ရုရှားသမ္မတပူတင်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သတိပေး – What’s Today


Post Views:
14

ရုရှားက ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ခဲ့မယ်ဆိုရင် တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရမှာ ဖြစ်ပြီး စီးပွားရေးအရ ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ပါ ရင်ဆိုင်ရမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးပြောကြားလိုက်ပါတယ်။…

ရုရှားက ယူကရိန်းကို နယ်မြေကျူးကျော်ခဲ့ရင် အမေရိကန်ရဲ့ ခြေလျင်တပ်တွေကို စေလွှတ်ဖို့ ရှိသလားဆိုတဲ့ မေးခွန်းကိုတော့ သမ္မတဘိုင်ဒင်က အစီအစဉ် မရှိသေးဘူးလို့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။…

ဒါပေမဲ့ လုံခြုံရေးလိုအပ်ချက်အရ အမေရိကန်နဲ့ နေတိုး မဟာမိတ်တပ်ဖွဲ့တွေဟာ အရှေ့ဘက်ကို တပ်တွေ စေလွှတ်ဖို့ လိုအပ်မယ်လို့ ပြောပါတယ်။…

ယူကရိန်း အရေးနဲ့ပတ်သက်လို့ ပူတင်ကို ရှင်းရှင်း လင်းလင်းပြောခဲ့တာက ခြေလှမ်းတွေ ဆက်တိုးနေမယ်ဆိုရင် ရုရှားစီးပွားရေးမှာ ဆိုးဆိုးရွားရွား၊ အလွန် ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှုတွေကြုံစေရမယ် ဆိုတာပါပဲလို့ သမ္မတ ဘိုင်ဒင်က ပပြောပါတယ်။….

သမ္မတ ဘိုင်ဒင်ဟာ အရင်တပတ်က သမ္မတ ပူတင်နဲ့ ၂ နာရီကြာအောင် တယ်လီဖုန်း စကား ပြောဆိုခဲ့ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်မယ်ဆိုရင် ကမ္ဘာမှာ ရုရှားရဲ့ နေရာဟာ သိသိသာသာ ပြောင်းလဲသွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။….

ဇော်ဂျီဖောင့်ဖြင့် ဖတ်ရန်

႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္သိမ္းပိုက္ခဲ့မယ္ဆိုရင္ တန္ဖိုးႀကီးႀကီး ျပန္ေပးဆပ္ရမွာ ျဖစ္ၿပီး စီးပြားေရးအရ ဆိုး႐ြားတဲ့အက်ိဳးဆက္ေတြနဲ႕ပါ ရင္ဆိုင္ရမယ္လို႔ ႐ုရွားသမၼတ ဗလာဒီမာပူတင္ကို အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က သတိေပးေျပာၾကားလိုက္ပါတယ္။…

႐ုရွားက ယူကရိန္းကို နယ္ေျမက်ဴးေက်ာ္ခဲ့ရင္ အေမရိကန္ရဲ႕ ေျခလ်င္တပ္ေတြကို ေစလႊတ္ဖို႔ ရွိသလားဆိုတဲ့ ေမးခြန္းကိုေတာ့ သမၼတဘိုင္ဒင္က အစီအစဥ္ မရွိေသးဘူးလို႔ ဒီဇင္ဘာ ၁၁ ရက္ေန႕မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။…

ဒါေပမဲ့ လုံၿခဳံေရးလိုအပ္ခ်က္အရ အေမရိကန္နဲ႕ ေနတိုး မဟာမိတ္တပ္ဖြဲ႕ေတြဟာ အေရွ႕ဘက္ကို တပ္ေတြ ေစလႊတ္ဖို႔ လိုအပ္မယ္လို႔ ေျပာပါတယ္။…

ယူကရိန္း အေရးနဲ႕ပတ္သက္လို႔ ပူတင္ကို ရွင္းရွင္း လင္းလင္းေျပာခဲ့တာက ေျခလွမ္းေတြ ဆက္တိုးေနမယ္ဆိုရင္ ႐ုရွားစီးပြားေရးမွာ ဆိုးဆိုး႐ြား႐ြား၊ အလြန္ ဆိုးဆိုး႐ြား႐ြား အက်ိဳးသက္ေရာက္မႈေတြႀကဳံေစရမယ္ ဆိုတာပါပဲလို႔ သမၼတ ဘိုင္ဒင္က ပေျပာပါတယ္။….

သမၼတ ဘိုင္ဒင္ဟာ အရင္တပတ္က သမၼတ ပူတင္နဲ႕ ၂ နာရီၾကာေအာင္ တယ္လီဖုန္း စကား ေျပာဆိုခဲ့ၿပီး ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္မယ္ဆိုရင္ ကမာၻမွာ ႐ုရွားရဲ႕ ေနရာဟာ သိသိသာသာ ေျပာင္းလဲသြားလိမ့္မယ္လို႔ သတိေပးခဲ့ပါတယ္။….

Crd