ရုရှားနိုင်ငံရဲ့အင်အားအကြီးဆုံးလက်နက်(၁၀)ခု

ရုရှားနိုင်ငံရဲ့အင်အားအကြီးဆုံးလက်နက်(၁၀)ခု

၁၀။တိုက်ပွဲသုံးစက်ရုပ်များ

ရုရှားနိုင်ငံဟာ စက်ရုပ်တီထွင်အသုံးချမှုနဲ့ မောင်းသူမဲ့လေယာဉ်တီထွင်မှု စတဲ့ပညာရပ်တွေကို  နှစ်ပေါင်းများစွာကြာအောင် စမ်းသပ်နေခဲ့တယ်ဆိုတာ မမှားပါဖူး။ အဲ့လိုစမ်းသပ်မှုတွေထဲကဥပမာတစ်ခုပေးရရင်တော့ ယူရန်(၉)လို့ခေါ်တဲ့ တိုက်ပွဲသုံးစက်ရုပ်ပါဘဲ။ အဲဒီအရာဟာ အခြေခံအားဖြင့် နည်းနည်းလေးမှလူထိန်းစရာမလိုအောင် တီထွင်ထားတဲ့ တင့်ကားတစ်မျိုးဖြစ်ပါတယ်။သူ့အမြင့်ကနဲနဲနိမ့်ပေမဲ့ သာမန်လူ့တရပ်စာထက်တော့ လက်မအနည်းငယ်ပိုရှည်လေ့ရှိတာပါ။

သူ့မှာ လက်နက်တပ်ဆင်နိုင်တဲ့နေရာလည်းပါရှိပါတယ်။ အဲဒီစက်ကို ပဲ့ထိန်းတပ်ဒုံး၊လေယာဉ်ပစ်ဒုံး၊စက်သေနတ်နှင့် (၃၀)မီလီမီတာအကွာအဝေးပစ် စက်အမြောက်စတဲ့ အမျိုးမျိုးသော စစ်လက်နက်ကိရိယာများနဲ့ တပ်ဆင်အသုံးပြုနိုင်တာပါ။အဲဒီစက်ဟာ ရန်သူတွေကိုထောက်လှမ်းဖို့ရှေ့ကနေလုပ်ပေးရတဲ့ မြေပြင်ပေါ်ကစစ်တပ်ကို အသက် အန္တရာယ်မဖြစ်အောင် ကူညီပစ်ခတ်ပေးဖို့ ရည်ရွယ်ပြီးပြုလုပ်ထားတယ်ဆိုလဲ မမှားပါဖူး။ ဒါဟာ စစ်သားတွေရဲ့ အသက်ကိုတောင်ကယ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီစက်ပုံစံမျိုးတချို့သောမူကွဲတွေဟာ ဒဏ်ရာရနေတဲ့စစ်သားတွေကို အခြေစိုက်စခန်းဆီကို သယ်ဆောင်ပေးဖို့ ဒီဇိုင်းရေးဆွဲထားလို့ပါပဲ။

၉။  SU(30)-အက်ရူ(၃၀)ဂျက်လေယာဉ်မျိုးရင်းများ

SU-30လို့ခေါ်တဲ့ ဂျက်လေယာဉ်အုပ်စုထဲမှာ SU-27၊ SU-30၊ SU-34 နဲ့ SU-35လို့ခေါ်တဲ့ ဆူခွိုင်း(Sukhoi)ကုမ္မဏီကထုတ်လုပ်လိုက်တဲ့ ဂျက်အမျိုးစားများစွာပါဝင်ပါတယ်။ ဒီဂျက်လေယာဉ်အမျိုးအစားတွေကတော့ ကမ္ဘာပေါ်မှာ အရမ်းကိုထင်ရှားတဲ့အရာတွေလို့ပြောရမှာပေါ့ရှင်။အခုဖော်ပြလိုက်တဲ့ဂျက်လေယာဉ်တွေအကုန်လုံးဟာ F-15 တိုက်လေယာဉ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့လုပ်ထားတဲ့ SU-27လို့ခေါ်တဲ့  ဂျက်လေယာဉ်ကိုအခြေခံပြီးပြုလုပ်ထားတာတွေပဲဖြစ်ကြပါတယ်။

