ရန်သူတွေအတွက်အိမ်မက်ဆိုးနောက်မျိုးဆက်သစ်ရဟတ်ယာဉ်ထွက်ပေါ်လာခဲ့ပီ

USစစ်တပ်ဟာ အားနည်းချက်ရှိတဲ့ UH 60 Blackhawk (ဘလက်ဟော့)အစား တခြား ဒီဇိုင်းကို အသုံးပြုနိုင်ဖို့မျှော်လင့်နေကြပြီး 2030ခုနှစ်မှာ အပြည့်အဝ ထုတ်လုပ်ဖို့ စီစဉ်နေကြပါတယ်၊ ဒါပေမယ့် အထူးတပ်ဖွဲ့ရဲ့ တပ်မှူးကတော့ စစ်လေယာဉ်တွေအတွက် အစားထိုးအနေနဲ့ CV 22 Osprey (အော့စပရေး)ကို သုံးဖို့ စိတ်မဝင်စားဘူးလို့ပြောပါတယ်၊

စစ်တပ်ခေတ်မီနည်းပညာအဖွဲ့ကနေပြီး sikorsky Boeing SB1 (စကော်စကီ)ဟယ်လီကော်ပတာနဲ့ Bell Tetron(တက်ထရွန်) V280 valor (ဗေလာ)tilt rotor (တစ်ဒ် ရိုတာ)ဟယ်လီကော်ပတာ ကို စမ်းသပ်နေပေမယ့် အကယ်၍ စစ်တပ်က tilt rotor(တစ်ဒ် ရိုတာ) V 280 ကို ရွေးချယ်ခဲ့ရင်တောင် CV 22 လေယာဉ်နေရာမှာ အစားထိုးဖို့အထိ အဆင့်မမှီဘူးလို့ တပ်မှူး လူတန်းနမ့်စ် ဂျိန်းစလိုက်ဖ် ကပြောပါတယ်၊ V 22ကို အသုံးပြုဖို့အချိန်ရောက်ခဲ့ရင် ကျွန်တော်တို့ဟာ ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေရှာဖို့လိုအပ်ပါလိမ့်မယ်လို့လည်း စလိုက်ဖ်ကပြောထားပါသေးတယ်၊

sikorsky Boeing SB1
V280 valor

AFSOC ကတော့ ‌တိုက်လေယာဉ်တွေကို အရှိန်နှုန်း အဆင့်မြင့်တင်မှုတွေပြုလုပ်ပြီး ယုံကြည်စိတ်ချစွာ အသုံးချနိုင်ဖို့ စီစဉ်နေကြပါတယ်၊ US ရဲ့ အထူးစစ်တပ်အဖွဲ့ဟာ ဒီဇိုင်းသစ် FLRAA ကို ရွေးချယ်အသုံးပြုဖို့စိတ်ဝင်စားနေကြပြီး SOCOM (ဆိုကွန်)က စစ်တပ်ရဲ့ လေယာဉ်ထုတ်လုပ်မှုမှာ ရင်းနှီးမြုပ်နှံထားပါတယ်၊ ကျွန်တော်တို့ဟာ V 22 နေရာ အစားထိုးသုံးဖို့အတွက် နည်းပညာအသစ်တွေလည်း ထပ်မံရှာဖွေဖို့လိုအပ်ပါတယ်လို့ စလိုက်ဖ်ကပြောပါတယ်၊နည်းပညာပိုင်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်တွေရှိတဲ့အပြင် Drive System အချက်အလက်တွေပါရှိနေသေးတာကြောင့် ကျွန်တော့တို့အားလုံး လက်ရှိအသုံးချထားတဲ့ နည်းပညာပိုင်းကို တဆင့်မြင့်တင်နိုင်ပါလိမ့်မယ်၊ ဥပမာ တိုက်လေယာဉ်တွေကို အရှိန်နှုန်းမြင့်တင်ပေးနိုင်တဲ့ ကိစ္စမျိုးပေါ့၊ Bell V 280 rotor လေယာဉ်ဟာဆိုရင် Bell နဲ့ LockHeed Martin (လော့ဒ်ဟိမာတင်)တို့က စစ်တပ် အသုံးပြုဖို့ ဆောင်ရွက်ပေးထားတဲ့ FVL Program 2 ဖြစ်ပါတယ်၊

