)တစ်လျှောက်မှာ တပ်ဖြန့်ထားမှာဖြစ်တယ်လို့ဆိုပါတယ်။
စစ်ရေယာဉ်ကနေ စမ်းသပ်ပစ်လွှတ်မှုကိုတော့ ၂၀၂၃ ခုနှစ်မှာ စတင်ဆောင်ရွက်မှာဖြစ်သလို
ရေအောက်ပစ်ခတ်မှုကိုလည်း ၎င်းနှစ်အတွင်းမှာပဲ ဆောင်ရွက်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Ref-TNow
khekcaihmedia

zawgyi version


နိုင်ငံတကာ




အရည်လောင်စာပါ။



Ref-TNow
khekcaihmedia