အခုလက်ရှိဖော်ပြထားတဲ့ အမျိုးအစားတွေဖြစ်တဲ့ SU-30၊ 34 နဲ့ 35တို့ဟာ ရုရှားလေတပ်ရဲ့ အဓိမဏ္ဍိုင်တွေဖြစ်ပြီး သူတို့မှာ စစ်ပွဲအတွက် ဖြုံရလောက်တဲ့ စက်ပစ္စည်းတွေပါဝင်ကြတာပါ။ ဒီဂျက်လေယာဉ်တွေရဲ့ အဓိကအားသာချက်တွေက သူတို့ဟာ အစွမ်းကုန်လှုပ်ရှားမောင်းနင်နိုင်စွမ်းရှိခြင်း ရှည်လျားတဲ့ခရီးအကွာအဝေးကိုလည်းတော်တော်သွားနိုင်ခြင်း၊စတာတွေအပြင် လေးလံတဲ့ဝန်တွေကိုလည်းသယ်ဆောင်ပေးနိုင်တာအမှန်ပါဘဲ။SU-35ကတော့ SU-30လေယာဉ်ထက် ပိုဆန်းသစ်အောင်ဖန်တီးထားတဲ့ပုံစံတစ်မျိုးပါဘဲ။ ဒီတိုက်လေယာဉ်ကို ရေဒါနဲ့ဖမ်းရခက်အောင်လုပ်ထားတဲ့လေယာဉ်ကို စူးစမ်းရှာဖွေဖို့  လေယာဉ်ပုံစံထုတ်လုပ်မှု အီလက်ထရွန်နစ်ပညာနဲ့ရေဒါစနစ်၊ အာရုံခံကိရိယာ စတာတွေကို တပ်ဆင်ထားပါတယ်။ SU-34ကတော့ နည်းဗျူဟာမြောက်တဲ့ တာဝေးပြေး ဗုံးကြဲလေယာဉ်ဖြစ်ပြီးတော့ လေးလံတဲ့ဝန် (၁၂)တန်သယ်ဆောင်နိုင်ပြီး (၂၈၀၀)မိုင် အကွာအဝေးထိ ခရီးပေါက်လေ့ရှိတယ်လို့သိရပါတယ်။ အဲ့တာဟာ အပြင်ဘက်ကနေဘောင်သွင်းထားတဲ့ ပြွတ်သိပ်ကြပ်ညှပ်နေတဲ့ အချောင်းတွေနဲ့ အဆင့်မြင့်တင်ထားပြီးလျှပ်စစ်သံလိုက် အသံလှိုင်းနဲ့ပတ်သက်တဲ့ စစ်ပွဲကိုတိုက်ခိုက်နိုင်တဲ့ စွမ်းဆောင်ရည်ရှိတာတော့အမှန်ပါဘဲ။

၈။ T- 14  အာမတာ (Armata)တင့်ကား

 (၂၀၁၄) ခုနစ်မှာ မြေမြှုပ်ဗုံးတွေကို ကာကွယ်နိုင်တဲ့ အဆင့်မြင့် တင့်ကားအနေနဲ့(Armata)အာမာတာကို

စတင် မိတ်ဆက်ခဲ့ပါတယ်။မြေမြှုပ်ဗုံးကို ရှာဖွေနိုင်ပီး အလိုအလျောက် ဖျက်ဆီးနိုင်တဲ့ အာရုံခံကိရိယာတွေနဲ့ သူ့ရဲ့ နည်းပညာမြင့် အကာအကွယ်ကို တပ်ဆင်ထားတာပါ။မောင်းနှင်သူက အမြောက်တင်ဆုံလည်နဲ့ ကျည်သိုလှောင်ခန်းကနေ သီးသန့်ခွဲထုတ်ထားတဲ့ ကျည်ကာကိုယ်ထည်ထဲမှာထိုင်ပီး မောင်းနှင်နိုင်ပါမယ်။သူ့ရဲ့ အမြောက်တင် ဆုံလည်ကို‌တော့ အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်နိုင်ပြီးကားရဲ့ အပြင်ဖက်ကျည်ကာကလည်း ပြင်ပပေါက်ကွဲမှုတွေကနေ မောင်းသူကို ကာကွယ်ပေးထားနိုင်ပါတယ်ဆိုတာအမှန်ပါ။အခြားသောနိုင်ငံတွေရဲ့ တင့်ကား နည်းပညာနဲ့မတူတဲ့ ဒီတင့်ကားကရှေ့ရောက် နေတယ်ဆိုတာကိုတော့ သံသယဖြစ်စရာမရှိပါဖူး ပရိတ်သတ်ကြီးရေ။

