ရုရွားနိုင္ငံ AK-47 ေသနတ္ကုမၸဏီ ကလက္ရၷီကာ့ဖ္ က လၽွပ္စစ္ကား ဒီဇိုင္း မူပိုင္ခြင့္ ရယူ

ရုရွားနိုင္ငံ AK-47 ေသနတ္ကုမၸဏီ ကလက္ရၷီကာ့ဖ္ က လၽွပ္စစ္ကား ဒီဇိုင္း မူပိုင္ခြင့္ ရယူ

႐ုရွားမွ နာမည္ေက်ာ္ AK-47 ေသနတ္ ထုတ္လုပ္တဲ့ ကလက္ရၷီကာ့ဖ္ Kalashnikov က လၽွပ္စစ္ကားဒီဇိုင္း ႏွစ္မ်ိဳး မူပိုင္ခြင့္ ရယူပါတယ္။မူပိုင္ခြင့္ ေလၽွာက္ထားတဲ့ စာရြက္စာတမ္းေတြမွာ ေဖာ္ျပထားတဲ့ ကားပုံေတြအရ

ကားတစ္မ်ိဳးက ေလးဘီးကား တံခါးေလးေပါက္နဲ႔ ေနာက္ဘက္မွာ အေပၚလွန္ဖြင့္တဲ့ အေပါက္ တို႔ပါၿပီး ေနာက္တစ္မ်ိဳးကေတာ့ သုံးဘီးကား ျဖစ္ပါတယ္။

သုံးဘီးကားက ေဘးႏွစ္ဘက္ အပြင့္ျဖစ္ပါတယ္။စာရြက္စာတမ္းမ်ားမွာ ေဖာ္ျပခ်က္အရ ေလးဘီးကားရဲ့အလ်ားက ၁၁ ေပ ၁ လက္မခြဲ ရွည္ပါတယ္။ အက်ယ္က ၄ ေပ ၁၁ လက္မ ရွိပါတယ္။

ကားအမိုး အျမင့္ဆုံးေနရာမွာ အျမင့္ ၅ ေပခြဲ ရွိပါတယ္။50kW ေမာ္တာတစ္လုံးျဖင့္ ေမာင္းႏွင္မွာ ျဖစ္ပါတယ္။ ယာဥ္အေလးခ်ိန္ ၆၅၀ ကီလိုဂရမ္ရွိၿပီး တစ္နာရီ ကီလိုမီတာ ၈၀ အထိ ေမာင္းႏွင္နိုင္ပါတယ္။

သုံးစြဲမယ့္ ဘက္ထရီအေၾကာင္းအရာ မေဖာ္ျပထားေပမဲ့ အားအျပည့္သြင္းၿပီး ခရီးတာ ၁၅၀ ကီလိုမီတာေတာ့ အနည္းဆုံး သြားနိုင္မယ္လို႔ ယူဆရပါတယ္။

ကားအတြင္းမွာ ေလေအးစက္၊ အပူေပးစက္၊ ဒစ္ဂ်စ္တယ္ပိုင္း ကိရိယာမ်ား၊ အင္ဖိုတိန္းမင့္ စခရင္ စတာေတြ ပါဝင္ပါတယ္။သုံးဘီးကားက ေရွ႕ဘီးႏွစ္ဘီးနဲ႔ ေနာက္ဘီး တသ္ဘီးပါတဲ့ အမ်ိဳးအစား ျဖစ္ပါတယ္။

ေရွ႕ျခမ္းက ေလးဘီးကားအတိုင္း ျဖစ္ၿပီး ကားကိုယ္ထည္က ေလးဘီးကားထက္ ပိုေသးပါတယ္။ ထိုင္ခုံ ႏွစ္ခုပဲ ပါတဲ့ ႏွစ္ေယာက္စီး ကားငယ္ ျဖစ္ပါတယ္။ အလ်ားလည္း တိုပါတယ္။အီးဗီ ထုတ္လုပ္မယ့္ အစီအစဥ္ကို ဖြင့္ဟ ေျပာၾကားျခင္း မရွိေသးပါဘူး။

Crd..automobiledirectory
👇Unicode👇

ရုရှားနိုင်ငံ AK-47 သေနတ်ကုမ္ပဏီ ကလက်ရ္နီကာ့ဖ် က လျှပ်စစ်ကား ဒီဇိုင်း မူပိုင်ခွင့် ရယူ

ရုရှားမှ နာမည်ကျော် AK-47 သေနတ် ထုတ်လုပ်တဲ့ ကလက်ရ္နီကာ့ဖ် Kalashnikov က လျှပ်စစ်ကားဒီဇိုင်း နှစ်မျိုး မူပိုင်ခွင့် ရယူပါတယ်။မူပိုင်ခွင့် လျှောက်ထားတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားတဲ့ ကားပုံတွေအရ

ကားတစ်မျိုးက လေးဘီးကား တံခါးလေးပေါက်နဲ့ နောက်ဘက်မှာ အပေါ်လှန်ဖွင့်တဲ့ အပေါက် တို့ပါပြီး နောက်တစ်မျိုးကတော့ သုံးဘီးကား ဖြစ်ပါတယ်။

သုံးဘီးကားက ဘေးနှစ်ဘက် အပွင့်ဖြစ်ပါတယ်။စာရွက်စာတမ်းများမှာ ဖော်ပြချက်အရ လေးဘီးကားရဲ့အလျားက ၁၁ ပေ ၁ လက်မခွဲ ရှည်ပါတယ်။ အကျယ်က ၄ ပေ ၁၁ လက်မ ရှိပါတယ်။

ကားအမိုး အမြင့်ဆုံးနေရာမှာ အမြင့် ၅ ပေခွဲ ရှိပါတယ်။50kW မော်တာတစ်လုံးဖြင့် မောင်းနှင်မှာ ဖြစ်ပါတယ်။ ယာဉ်အလေးချိန် ၆၅၀ ကီလိုဂရမ်ရှိပြီး တစ်နာရီ ကီလိုမီတာ ၈၀ အထိ မောင်းနှင်နိုင်ပါတယ်။

သုံးစွဲမယ့် ဘက်ထရီအကြောင်းအရာ မဖော်ပြထားပေမဲ့ အားအပြည့်သွင်းပြီး ခရီးတာ ၁၅၀ ကီလိုမီတာတော့ အနည်းဆုံး သွားနိုင်မယ်လို့ ယူဆရပါတယ်။

ကားအတွင်းမှာ လေအေးစက်၊ အပူပေးစက်၊ ဒစ်ဂျစ်တယ်ပိုင်း ကိရိယာများ၊ အင်ဖိုတိန်းမင့် စခရင် စတာတွေ ပါဝင်ပါတယ်။သုံးဘီးကားက ရှေ့ဘီးနှစ်ဘီးနဲ့ နောက်ဘီး တသ်ဘီးပါတဲ့ အမျိုးအစား ဖြစ်ပါတယ်။

ရှေ့ခြမ်းက လေးဘီးကားအတိုင်း ဖြစ်ပြီး ကားကိုယ်ထည်က လေးဘီးကားထက် ပိုသေးပါတယ်။ ထိုင်ခုံ နှစ်ခုပဲ ပါတဲ့ နှစ်ယောက်စီး ကားငယ် ဖြစ်ပါတယ်။ အလျားလည်း တိုပါတယ်။အီးဗီ ထုတ်လုပ်မယ့် အစီအစဉ်ကို ဖွင့်ဟ ပြောကြားခြင်း မရှိသေးပါဘူး။
Crd..automobiledirectory

Crd