ရုပ်ဆိုးသွားလွန်းတဲ့အမေရိကရဲ့ဒီမိုကရေစီကွန်ဂရက်စီးနင်းခံရခြင်းအပေါ်နိုင်ငံတကာဂယက်

ကွန်ဂရက် စီးနင်းခံရခြင်း အပေါ် နိုင်ငံတကာ ဂယက်

အမေရိကန်၏ ဖွဲ့စည်းပုံ နှင့် တာဝန်ခံယူမှု ဆိုသည့် နယ်နမိတ်မျဉ်း၏ ခိုင်မာမှု ရှိမရှိ ဆုံးဖြတ်မည့် ကွန်ဂရက်နှင့် သမ္မတ အကြား ဒုတိယ အကြိမ် ထိတ်တိုက်ရင်ဆိုင်မှုကြီးက တနင်္လာနေ့တွင် ထွက်ပေါ်လာဖွယ် ရှိနေပေသည်။

သို့သော် အမေရိကန်၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီ နှင့် ပတ်သက်ပြီး ဆရာလုပ်ခြင်း ခံနေရသော ကမ္ဘာတဝှမ်း ရှိ နိုင်ငံများကမူ ထရန့်၏ လှုံ့ဆော်မှုဖြင့် ကွန်ဂရက်အား လူအုပ်ကြီး ဝင်ရောက်စီးနင်းသည့်အထိ ဖြစ်ခဲ့ရမှုကို ဘုရားသခင်က ပေးသော လက်ဆောင်ကို မမျှော်လင့်ဘဲ ရရှိသည့်အလား ဝမ်းသာအားရ ပြောဆိုလျှက် ရှိနေကြသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကမ္ဘာတဝှမ်းရှိ ၎င်းတို့၏ သံရုံးများအား “ဇန်နဝါရီ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော လက်ခံနိုင်ဖွယ် မရှိသည့် ဖြစ်ရပ်များ” အပေါ် စာနာသည့် အနေဖြင့် လူသိရှင်ကြား ဝေဖန်ချက် တစုံတရာ မပေးရန် ညွှန်ကြားချက် ထုတ်ပြန်လာခဲ့သည်။ အချို့က မကျေမနပ် နှင့် စာများ ပြန်လှန်ရေးသား စောဒက တက်ကြသလို အချို့ကလည်း ရင်ဆိုင်ရဖွယ် ရှိနေသည့် မေးခွန်းများကို မည်သို့ မည်ပုံ တုန့်ပြန်ရမည် ကို အဖြေရှာလျှက် ရှိနေကြသည်။ ဖြေဆေး တရပ် အဖြစ် ထွက်ပေါ်လာသည်ကား “နိုင်ငံသားများ အနေဖြင့် ၎င်းတို့၏ ဒီမိုကရေစီ အခွင့်အရေးများကို ထုတ်ဖေါ်ရာတွင် မှန်ကန်သောနည်းလမ်း ရှိသလို မှားယွင်းသော နည်းလမ်းများ ကျင့်သုံးခဲ့ကြသည်” ဟူ၍ ဖြစ်သည်။

နိုင်ငံ၏ အထင်ကရ ဒီမိုကရေစီ ထောက်တိုင်ကြီး ဖြစ်သည့် ဥပဒေပြု လွှတ်တော်ကြီးတွင် ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်း အား “မှားယွင်းသော နည်းလမ်း” အဖြစ် ချေပလာခြင်းသည် သမားရိုးကျ ပြောရိုးပြောစဉ် တခုတော့ မဟုတ်ပေ။ ပြီးခဲ့သည့် ဆယ်စုနှစ်များ အတွင်း ခစ်ရှီနား (မော်ဒိုဗာ)၊ ဟောင်ကောင်၊ မော်စကို၊ တိုင်ပေ နှင့် တီဘလီစီ (ဂျော်ဂျီယာ) အစရှိသည် မြို့တော်ကြီးများရှိ လွှတ်တော်ကို ဒီမိုကရေစီ လိုလားသူများ ဝင်ရောက် စီးနင်းခံခဲ့ရမှုများ အပေါ် အမေရိကန် နိုင်ငံရေးသမားများက ကောင်းချီးဩဘာ ပေးခဲ့ကြသော ကြောင့်ပင်။

