ရုရှားနဲ့မဟာမိတ်နိုင်ငံတွေကြားကဆက်ဆံရေးတွေကိုဝါရှင်တန်အနေနဲ့ဖိအားပေးပြီးခွဲခြားပစ်လို့မရဘူးလို့နိုင်ငံခြားဝန်ကြီးပြော

ရုရှားနဲ့ မဟာမိတ်နိုင်ငံတွေကြားက ဆက်ဆံရေးတွေကို ဝါရှင်တန်အနေနဲ့ ဖိအားပေးပြီး ခွဲခြားပစ်လို့မရဘူးလို့ နိုင်ငံခြားဝန်ကြီးပြော

အမေရီကန်ပြည်ထောင်စုရဲ့ ဖိအားပေးမှုတွေ၊ နေတိုးအဖွဲ့ရဲ့ အနာဂါတ်မတည်မငြိမ်မှုတွေကို ဖြစ်ပေါ်စေလင့်စကား နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွတ်မှုတွေကိုး တိုးမြှင့်လုပ်ဆောင်သွားဘို့ ဒီဇင်ဘာလနှောင်းပိုင်းက သဘောတူညီခဲ့ကြတယ်လို့ မနေ့က ရက်စွဲ(၃-၁-၂၀၂၀)နဲ့ Military Cognizanceက သတင်းရေးသားလိုက်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ တူရကီနိုင်ငံခြားရေးဝန်ကြီးက S-400တွေ ဝယ်ယူမှုနဲ့ပတ်သက်ပြီး အမေရီကန်ဘက်က ပိတ့်ဆို့အရေးယူမှုတွေကို တူရကီရဲ့ အချုပ်အချာအာဏာကို ဝန်ရောက်စွပ်ဖက်မှုအဖြစ် ခေါင်းစဉ်တပ်ကာ ရှုံ့ချပြောဆိုသွားခဲ့ပါတယ်။ အမေရီကန်ဘက်ကတော့ S-400လေကာစနစ်တွေကို ဝယ်ယူခဲ့မှုနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ရဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွတ်မှေုကို ထိခိုက်စေတယ်လို့ ခေါင်းစဉ်တပ်ကာ တူရကီအစိုးရတာဝန်ရှိသူလေးယောက်ကို အမည်ပျတ်စာရင်းသွင်းခဲ့သလို စီးပွားရေးပိတ်ဆို့မှုအချို့ကိုလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံခြားဝန်ကြီးကတော့ ဝါရှင်တန်ဘက်က ပေးလာတဲ့ ဖိအားတွေဟာ တူရကီအပါအဝင် ရုရှားရဲ့မိတ်ဆွေနိုင်ငံကြားက ဆက်ဆံရေးကို တားဆီးနိုင်မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ တူရကီအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အရေးအပါအဝင် မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ဆိုပ်ပရက်စ်အရေးတွေက ရုရှားနဲ့ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်ပေးခဲ့သလိုဖြစ်နေခဲ့ပါတယ်။ အဓိကကတော့ အီးယူနိုင်ငံတွေ အတော်များများက ဆိုပ်ပရက်စ်အရေးမှာ ဂရိဘက်ကို လိုလားတာတွေကြောင့်ဖြစ်ပါတယ်။ တူရကီဟာ S-400မဝယ်ယူမီက အမေရီကန်တိူ့ရဲ့ Patriotလေကြောင်းရန် ကာကွယ်ရေးတွေ ဝယ်ယူဘို့ရန်အတွက် ဆွေးနွေးခဲ့ကြသေးတယ်လို့ သိရှိရပါတယ်။

Credit – နိုင်ငံတကာရေးရာ သတင်း/ဆောင်းပါးများ
မောင်ဉာဏ်မင်း(ဆားလင်းကြီး)မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။