ရုရှားက အသံထက်မြန်သော ဇာကွန် ဟိုက်ပါဆောနစ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်

ရုရှားနိုင်ငံက အသံထက် အဆပေါင်းများစွာ ပိုမြန်တဲ့ Zircon ဟိုက်ပါဆောနစ်ခရုစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

ရှရှား၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နှင့် တရုတ်နိုင်ငံတို့ဟာ အသံထက်ငါးဆကျော်မြန်သော ဟိုက်ပါဆောနစ်ဒုံးကျည်များကို ထုတ်လုပ်နိုင်ရေးအတွက် စမ်းသပ်ပစ်လွှတ်ပြီး ယှဉ်ပြိုင် ကြိုးပမ်းနေကြပါတယ်။

ရုရှားရဲ့ ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်မှုအဖြစ် Admiral Gorshkov စစ်သင်္ဘောမှ မီတာ ၄၀၀ အကွာအဝေး (မိုင် ၂၅၀ ခန့်) ရှိ ဘာရင်းပင်လယ်ထဲမှ ပစ်မှတ်တစ်ခုကို ပစ်ခတ်ခဲ့တာ အောင်မြင် ထိမှန်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ၀န်ကြီး ဌာနက ဆိုပါတယ်။

ရှရှားနိုင်ငံဟာ အဆိုပါ ဇာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်ကို ၎င်းတို့၏ စစ် သင်္ဘောများနှင့် ရေငုပ်သင်္ဘောများတွင် တပ်ဆင်သွားရန်အတွက် အကြိမ်ကြိမ်း စမ်းသပ်ပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။

ဒီလက်နက်သစ် တည်ဆောက်မှုကို သမ္မတပူတင်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ တုန်းက နိုင်ငံတော် အခြေပြ မိန့်ခွန်းတရပ်မှာ ထည့်သွင်း ပြောကြားခဲ့ပြီး

ဒီလက်နက်ဟာ အသံထက် ၉ ဆ မြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်ပြီး ကီလိုမီတာ ၁၀၀၀ အကွာအဝေးရှိ ပင်လယ်ပြင်နှင့် ကုန်းမြေရှိ မည်သည့်ပစ်မှတ်ကိုမဆို ပစ်ခတ်နိုင်မယ်လို့ ဆိုခဲ့ပါတယ်။

ဇူလိုင်လအတွင်းကလည်း တရုတ်နိုင်ငံက ဟိုက်ပါဆောနစ်ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါသေးတယ်။၎င်းနောက် ရုရှားနိုင်ငံ၏ နောက်ဆုံးပေါ် ဇာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်စမ်း သပ်ပစ်ခတ်မှုထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံက‌တော့ ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခြင်းမဟုတ်ဘဲ အာကာသယဉ်လွှတ်တင်ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အခုအချိန်ထိတော့ ရုရှားလို သင်္ဘောပေါ်ကနေ ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခြင်းကို ဘယ်ပြိုင်ဘက်နိုင်ငံကမှ စမ်းသပ်နိုင်ကြခြင်း မရှိသေးပါဘူး။

ZawGyi
ရုရှားက အသံထက်မြန်သော Zircon ဟိုက်ပါဆောနစ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်