ဒီလေယာဉ်ကိုတော့ 2013ခုနှစ်မှာ တရားဝင် ပွဲထုတ်ခဲ့ပြီး အမေရိကန် AAA အဖွဲ့ကလည်း ဆွေးနွေးပွဲတွေပြုလုပ်ကြပါတယ်၊ တခြားလေယာဉ်တွေမတည်ဆောက်ခင် လေတပ်ကနောက်ဆုံးအဆင့် စီမံချက်တွေလဲ ချမှတ်ကြပါတယ်၊ Bell နဲ့ Sikorsky (စကော်စကီ)ဟယ်လီကော်ပတာ‌ေတွကို တည်ဆောက်ဖို့ တခုနဲ့တခု ယှဉ်ကြည့်ပြီးလိုအပ်တဲ့နည်းပညာတွေဖြည့်စွက်အသုံးပြုဖို့စိစစ်ကြည့်ရပါတယ်၊ Bell V280 rotorကိုတော့ လွန်ခဲ့တဲ့ သုံးနှစ်ကစတင် ပျံသန်းခွင့်ပြုခဲ့ပြီး Sikorsky နဲ့ Boeing SB1ဟယ်လီကော်ပတာကတော့ Bell နဲ့ LockHeed Martin(လော့ဒ်ဂိမာတင်)တို့က ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်၊ Bellကတော့ 360 Invictus(အင်ဗစ်တပ်စ်) အမျိုးအစားဖြစ်ပြီး Martinကတော့ Raider X (ရေဒါ X) အမျိုးအစားဖြစ်ပါတယ်၊ နောက်ဆုံး အနိုင်ရတဲ့အမျိုးအစားတစ်ခုကိုရွေးချယ်ပြီး ထုတ်လုပ်မှာဖြစ်ပါတယ်၊အနိုင်ရသူနဲ့ စာချုပ်ချုပ်ဆိုပြိး Blackhawk (ဘလက်ဟော့ဒ်)အမျိုးအစားကို ထပ်မံထုတ်လုပ်ပါလိမ့်မယ်၊ အဆင့်မြင့်တင်ထားတဲ့ လေယာဉ်တွေဟာ အရှိန်နှုန်းတွေမြင့်လာပြီး လည်ပတ်နိုင်စေဖို့rotorနှစ်လုံးပါရှိတဲ့အပြင် သူ့ကို Defiant X (ဒဖိုင်းယန့်စ်)လို့ခေါ်ပါတယ်၊

တခြားပြိုင်ဘက်ကတော့ Bellဖြစ်ပြီး သူရဲ့ လေယာဉ်ကတော့ V 280 Rotor ဖြစ်ပါတယ်၊ ပျံသန်းတဲ့ မှတ်တမ်းတွေကိုတော့ တရားဝင်ချပြထားခြင်းမျိုးမရှိပေမယ့်2017လောက်ကစပြီး မောင်းနှင်ပျံသန်းခဲ့တာဖြစ်ပါတယ်၊ ဒီလေယာဉ်ဟာ Defiant X(ဒဖိုင်းယန့်စ်) ကို ချည်းကပ်ဖို့အလွန်ခက်ခဲပြီး သူရဲ့အမျိုးအစားဟာ tilt Rotorအမျိုးအစားလို့သိရပါတယ်၊ tilt rotorအမျိုးအစားဟာ တောင်ပံမှာ အင်ဂျင် တခုဆီပါပြီး လေယာဉ် ပျံသန်းတာ ၊မြေပြင်ဆင်းသက်တာတွေအတွက် တွန်းအားကိုထောက်ပံ့ပေးပါတယ်၊ အခု လေပန်ကာ အကြီးကြီးနှစ်ခုနဲ့ ‌ပျံသန်းနေတဲ့လေယာဉ်ကိုမြင်ယောင်ကြည့်လိုက်ပါ၊ ဒလက်တွေဟာမြေပြက်နဲ့ထောင့်မှန်ကျတည်ရှိနေပြီး လေယာဉ်မှူးကပျံသန်းချင်ရင်ဒါမှမဟုတ် ဆင်းသက်ချင်တဲ့အခါမှာဆိုရင် ဒလက်တွေဟာ ဟယ်လီကော်ပတာလိုဒေါင်လိုက်ဖြစ်နေပါတယ်၊

လည်ပတ်နေတဲ့ ဒလက်တွေဟာ မြေပြင်နဲ့ အပြိုင်ဖြစ်နေခဲ့ရင် ဒါဟာ ပိုမိုကောင်းမွန်တဲ့ လေယာဉ်ထုတ်လုပ်မှု နည်းစနစ်အသစ်တခုပဲဖြစ်ပါတယ်၊ V280 ဟာ အရှိန် 300knotsသို့မဟုတ် တနာရီ မိုင်ပေါင်း435 မိုင်အထိပျံသန်းနိုင်ပါတယ်၊ Blackhawk (ဘလက်ဟော့)ကတော့ သူ့ထက်တဝက်လောက်ပိုမြန်တာကြောင့်ဟယ်လီကော်ပတာလို အမြန်ဆုံးပျံသန်းနိုင်ပြီး အလိုရှိသလို ဆင်းသက်နိုင်ပါတယ်၊ လက်တလော မှတ်တမ်းတင်ထားတဲ့ Bellရဲ့ လေယာဉ် သရုပ်ပြဗီဒီယိုမှာဆိုရင် V280ဟာ တော်တော်လေးကို ပေါ့ပေါ့ပါးပါးဖြစ်တာကိုတွေ့ရတယ်လို့ V 280 Valorနဲ့ V 22 Ospreyဆို့ကိုစမ်းသပ်မောင်းနှင်တဲ့ အရာရှိလေယာဉ်မှူးကပြောပြပါတယ်၊