၇။ ဂြိုဟ်တုဖျက်ဆီးရေးဒုံးကျည်

ပရိတ်သတ်ကြီးရေ ရုရှားတွေဟာ အမေရိကန်တွေရဲ့ ဂြိုလ်တုတွေကို ပစ်ချဖို့အတွက် ဒုံးလက်နက်စနစ်တစ်ခုကို ဖန်တီးခဲ့ကြတာပေါ့။လေထုထဲကို ထိုးဖောက်ပီး ဂြိုလ်ပတ်လမ်းထဲမှာရှိတဲ့ ပစ်မှတ်တွေကို ဖျက်စီးနိုင်စွမ်းရှိတဲ့ ဒုံးတွေနဲ့ အဲ့စနစ်ကို အသက်သွင်းထားတယ်ဆိုတာမမှားပါဖူး။သီအိုရီတွေ အရဆိုရင်တော့ အမေရိကန် ဂြိုလ်တုတွေဟာ GPS နည်းပညာအားနည်းမှုကြောင့်ဖြစ်တဲ့ ဆက်သွယ်ရေးစွမ်းရည် ကျဆင်းမှုတွေကြောင့် GPSရဲ့လမ်းညွှန်မှုသာမပါရင်လက်နက်ကောင်းစွာသယ်ယူနိုင်စွမ်းနဲ့ပတ်သက်တဲ့အဓိကအစိတ်အပိုင်းနဲ့ပတ်သက်တာတွေအပြင် အခြေခံအားဖြင့် အမေရိကန်စစ်တပ်ဟာ တိုက်ပွဲမှာ မဆုတ်သာ မတိုးသာတဲ့အခြေအနေနဲ့

တိုက်ပွဲကို ရင်ဆိုင်ရမှာ အမှန်ပါဘဲ။

၆။ ဆူခွိုင်းရဲ့ SU-57

ဆူခွိုင်းစက်ရုံကထုတ်လုပ်လိုက်တဲ့ ရေဒါနှင့်အဖမ်းရခက်အောင် နည်းပညာနဲ့ဖန်တီးထားတဲ့တိုက်လေယာဉ်တွေထဲက (၅)ဆက်မြောက်လေယာဉ်ကတော့ SU-57ပဲဖြစ်ပါတယ်။ အဲ့ဒီလေယာဉ်ကတော့လေထဲမှာရှိတဲ့ဟာတွေကိုအဓိကဦးစားပေးပစ်ဖို့

အခြေခံအားဖြင့် တခြားလေယာဉ်တွေကိုပစ်ခတ်ဖို့အတွက် ဒီဇိုင်းဆွဲထားတဲ့ လေယာဉ်ပါ။ အဲဒါကို  ရေဒါနဲ့အသံဖမ်းရခက်အောင်လုပ်တဲ့အဆင့်မြင့်ပညာနဲ့ ပြုလုပ်ထားပြီး အဲ့ဒါဟာ မြေပြင်ပေါ်မှာရှိတဲ့ပစ်မှတ်တွေကိုလည်းတိုက်ခိုက်နိုင်စွမ်းရှိတာအမှန်ပါဘဲ။တခြားတိုက်လေယာဉ်တွေလိုဘဲ သူ့ရဲ့ကောင်းကျိုးတွေထဲကတစ်ခုကတော့ ထိန်းရတာလွယ်ကူခြင်းပါဘဲ။သူဟာ လေထဲမှာရပ်တန့်နိုင်ပြီးတော့ UFOလိုရစ်ဝဲနိုင်တာတော့ သူ့ရဲ့ထူးခြားချက်ပါ။သူက လေကြောင်းထိပ်တိုက်တိုက်ပွဲတွေမှာလဲတော်တော်အသုံးဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလေယာဉ်ကပစ်လာတဲ့ဒုံးကျည်တွေကိုရှောင်တိမ်းပီး တခြားသော ရန်သူလေယာဉ်တွေကို ပစ်ခတ်ဖို့ အသင့်အနေအထားကို အလွယ်တကူလုပ်ဆောင်နိုင်လို့ဘဲဖြစ်ပါတယ်။ ဒီ(၅)ဆက်မြောက်အင်ဂျင်ဟာ ဖန်မျှင်ထည်လို့ခေါ်တဲ့ အစိတ်အပိုင်း တွေနဲ့ လေယာဉ်မှာရှိတဲ့(RCS)လို့ခေါ်တဲ့ရေဒါနဲ့ပတ်သက်တဲ့ပြောင်းလဲခြင်းအမျိုးမျိုးကို လျော့ချစေဖို့ ပြုလုပ်ထားတာပါ။ဒီဂျက်အင်ဂျင် ဟာ အကုန်ကျသက်သာပြီး ရဲ့ ကန်အားကို တိုးစေခြင်း၊လောင်စာ အကုန်နဲပြီး အချိန်တိုတိုနှင့်ခရီးရောက်စေခြင်းနဲ့ ရွေ့လျားနိုင်တဲ့အစိတ်အပိုင်းနည်းသွားခြင်း စတဲ့ အင်္ဂါရပ်တွေပါဝင်ပါတယ်။

