ရုရှားကလာအို၊သီရိလင်္ကာ၊ဗီယက်နမ်တို့အပါအဝင်ပူးပေါင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်…(မြန်မာ?)

ရုရှားက လာအို၊သီရိလင်္ကာ၊ ဗီယက်နမ်တို့အပါအဝင် ပူးပေါင်း စစ်ရေးလေ့ ကျင့်မှုပြုလုပ်မည်…(မြန်မာ?)

ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ယခုနှစ်တွင် ဗီယက်နမ်ကြည်းတပ်နှင့်အတူ လေ့ကျင့်ခန်းတစ်ခုပြုလုပ်လိမ့်မည်ဟု တရားဝင်အတည်ပြုပြောကြားခဲ့သည်။
ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ယခုနှစ် ၂၀၂၁ တွင်ဗီယက်နမ်နှင့် ပူးတွဲ လေ့ကျင့်ခန်း အပါအ၀င် နိုင်ငံခြားတိုင်းပြည်များနှင့် အပြည်ပြည်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှု ၆ ခုပြုလုပ်သွားမည်ဖြစ်ကြောင်း တရားဝင် အတည်ပြု ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အထူးသဖြင့် အယ်လ်ဂျီးရီးယား၊ အိန္ဒိယ၊ ပါကစ္စတန်၊ လာအို၊ ဗီယက်နမ်နှင့် သီရိလင်္ကာနိုင်ငံများနှင့် ဆောင်ရွက်မည်ဖြစ်သည်ဟု သိရှိရသည်။
ယခုအချိန်တွင် ရုရှားနှင့်ဗီယက်နမ်တို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်ခန်း သည် မည်သည့်နေရာတွင်ပြုလုပ်မည်နှင့် မည်သည့်လက်နက်များကို ဤလေ့ကျင့်ခန်းတွင် အသုံးပြုမည်ဆိုသည်မှာမူ သိရှိရခြင်းမရှိပေ။

သို့ရာတွင် ကမ္ဘာ့အင်အားအကောင်းဆုံး သံချပ်ကာ တပ်ဖွဲ့ဖြင့်တိုင်းပြည်နှင့် လေ့ကျင့်ခန်းများတွင်ပါ၀င်ရန် အခွင့်အလမ်းရှိခြင်းသည် ဗီယက်နမ် အား အဖိုးတန်သောအတွေ့အကြုံများစွာကို လေ့လာရန်ကူညီလိမ့်မည်ဟု ဆိုနိုင်သည်။
International Peace Research Institute ၏ အဆိုအရ ဗီယက်နမ်၌ ပင်မတိုက်ပွဲဝင်တင့်ကား ၄ မျိုးကို အသုံးပြုနေပြီး ခေတ်မီသည့်စနစ်အားဖြင့် အများစုသည် T-90S/SK စနစ်များဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါတင့်ကားပေါင်း ၆၄ စီးခန့်ပိုင်ဆိုင်ထား သည်ဟုဆိုသည်။ အဆိုပါစနစ်သည် ခေတ်မီတင့်ကားစနစ်ဖြစ်ပြီး ရုရှားတပ်မတော်၌ပင် များပြားစွာပိုင်ဆိုင်ထားခြင်းမရှိသေးပေ။
နောက်ထပ်အားဖြင့် T-62 ပင်မတိုက်ပွဲဝင်တင့်များရှိသလို ၎င်းသည်လည်း ဆိုဗီယက်မှဝယ်ယူထားခြင်းဖြစ်ပြီး ယနေ့တိုင်အသုံးချမှုထိရောက်နေ ဆဲဖြစ်သည်။ T-54/55 နှင့် Type-59 ဟူ၍ တရုတ်ထုတ်စနစ်များကိုလည်း အသုံးပြုလျက်ရှိနေပါသေးသည်။ သို့သော် အဆိုပါစနစ် ၂ မျိုးသည် ကွာဟ မှုရှိလှသည်တော့မဟုတ်ပေ။ လက်ရှိအချိန်တွင် T-54M တင့်ကားများကို အဆင့်မြှင့်တင်မှုပြုလုပ်နေပြီး၊ ပြီးစီးပါက ခေတ်မီစစ်ပွဲများတွင် အသက်ရှင် သန်းစွာဖြင့် တာဝန်ထမ်းဆောင်နို်ငမည်ဟု သိရှိရသည်။

Ref-DS
Myanmarnews24 မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

Zawgyi

ရုရှားက လာအို၊သီရိလင်္ကာ၊ ဗီယက်နမ်တို့အပါအဝင် ပူးပေါင်း စစ်ရေးလေ့ ကျင့်မှုပြုလုပ်မည်…(မြန်မာ?)