V 22 Osprey

Valor (ဗေလာ )နဲ့ Osprey (အော့စပရေး)တို့ရဲ့ ခြားနား‌ချက်တွေကတော့ valorဟာ အင်ဂျင်နှစ်လုံးပါရှိပြီး Rotorကနေ စွမ်းအင်ထုတ်တဲ့အခါ ထိုအင်ဂျင်တွေဟာ ပုံစံပြောင်းလဲရွေ့လျားတာမျိုးမရှိပါဘူး၊ V22ကတော့ rotor ဆုံလည်နဲ့သာ လည်ပတ်ပြီး သူ့ရဲ့ rotorနှစ်ခုသာ စွမ်းအင်နည်းသွားရင် ဘယ်လိုအန္တရာယ်ကြုံရမလဲဆိုတာအသိအသာပါပဲ၊ ကံကောင်းတာကတော့ ဒီလေယာဉ်ဟာ အင်ဂျင်နှစ်လုံးကနေ rotorကိုစွမ်းအင်ထောက်ပံ့နိုင်ပါတယ်၊ ဥပမာ တခြားလေယာဉ်တွေကတော့ စီးပွားရေးသုံးလေယာဉ်တွေဟာ အင်ဂျင်တလုံးပျက်ဆီးခဲ့ရင် တခြားကနေ စွမ်းအင်အထောက်အပဲ့ရဖို့ခက်ခဲပါတယ်၊ ဒါပေမယ့်Bell ဟာ V280အတွက် တခြား လုံခြုံရေးစနစ်ကိုလဲ တပ်ဆင်ပေးထားတယ်လို့ Hanger (ဟန်ဂါ)ကပြောထားပြီး သူဟာ ဟယ်လီကော်ပတာ တွေကို နှိုင်းယှဉ်လေ့လာလေ့ရှိပါတယ်၊
writer:Evelyn

Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
သတိပေးကြေညာချက်
Arkarta website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။ကူးယူခြင်းတွေ့ရှိပါက Facebook instant articleသို့မဟုတ်Google Adsense monetization ဖြုတ်ခံရတဲ့အထိReportတင်မှာပါ။တခြားဟာများလဲတွေ့ရှိပါကအထက်ပါအတိုင်းလုပ်မှာပါ။တခြားနေရာများနှင့်Facebook pageသို့မဟုတ်ကိုယ်ပိုင်Profileမှာလဲကူးယူဖေါ်ပြခွင့်မပြုပါဘူး။မိတ်ဆွေတို့စိတ်ကြိုက်တိုက်ရိုက်share ခြင်းဖြင့်သာကူညီကြပါခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team

zawgyi



ဒီလေယာဉ်ကိုတော့ 2013ခုနှစ်မှာ တရားဝင် ပွဲထုတ်ခဲ့ပြီး အမေရိကန် AAA အဖွဲ့ကလည်း ဆွေးနွေးပွဲတွေပြုလုပ်ကြပါတယ်၊ တခြားလေယာဉ်တွေမတည်ဆောက်ခင် လေတပ်ကနောက်ဆုံးအဆင့် စီမံချက်တွေလဲ ချမှတ်ကြပါတယ်၊ Bell နဲ့ Sikorsky (စကော်စကီ)ဟယ်လီကော်ပတာ‌တွေကို တည်ဆောက်ဖို့ တခုနဲ့တခု ယှဉ်ကြည့်ပြီးလိုအပ်တဲ့နည်းပညာတွေဖြည့်စွက်အသုံးပြုဖို့စိစစ်ကြည့်ရပါတယ်၊ Bell V280 rotorကိုတော့ လွန်ခဲ့တဲ့ သုံးနှစ်ကစတင် ပျံသန်းခွင့်ပြုခဲ့ပြီး Sikorsky နဲ့ Boeing SB1ဟယ်လီကော်ပတာကတော့ Bell နဲ့ LockHeed Martin(လော့ဒ်ဂိမာတင်)တို့က ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်၊ Bellကတော့ 360 Invictus(အင်ဗစ်တပ်စ်) အမျိုးအစားဖြစ်ပြီး Martinကတော့ Raider X (ရေဒါ X) အမျိုးအစားဖြစ်ပါတယ်၊ နောက်ဆုံး အနိုင်ရတဲ့အမျိုးအစားတစ်ခုကိုရွေးချယ်ပြီး ထုတ်လုပ်မှာဖြစ်ပါတယ်၊အနိုင်ရသူနဲ့ စာချုပ်ချုပ်ဆိုပြိး Blackhawk (ဘလက်ဟော့ဒ်)အမျိုးအစားကို ထပ်မံထုတ်လုပ်ပါလိမ့်မယ်၊ အဆင့်မြင့်တင်ထားတဲ့ လေယာဉ်တွေဟာ အရှိန်နှုန်းတွေမြင့်လာပြီး လည်ပတ်နိုင်စေဖို့rotorနှစ်လုံးပါရှိတဲ့အပြင် သူ့ကို Defiant X (ဒဖိုင်းယန့်စ်)လို့ခေါ်ပါတယ်၊



writer:Evelyn

သတိပေးကြေညာချက်
မိတ်ဆွေတို့ရဲ့
Admin Team