၅။အသံရဲ့အမြန်နှုန်းထက်ငါးဆမြန်တဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်

ရုရှားဟာ ဟိုက်ပါဆောနစ်ဒုံးလက်နက်ကိုတီထွင်တဲ့နေရာမှာ အမေရိကန်ထက် အဆင့်(၄)ဆင့် ပိုသာနေတယ်ဆိုတာသိကြမှာပါ။ဇာကန်(Zircon)လို့ခေါ်တဲ့ သူတို့ရဲ့လက်နက်အသစ်ကို မကြာခင် မိတ်ဆက်ပါတော့မယ်။အဲဒီ ဒုံးကျည်ဟာ Mach-9 လို့ခေါ်တဲ့အသံရဲ့အမြန်နှုန်းထက်ငါးဆပိုများတဲ့ အမြန်နှုန်းနဲ့သွားနိုင်စွမ်းရှိပါတယ်။ အဲ့လိုအမြန်နှုန်းနဲ့သွားနေတဲ့ဒုံးကျည်ကို

ခြေရာခံပြီး လိုက်ဖျက်ဆီးဖို့ဆိုတာ အရမ်းကိုခက်ခဲပါလိမ့်မယ်။ ဟိုက်ပါဆောနစ်ဒုံးလက်နက်တွေကို နျူးကလီးယားဒုံးကျည်ရဲ့ ပေါက်ကွဲတတ်တဲ့ထိပ်ဖူးကို ကြားဖြတ်ပစ်ချတဲ့နေရာမှာ အသုံးပြုလို့ရနိုင်တယ်ဆိုတာကတော့အသေအချာပါဘဲ။ သူတို့ကိုယ်တိုင်ကလည်း နျူးကလီးယားလက်နက်တွေ တင်ဆောင်နိုင်ပါသေးတယ်။ ရုရှားလူမျိုးတွေက ဗုံးကြဲလေယာဥ်တွေနဲ့ ရေငုပ်သင်္ဘောတွေကို နျူးကလီးယားဒုံးကျည်တွေနဲ့ ဖောက်ခွဲဖို့ပြင်ဆင်နေကြတာပေါ့။ ယှဉ်ပြီးပြောရမယ်ဆိုရင်တော့ပရိတ်သတ်ကြီးရေ အမေရိကန်ကဟိုက်ပါဆောနစ်လက်နက်တွေကို ဘယ်နေရာမှာမှ ထိထိရောက်ရောက်အသုံးမချသေးပါဘူး။ သူတို့အများဆုံးလုပ်နိုင်တာကတော့ (၆)စက္ကန့်အတွင်း ဟိုက်ပါဆောနစ်အမြန်နှုန်းနဲ့ သွားနိုင်တဲ့ ဒုံးကျည်တစ်ခုရရှိဖို့ပါဘဲ။

