
ရုရှားတင့်ကားများကို DT ဆိုင်ကယ်နဲ့ NLAW တင့်ကားဖျက်ဒုံး တွဲပြီး အမှည့်ချွေနေသည့် ယူကရိမ်းစစ်သည်များ… ( သုံးနေတဲ့ e-bike တွေကို Delfast ကုမ္ပဏီကပံ့ပိုးပေးတာပါ )
ယူကရိန်းစစ်သားတွေဟာ မော်တော်ဆိုင်ကယ်ကိုပြုပြင်ပြီး တင့်ကားဖျက်ဒုံးကျည်တွေတင်သွားကြသတဲ့။သူတို့သုံးနေတဲ့ e-bike တွေကို Delfast ကုမ္ပဏီကပံ့ပိုးပေးတာဖြစ်ပါတယ်။အဲ့ဒီအပေါ်မှာ NLAW တင့်ကားဖျက်ဒုံးတွေတင်သွားကြတာပါ။NLAWs (Next Generation Light Antitank Weapons) ဆိုတာ
မျိုးဆက်သစ်တင့်ဖျက်လက်နက်လို့အဓိပ္ပာယ်ရပါတယ်။ ယူကေနိုင်ငံက ယူကရိန်းကိုအဲ့ဒီ NLAW တွေထောင်နဲ့ချီပြီးပို့ပေးထားတာပါ။ NLAW ဒုံးကျည်က တင့်ကားရဲ့ဆုံလည်နဲ့ဘော်ဒီကြားပျော့ချက်ကို
ပစ်ခတ်နိုင်ပါတယ်။ပိုပြီး ကောင်းမွန်တဲ့အချက်က အဲ့ဒီ NLAW ဒုံးကို လူတစ်ယောက်တည်းနဲ့ပစ်နိုင်တဲ့အချက်ပါပဲ။ ဆိုင်ကယ်တစ်စီးနဲ့ရန်သူတင့်ကားလာမယ့်လမ်းကိုသွား။ ချောင်တစ်နေရာမှာ နေရာယူပြီးရင်ကွန်ပျူတာက ၉၅ ရာနှုန်းအလုပ်လုပ်ပေးသွားတာ။ ကျန်တဲ့ ၅
ရာနှုန်းပဲလူကလုပ်ရတာ။ ကွန်ပျူတာနဲ့ဆိုတော့ပိုပြီးတိကျတယ်။ ဒွမ်ကနဲဆိုတင့်ကားတစ်စီးပဲ။ တင့်ကားတစ်စီးဆိုတာနဲ့ ပူတင် ဒေါ်လာ ၁ သန်းကနေ ၄ သန်းကြားထွက်သွားပြီ။တကယ်တော့ DT လိုဆိုင်ကယ်တွေဟာ ပြောက်ကျားစစ်ပွဲမှာအရမ်းအသုံးဝင်တယ်။
ကျနော်တို့ General ဂိမ်းဆော့ရင် GLA ဆိုင်ကယ်တွေကအတော်ဒုက္ခပေးတာ။ Jarmen Kell ဆိုတဲ့အကောင်ကိုဆိုင်ကယ်ပေါ်တင်ပြီး ခွမ်ကနဲဆိုတင့်ကားမောင်းတဲ့ကောင်ကြွတာပါပဲ။အခုလည်းဂိမ်းထဲက နည်းစနစ်တွေအတိုင်း
ယူကရိန်းမှာပြောက်ကျားစစ်ကိုဆင်နွှဲလာတယ်လို့ပြောကြပါတယ်။
Crd..RichardMyoThant
ယူနီကုတ်
Crd..RichardMyoThant