ရုပ်ရှင်မင်းသမီးတစ်ဦးနဲ့ရုပ်ချင်းဆင်နေတာကြောင့် social media ပေါ်မှာ လူသိများလာခဲ့တဲ့ ဟင်းသီးဟင်းရွက်သည်မလေးတစ်ဦး






Zawgyi

ရုပ်ရှင်မင်းသမီးတစ်ဦးနဲ့ရုပ်ချင်းဆင်နေတာကြောင့် social media ပေါ်မှာ လူသိများလာခဲ့တဲ့ ဟင်းသီးဟင်းရွက်သည်မလေးတစ်ဦး


ဖိလစ်ပိုင်နိုင်ငံ Olongapo မြို့ ရှိ Gordon Heights မှ ဆွဲဆောင်မှုရှိတဲ့ ဟင်းသီးဟင်းရွက်ရောင်းချသူတစ်ဦးရဲ့ဓာတ်ပုံများကို Kami ang Batang Gapo ဆိုတဲ့ Facebook page က “ gulay girl ဒီကလေးမလေးက ချစ်စရာလေး ၊ သူက ဟင်းသီးဟင်းရွက်ရောင်းပေမဲ့ သဘောကောင်းပြီး ဖော်ရွေတယ် ၊

သူက ရုပ်ရှင်မင်းသမီးနဲ့မတူနေဘူးလား” ဆိုတဲ့ caption ဖြင့် ပြန်လည်မျှဝေပေးလိုက်ပြီးတဲ့နောက်မှာ ၎င်းဓာတ်ပုံများဟာ social media ပေါ်မှာ အတော်လေးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။Netizen များစွာက “ gulay girl ” လို့ခေါ်တဲ့အဆိုပါဟင်းသီးဟင်းရွက်သည်မလေးအား Filipina-American actress တစ်ဦးဖြစ်တဲ့ မင်းသမီး Liza Soberano နှင့်အလွန်ကို ရုပ်ချင်းဆင်တူတယ်လို့ ပြောဆိုနေခဲ့ကြပါတယ်။

သူမရဲ့ရုပ်ရည်က ချောမောလှပတဲ့အပြင် သူမဟာ အလုပ်ကြိုးစားပြီး သူမရဲ့အလုပ်ကို မြတ်နိုးဂုဏ်ယူစွာ လုပ်ကိုင်နေတဲ့အတွက်ကြောင့် netizen များစွာက သူမအား သဘောကျကာ ချီးကျူးခဲ့ကြပါတယ်။အချို့ကလည်း ယနေ့ခေတ်ကာလကြီးမှာ ရုပ်ပိုင်းဆိုင်ရာမှာဆွဲဆောင်မှုရှိတဲ့သူများဟာ အရာများစွာအား လွယ်လွယ်ကူကူရယူနိုင်ရန်အတွက် ၎င်းတို့ရဲ့အလှတရားကို အသုံးပြုလာတတ်ကြပေမဲ့ ဒီဟင်းသီးဟင်းရွက်သည်မလေးကတော့ အဲ့လိုတွေလုပ်ချင်ပုံမပေါက်နေသလို သူမရဲ့ရုပ်ရည်လေးက အမြဲကြည်လင်လန်းဆန်းနေမဲ့ပုံဘဲ လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

ထို့အပြင် သူမအား နာမည်ကြီးသွားအောင် မြေတောင်မြှောက်ပေးချင်နေကြသူများကတော့ အဆိုပါမိန်းကလေးရဲ့နေရပ်လိပ်စာအတိအကျကို မေးမြန်းခဲ့ကြပြီး သူမအတွက် fanbase ပါ ထောင်နိုင်ဖို့ပါ ကြိုးစားနေခဲ့ကြပါသေးတယ်။တစ်ကယ်လည်း သူမရဲ့ရုပ်ရည်အသွင်အပြင်က မင်းသမီး Liza Soberano ရဲ့ကိုယ်ပွါးလေးလို့ပါဘဲ ၊ အပြုံးချိုချိုလေးနဲ့ အသားအရေကလည်း ကြည်လင်နေပါတယ်။သူမရဲ့ဓာတ်ပုံတွေက social media ပေါ်မှာ ပိုမိုပျံ့နှံ့လာတာနဲ့အမျှ သူမလည်း တစ်ဖြည်းဖြည်းလူသိများလာနေအုံးမှာတော့ အမှန်ပါဘဲဗျာ။

Crd