၄။ရေဒါနှင့်ဖမ်းရခက်အောင်လုပ်ထားတဲ့ဗုံးကြဲလေယာဉ်

ရုရှားနိုင်ငံဟာ မဟာဗျူဟာမြောက်တဲ့ တာဝေးပစ်ဗုံးကြဲလေယာဉ်တွေကို အမေရိကန်ထက် ပိုပြီးပိုင်ဆိုင်တဲ့ တစ်ခုတည်းသောနိုင်ငံလို့ဆိုရပါမယ်။ရုရှားနိုင်ငံရှိ ဂျူပိုလက်ဗ်(Tupolev)လို့ခေါ်တဲ့ လေယာဉ်တွေလုပ်တဲ့ကုမ္မဏီဟာနောက်ထပ်တိုးတက်လာမဲ့လေယာဉ်ပုံစံအတွက်ရည်ရွယ်ပြီး ပက်ခ်ဒီအေ(PAK-DA)လို့ခေါ်တဲ့ မဟာဗျူဟာမြောက် ရေဒါနဲ့ဖမ်းရခက်အောင်လုပ်ထားတဲ့ဗုံးကြဲလေယာဉ် တည်ဆောက်ခဲ့ကြပြန်ပါတယ်။ တခြားသောလေယာဉ်တွေထဲမှာမှ ဒီလေယာဉ်ဟာ Kh-32လို့ခေါ်တဲ့ ကွန်ပျူတာပဲ့ထိန်းပါပြီးနိမ့်နိမ့်ပျံနိုင်တဲ့

နျူးကလီးယားဒုံးကျည်နဲ့ သင်ဘောတွေကိုပစ်တဲ့ဒုံးကျည် စတာတွေကို သယ်ဆောင်နိုင်စွမ်းရှိပြီး အမေရိကန်နိုင်ငံရဲ့ လေယာဉ်တွေတင်ဆောင်တဲ့ လေယာဥ်တင်သင်္ဘောတွေကို တိုက်ခိုက်ဖို့အတွက် အထူးဒီဇိုင်းဆွဲထားတဲ့လေယာဉ်လို့ပြောရမှာပါ။ အဲဒီလေယာဉ်ဟာ အသံလျင်နှုန်းအောက်လျော့နည်းပြီး အကွာအဝေးမိုင်ပေါင်း(၇၅၀၀)မိုင်သွားနိုင်ကာ တန်ချိန်(၃၀)လောက်လေးတဲ့ဝန်ကို တင် နိုင်တယ်ဆိုတာဟာအမှန်ပါဘဲ။ယခုအခါမှာရုရှားဟာ Tu-160M2လို့ခေါ်တဲ့ တာဝေးစူပါဆောနစ်ဗုံးကြဲလေယာဉ်ကိုအသုံးပြုနေတာဖြစ်ပါတယ်။

၃။ ICBMS-YARS

ပရိတ်သတ်ကြီးရေ..ရုရှားနိုင်ငံဟာ ကာလရှည်ကြာနေပြီဖြစ်တဲ့ နျူးကလီးယားလက်နက်နဲ့စစ်အေးတိုက်ပွဲကို YARS လို့ခေါ်တဲ့ တိုက်အချင်းချင်းကြား ပဲ့ထိန်းစနစ်နဲ့ လိုရာလမ်းကြောင်းအတိုင်းပစ်လွတ်ပြီး အလွတ်ပျံသန်းကျရောက်နိုင်တဲ့ ဒုံးအသစ်တီထွင်မှုတစ်ခုနဲ့ အဆင့်မြင့်တင်ခဲ့ပြန်ပါတယ်။ အဲဒီ(၇၅)ပေရှည်တဲ့ ဒုံးကျည်ဟာ ကီလိုတန်လေးတဲ့ ပေါက်ကွဲနိုင်တဲ့ထိပ်ဖူးနဲ့ ပစ်မှတ်ကိုချိန်ရွယ်နိုင်ပီးပြန်လည်သုံးနိုင်တဲ့ ယာဉ်နဲ့ သယ်ဆောင်နိုင်တာပါ။ အဲဒီ ICBMဟာ ဒုံးစက်ပစ်ကွင်းမိုင်ပေါင်း (၆၈၀၀)မှ (၇၅၀၀)ထိအကွာအဝေးကို ပစ်နိုင်ပါတယ်။ အတွင်းပိုင်းမှာ ဂြိုဟ်တုတွေနဲ့ ထိန်းချုပ်ထားတဲ့ အဲ့ဒီဒုံးကျည်တွေဟာ (၈၂၀)ပေထိတိကျနိုင်ပြီး Mach-20ရဲ့အမြန်နှုန်းထက် ပိုမြန်တဲ့နှုန်းရှိပါတယ်။