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယခုနှစ်တွင် ဗီယက်နမ်ကြည်းတပ်နှင့်အတူ လေ့ကျင့်ခန်းတစ်ခုပြုလုပ်လိမ့်မည်ဟု တရားဝင်အတည်ပြုပြောကြားခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယခုနှစ် ၂၀၂၁ တွင်ဗီယက်နမ်နှင့် ပူးတွဲ လေ့ကျင့်ခန်း အပါအဝင် နိုင်ငံခြားတိုင်းပြည်များနှင့် အပြည်ပြည်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှု ၆ ခုပြုလုပ်သွားမည်ဖြစ်ကြောင်း တရားဝင် အတည်ပြု ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အထူးသဖြင့် အယ်လ်ဂျီးရီးယား၊ အိန္ဒိယ၊ ပါကစ္စတန်၊ လာအို၊ ဗီယက်နမ်နှင့် သီရိလင်္ကာနိုင်ငံများနှင့် ဆောင်ရွက်မည်ဖြစ်သည်ဟု သိရှိရသည်။
ယခုအချိန်တွင် ရုရှားနှင့်ဗီယက်နမ်တို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်ခန်း သည် မည်သည့်နေရာတွင်ပြုလုပ်မည်နှင့် မည်သည့်လက်နက်များကို ဤလေ့ကျင့်ခန်းတွင် အသုံးပြုမည်ဆိုသည်မှာမူ သိရှိရခြင်းမရှိပေ။

သို့ရာတွင် ကမ္ဘာ့အင်အားအကောင်းဆုံး သံချပ်ကာ တပ်ဖွဲ့ဖြင့်တိုင်းပြည်နှင့် လေ့ကျင့်ခန်းများတွင်ပါဝင်ရန် အခွင့်အလမ်းရှိခြင်းသည် ဗီယက်နမ် အား အဖိုးတန်သောအတွေ့အကြုံများစွာကို လေ့လာရန်ကူညီလိမ့်မည်ဟု ဆိုနိုင်သည်။
International Peace Research Institute ၏ အဆိုအရ ဗီယက်နမ်၌ ပင်မတိုက်ပွဲဝင်တင့်ကား ၄ မျိုးကို အသုံးပြုနေပြီး ခေတ်မီသည့်စနစ်အားဖြင့် အများစုသည် T-90S/SK စနစ်များဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါတင့်ကားပေါင်း ၆၄ စီးခန့်ပိုင်ဆိုင်ထား သည်ဟုဆိုသည်။ အဆိုပါစနစ်သည် ခေတ်မီတင့်ကားစနစ်ဖြစ်ပြီး ရုရှားတပ်မတော်၌ပင် များပြားစွာပိုင်ဆိုင်ထားခြင်းမရှိသေးပေ။
နောက်ထပ်အားဖြင့် T-62 ပင်မတိုက်ပွဲဝင်တင့်များရှိသလို ၎င်းသည်လည်း ဆိုဗီယက်မှဝယ်ယူထားခြင်းဖြစ်ပြီး ယနေ့တိုင်အသုံးချမှုထိရောက်နေ ဆဲဖြစ်သည်။ T-54/55 နှင့် Type-59 ဟူ၍ တရုတ်ထုတ်စနစ်များကိုလည်း အသုံးပြုလျက်ရှိနေပါသေးသည်။ သို့သော် အဆိုပါစနစ် ၂ မျိုးသည် ကွာဟ မှုရှိလှသည်တော့မဟုတ်ပေ။ လက်ရှိအချိန်တွင် T-54M တင့်ကားများကို အဆင့်မြှင့်တင်မှုပြုလုပ်နေပြီး၊ ပြီးစီးပါက ခေတ်မီစစ်ပွဲများတွင် အသက်ရှင် သန်းစွာဖြင့် တာဝန်ထမ်းဆောင်နိုငမည်ဟု သိရှိရသည်။

Ref-DS
Myanmarnews24 မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။