အထူးသဖြင့် တရုတ်တို့ဖက်မှ ၂၀၁၉ တွင် ဟောင်ကောင် ဥပဒေပြု လွှတ်တော် အား လူအုပ်ကြီး ဝင်ရောက် လာခဲ့မှု အပေါ် အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီ ပေါ်လိုစီ မှ “မြင်ရတာ အားရလိုက်တာ” ဟု ပြောဆိုခဲ့မှု အား ဝမ်းသာအားရ ဖြင့် လက်စားချေ ပြောဆိုနေကြသည်။ ကွန်ဂရက် သည် ဟောင်ကောင်ထက် အပျက်အစီး များပြီး ဟောင်ကောင်တွင် တဦးတယောက်မျှ သေဆုံးသည်အထိ မဖြစ်ခဲ့ကြောင်း၊ ဝါရှင်တန်တွင် ငါးယောက်ထိ ပင် သေဆုံးခဲ့ကြောင်း နှိုင်းယှဉ်ပြောဆိုနေကြသည်။ ဟောင်ကောင်ရှိ အစိုးရနှင့် သဘောကွဲသူများကမူ “မိမိတို့သည် ဒီမိုကရေစီ အရေး အတွက် ပြုလုပ်ခဲ့ကြခြင်းသာ ဖြစ်ပြီး အမေရိကန်လို လူထုဆန္ဒကို မှောက်လှန်ပြစ်ရန် အကြမ်းဖက်ခဲ့ကြခြင်းမျိုး နှင့် မတူကြောင်း” ချေပလာခဲ့ကြသည်။

ထရန့်၏ ဆိုရှယ်မီဒီယာ အကောင့်များအား ရာသက်ပန် ပိတ်ပင်ခံခဲ့ရမှု အပေါ်လည်း ဝေဖန်မှု များ ရှိလာခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဂလိုဘယ်တိုင်းမ် သတင်းစာကမူ အမေရိကန်တို့ ကိုယ်ကျင့်တရားပိုင်းတွင် လူတွင်ကျယ် လုပ်ခွင့် အပြီး အပိုင် ဆုံးရှုံးသွားပြီဟုပင် ရေးသားလာခဲ့သည်။

တရုတ်တို့နှင့် သံယောင်လိုက်ကာ တူရကီ သမ္မတကလည်း “ဒီမိုကရေစီ သိက္ခာကျမှုကြီး” ဟု ကင်ပွန်းတပ် ပြောဆိုခဲ့ပြန်ပြီး အီရန် သမ္မတကလည်း “အနောက်တိုင်း၏ ဒီမိုကရေစီ စနစ်သည် မည်မျှ အကဲဆတ်ပြီး အားနည်းနေသည်ကို ပြဆိုနေခြင်း” အဖြစ် ဝေဖန်လိုက်သည်။ ရုရှား သမ္မတ ပူတင်ကမူ ၎င်း၏ ဝမ်းတွင်းက ကြိတ်ဝမ်းသာနေမှုကို ဖုံးဖိနိုင်ခဲ့ပြီး အမေရိကန်၏ “ပြည်တွင်းရေး သက်သက်” ဟု မှတ်ချက်ချခဲ့သည်။ ဇင်ဘာဘွေ သမ္မတကမူ ၎င်းနိုင်ငံ အပေါ် စီးပွားရေး ဒဏ်ခတ်ခံထားရမှု အတွက် “အမေရိကန်တို့အဖို့ ဒီမိုကရေစီ ကို အကြောင်းပြပြီး အခြားနိုင်ငံတခု အပေါ် အပြစ်ပေးပိုင်ခွင့် ရှိသည် ဟူသော သိက္ခာပိုင်း ဆုံးရှုံးသွားပြီ” ဟု ဝေဖန်ခဲ့သည်။

ထရန့် ၏ မိတ်ဆွေရင်းချာများဟု သတ်မှတ်ခံထားရသည့် ကမ္ဘာခေါင်းဆောင် အချို့ကမူ ပါးစပ်ပိတ်နေမလား သို့တည်းမဟုတ် အတတ်နိုင်ဆုံး ခပ်ခွာခွာ နေမည်လား ကို ရွေးချယ်ရဖို့ ဖြစ်လာခဲ့သည်။ ဘရာဇီး သမ္မတက ထင်မြင်ချက် တစုံတရာ ပေးရန် ထပ်တလဲလဲ ငြင်းဆိုနေပြီး အိန္ဒိယ ဝန်ကြီးချုပ် ကမူ “တရားဥပဒေမဲ့” အဓိကရုဏ်း ကြီးအတွက် စိတ်မချမ်းမြေ့ ဖြစ်ရကြောင်းသာ ပြောဆိုခဲ့သည်။