၂။ ရဆန်အမျိုးအစားရေငုပ်သင်္ဘော

ပရိတ်သတ်တို့ရေ..  အလေးချိန်ပေါင်း(၁၃၈၀၀)တန်လေးတဲ့ ရဆန်အမည်ရှိရေငုပ်သင်္ဘောဟာ ကမ္ဘာပေါ်မှာ အလေးဆုံးဖြစ်ပြီး လက်နက်အသုံးပြု တိုက်ခိုက်ရေး ရေငုပ်သင်္ဘောဆိုပြီး ကျော်ကြားလေ့ရှိပါတယ်။ အဲဒီသင်္ဘောမှာ ကွန်ပျူတာပဲ့ထိန်းစနစ်နဲ့ ဒေါင်လိုက်ဒုံးကျည်ပေါင်း (၄၀)နဲ့ တော်ပီဒိုပြွန်(၁၀)ခုကို တပ်ဆင်ထားတာပါ။ အဲ့ဒီရေငုပ်သင်္ဘောတွေမှာ လူ(၈၅)ယောက်ကောင်းကောင်းအလုပ်လုပ်နိုင်ပီ။ သူ့ရဲ့ အာရုံခံကိရိယာဟာ ကြီးမားလုံးဝန်းတဲ့ပုံရှိပြီး ယာဉ်ရဲ့ ဦးခန်းမှာ ဆိုနာလို့ခေါ်တဲ့  အသံလှိုင်းနဲ့ရေအောက်အရာဝတ္ထုတို့ရဲ့ တည်နေရာကိုရှာတဲ့ကိရိယာကိုတပ်ဆင်ထားပါတယ်။ ဒီရေငုပ်သင်္ဘောတွေဟာ နှစ်ပေါင်း(၃၀)ကြာတဲ့ထိအောင် လောင်စာဖြည့်စရာမလိုတဲ့ fourth generation နျူးကလီးယားဓာတ်ပေါင်းဖို တစ်ခုနဲ့ တပ်ဆင်ထားတဲ့ ရုရှားနိုင်ငံရဲ့ ပထမဆုံးသော ရေငုပ်သင်္ဘောကြီးလို့ဆိုရပါမယ်။

၁။ S-500 ဒုံးကျည်စနစ်

ရုရှားစစ်တပ်ဟာ နောက်ထပ်တိုးတက်ပြောင်းလဲမှုရဲ့ရှေ့ပြေးဖြစ်တဲ့S-500လို့ခေါ်တဲ့ မြေပြင်မှလေထဲကိုပစ်ရတဲ့ ဒုံးကျည်စနစ်ကို စမ်းသပ်စစ်ဆေးနေကြပါတယ်။ S-500ဒုံးကျည်တွေရဲ့ တုံ့ပြန်မှုအချိန်ဟာ (၉)စက္ကန့်ကနေ(၁၀)စက္ကန့်လောက်ကြာတဲ့ S-400ဒုံးကျည်တွေနဲ့ယှဉ်ရင် (၄)စက္ကန့်လောက်ပိုနည်း နေတာကိုတွေ့ရှိရမှာပါ။S-500ရဲ့ရေဒါစနစ်ဟာတစ်စက္ကန့်ကို(၃)မိုင်နှုန်းမှ

နောက်ဆုံးတစ်စက္ကန့်၄မိုင်ခွဲမြန်နူန်းပျံသန်းနေတဲ့ အသံထက်မြန်တဲ့ ပဲ့ထိန်းစနစ်နဲ့ဒုံး၁၀ခုကို တပြိုင်ထဲထောက်လုမ်းနိုင်ပါတယ်။ နောက်ပီး Mach-5သွားနှုန်းထက်မြင့်တဲ့ အသံထက်မြန်တဲ့ဒုံးကျည်တွေနဲ့ အာကာသယာဉ်တွေကို ဖျက်ဆီးနိုင်ပါသေးတယ်။ဒါကြောင့်..ပရိတ်သတ်ကြီးကရော ဘယ်စစ်လက်နက်က အားအကြီးဆုံးလို့ထင်လဲ?Commentထဲဖြေသွားပေးပါဦးနော်။ဖတ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။