Post Views:
9
ရုရှားနဲ့ နည်းပညာ ပူးပေါင်းပြီး မြန်မာ့ပင်လယ်ပြင်မှ ငါး၊ ပုစွန်များကို ဖမ်းဆီးမည်..
မြန်မာ့ ပင်လယ်ပြင်မှ ငါး ၊ပုစွန် ဖမ်းဆီးတာကို ရုရှားနိုင်ငံက နည်းပညာများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်တာကို ရုရှားနိုင်ငံက သင်္ဘော ၁၆ စင်းနဲ့ မြန်မာ့ ပင်လယ်ပြင်မှာ လုပ်ဆောင်သွားမှာလို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ဆိုထားပါတယ်။
ဒီအစီစဉ်မှာဆိုရင် မြန်မာ့ပင်လယ်ပြင်ရှိ ငါး၊ ပုစွန် ဖမ်းဆီးနိုင်ဖို့ ကူညီထောက်ပံ့တာတွေအပြင်၊ ငါးသယံဇာတတည်ရှိမှုကို သုတေသနပြုမယ့်ကဏ္ဍနဲ့ အခြားသောကဏ္ဍတွေမှာလည်း မြန်မာ ရှရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ဖို့သဘောတူစာချုပ်ကိုပါ လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။
“လက်မှတ်ရေးထိုးပြီးပြီမို့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတွေကို မကြာမှီအကောင်အထည်ဖော်သွားမှာပါ။ မြန်မာ့ရေသယံဇာတဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနဲ့ ရုရှား နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတာပါ” လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတဦးက ပြောပါတယ်။
အထူးသဖြင့် ရေအောက် မီတာ ၂၀၀ မှာရှိတဲ့ ငါး၊ ပုစွန် တွေကိုဖမ်းဆီးနိုင်တဲ့ နည်းပညာတွေကိုရုရှားမှာဆွေးနွေးခဲ့ပြီးပြီမို့ မကြာမှီကာလမှာရုရှားကသင်္ဘော (၁၆) စင်းရောက်ရှိလာတော့မှာပါ။
ကမ္ဘာ့ငါးဖမ်းဆီးမှု အများဆုံးနိုင်ငံတွေအနက် မြန်မာနိုင်ငံဟာ ငါးဖမ်းဆီးမှုအဆင့် ၁၀ မှာရှိနေတာပါ။ သို့ပေမယ့် စက်ပစ္စည်းကိရိယာနဲ့ နည်းပညာလိုအပ်ချက်တွေကြောင့် ပင်လယ်ပြင်အောက် မီတာ ၁၀၀ အကွာအဝေးရှိ ငါး ၊ ပုစွန်တွေကိုပင် လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ချေ မရှိသေးပါဘူး။
အခုတော့ ရုရှားနိုင်ငံရဲ့ အထောက်အပံ့နဲ့ ပင်လယ်ပြင် မီတာ ၂၀၀ အောက်ရှိငါး၊ ပုစွန်တွေကိုပါ ဖမ်းနိုင်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ (MFN)
Crd