ဩစတေးသျှ ကဲ့သို့ ဒီမိုကရေစီ နိုင်ငံများတွင်လည်း အတိုက်အခံတို့ က လက်ရှိ ခေါင်းဆောင်များမှ ထရန့် အပေါ် ရိုကျိုး ဖေါ်လံဖားခဲ့သည်ဟု စွပ်စွဲလိုသည့် သဘောဖြင့် ၎င်းတို့ ထရန့်နှင့် လက်ဆွဲနှုတ်ဆက် ဖက်လှဲတကင်း ရီမော နေကြပုံများကို ဆွဲထုတ်ကာ ကြော်ငြာလာကြသည်။ ထို့အတွက် ခပ်ခွာခွာ လုပ်မှရမည့် အဖြစ်အတွက် တခါက သူ့ကိုယ်သူ “ဗြိတိန်၏ ထရန့်” ဟု ကျေကျေနပ်နပ်ကြီး သုံးစွဲခဲ့ဖူးသော ဘောရစ် ဂျွန်ဆင်လည်း ကြောက်လန့်လာသဖြင့် အတတ်နိုင်ဆုံး ဝေ့လည်ကြောင်ပတ် ရှုတ်ချ ပြောဆိုလာနိုင်ခဲ့သည်။
“သမ္မတ တယောက် အနေဖြင့် လူများကို ကက်ပီတို အား ဝင်ရောက်စီးနင်းရန် အားပေးအားမြှောက်လုပ်ခဲ့မှု၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ရလဒ်အား လူထုမှ ယုံထင်ကြောင်ထင် ဖြစ်ရန် မဆုပ်မနစ် ကြိုးပမ်းခဲ့မှုများသည် လုံးဝ မှားယွင်းသော လုပ်ရပ် ဖြစ်သည်” ဟု ဆိုသည်။

အမေရိကန်၏ မိတ်ဆွေ ရင်းချာများ နှင့် မဟာမိတ်များကမူ ယခုမှပင် ထရန့်ခေတ် အပြီးအပိုင် အဆုံးသတ်သွားပေတော့မည် ဆိုကာ သက်ပြင်းချနိုင်လာခဲ့ကြသည်။ ပြီးခဲ့သည့် အပတ်က ဖြစ်ပွားခဲ့သော တုန်လှုပ်စရာ ဖြစ်ရပ်ကြီးကြောင့် ထရန့်သာမက ထရန့်ဝါဒ သည်လည်း ပြန်လည် ခေါင်းထောင် မလာနိုင်တော့သောကြောင့်ပင် ဖြစ်သည်။

သို့သော် ရေတိုတွင် ရင်ဆိုင်ရဖွယ် ရှိနေသည့် အန္တရာယ်များ အတွက်လည်း စိုးရိမ်ကြောင့်ကြနေပြန်သည်။ အမေရိကန်၏ ရန်သူများက လက်ရှိ အရေးအခင်းအပေါ် ဗျာများနေကြသည်ကို အခွင့်ကောင်းယူလာကြမည့် အရေးက ရှိနေသည်။ ဥပမာ အစ္စရေးက သိမ်းပိုက်နယ်မြေများတွင် လူနေအိမ်ခြေများ တိုးချဲ့လာနိုင်ခြင်း၊ ယူကရိန်းတွင် လှုပ်လှုပ်ရွရွ ပြန်ဖြစ်လာနိုင်ခြင်း၊ မြောက်ကိုရီယားက ဗုံးများ စမ်းသပ်ပစ်ခတ်လာနိုင်ခြင်း နှင့် တရုတ်က တောင်တရုတ်ပင်လယ်၊ တိုင်ဝမ်တို့ တွင် ရန်စကျူးကျော်မှုများ ပြုလုပ်လာနိုင်ခြင်းတို့ ကြောင့်ပင် ဖြစ်သည်။ တကမ္ဘာလုံးက ဝါရှင်တန်အား အာရုံစိုက်နေချိန် ဇန်နဝါရီ ၆ ရက်နေ့တွင် တရုတ်တို့က ဟောင်ကောင်ရှိ ဒီမိုကရေစီ လှုပ်ရှား တက်ကြွသူများကို လိုက်လံ ဖမ်းဆီးခဲ့ကြသည်။

ရေရှည် အတွက် အန္တရာယ် ရှိလာနေသည်မှာ အမေရိကန် ပုံရိပ်ပင် ဖြစ်သည်။ ကမ္ဘာတဝှမ်းမှ ၎င်းတို့၏ နိုင်ငံရေး စနစ်အပေါ် တရုတ်လို နိုင်ငံများနှင့် နှိုင်းစာလျှင် ပို၍ နှစ်သက်ဖွယ် ဆွဲဆောင်မှု ရှိနေသည့် အရေးကို ထိခိုက်လာနိုင်ပေသည်။ သို့သော် အကောင်းဖက်က ရှုမြင်သူများကမူ အမေရိကန်တို့သည် ဖြစ်ပေါ်လာသော ပြည်တွင်း တုန်ခါမှုကြီးအား အမြန်ဆုံး ကျော်လွှားနိုင်လိမ့်မည်ဟု ဝါတားဂိတ် အရေးအခင်း နှင့် နှိုင်းယှဉ် ထောက်ပြခဲ့ကြသည်။ ထိုစဉ်က သမ္မတ၏ မဟုတ်တရုတ် လုပ်ရပ်များအား လွတ်လပ်သော သတင်း စာနယ်စင်းများက ဖေါ်ထုတ်နိုင်ခွင့် ရှိနေခြင်း၊ သမ္မတအပေါ် စုံစမ်း စစ်ဆေးလာသည်များကို ပိတ်ပင်နိုင်ရန် ကြိုးပမ်းမှုများကို လက်သင့်မခံခဲ့ခြင်း နှင့် သူ၏ ပါတီသည်လည်း နောက်ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ရမှုများ ကို ထောက်ပြပြီး အမေရိကန် နိုင်ငံရေး စနစ်၏ ခိုင်မာစွာ တည်ရှိနေမှု များ အဖြစ် ကာကွယ်ပြော ဆိုလာခဲ့ကြသည်။
ယခု ဖြစ်ရပ်သည်လည်း ၎င်းတို့ ချီးမွမ်းခဲ့သည့် အခြားနိုင်ငံများရှိ ဥပဒေပြု လွှတ်တော်များကို ဝင်ရောက်စီး နင်းခဲ့သည့် ဖြစ်ရပ်များ နှင့် ကွာခြားနေပုံများကိုလည်း ထောက်ပြခဲ့ကြသည်။ အမေရိကန်တွင် ဖြစ်ပျက်ခဲ့မှု များသည် ဒီမိုကရေစီ လိုလားသူများ၏ လုပ်ရပ်မျိုး မဟုတ်ဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ရလဒ်ကို မှောက်လှန်ပြစ်ရန် ကြံစည်မှုသာ ဖြစ်သည်ဟု ဆိုသည်။

သို့သော် အမေရိကန်တွင် ဒီမိုကရေစီ လုပ်ငန်းများ ပျက်ပြားသွားလုနည်းပါး အထိ ဖြစ်သွားခဲ့ရမှုအပေါ် ဒီမိုကရေစီ မရရှိသေးသော နိုင်ငံများရှိ လူထုကမူ သဘောကျခဲ့ကြခြင်းတော့ မရှိပေ။ ဒီမိုကရေစီသည် ပြည်သူများ လိုလားသော အစိုးရမျိုး တင်မြှောက်နိုင်ခဲ့ခြင်းကို အာမခံနိုင်သည့် စနစ် ဖြစ်သည်ဟု အများက နားလည်ထားခဲ့ကြသည်။ လက်တွေ့တွင် အမေရိကန် နှင့် အနောက်ဥရောပ နိုင်ငံများ၌ ဖြစ်ပျက်နေသည်များကို ကြည့်ပြီး လူထုသည် ၎င်းတို့ ဆန့်ကျင်မဲပေးခဲ့ကြသည့် ပါတီ၏ အုပ်ချုပ်မှုကို နောက်ရွေးကောက်ပွဲ မရောက်မချင်း လက်ခံနေကြရသည့် အသွင် ဆောင်လာခဲ့သည်။

ထို့အတွက် ၁၉၈၁ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် သမ္မတ ရော်နယ် ရီဂင်မှ ငြိမ်းချမ်းစွာ အာဏာလွှဲ ပြောင်းရယူ နိုင်ခဲ့သည်ကိုပင် ဖြစ်ရိုးဖြစ်စဉ် သဘောမျိုး မဟုတ်ဘဲ “အံ့ဩဖွယ်ရာ ဖြစ်ရပ်တခုထက် မလျော့နည်းခဲ့” ဟု ပြောဆို ချီးမွမ်းခဲ့ဖူးပေသည်။ အမေရိကန် အများစုက အံဖွယ် ဖြစ်ရပ်ကို တန်ဖိုးထားရကောင်းမှန်း မသိလျှင် ထိုတန်ဖိုးများကို ကမ္ဘာတဝှမ်းတွင် လိုက်လံဟောပြောဖို့ ခက်ခဲ လာမည်ကတော့ အမှန်ပင် ဖြစ်သည်။
ပုံတွင် သမ္မတ ထရန့်မှ အိမ်ဖြူတော်ရှေ့ စုဝေးရောက်ရှိလာကြသည့် အင်အား ၈,၀၀၀ ခန့် ရှိသော လူအုပ်ကြီးအား တနာရီခန့် ကြာအောင် Storm the Congress မိန့်ခွန်းအား ပြောကြားနေသည်ကို တွေ့နိုင်ပေသည်။

(၂၀၂၁ ဇန်နဝါရီ ၉ ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်း၏ “The Capitol riot is Godsend for America’s critics” ဆောင်းပါးကို ပြန်ဆိုသည်)
Hla Soewai မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi