

ရန်ကုန်နဲ့မန်းလေးမှာ ရွှေကုန်သည်တွေက ရွှေတွေ အပြိုင်အဆိုင် ထုတ်ရောင်းပေးနေလို့ ရွှေဈေး ကျမလား? ဒေါ်လာဈေး ကျမလား? ( အဖြေက …)

ကားစျေးကျမလား? တင်သွင်းခွင့်ပေးရင်ကျမယ်။ ရွှေစျေး၊ ဒေါ်လာစျေး ကျရင် ကျမယ်။ ဘယ်လောက်ထိကျမလဲ? ဒေါ်လာပေါက်စျေးဝန်းကျင်ထိ ကျမှာပေါ့။ ဒေါ်လာကဘယ်လောက်ပေါက်လဲ? အခု ရွှေတစ်အောင်စကို $၁၆၉၅ ပေါက်တယ်။ ရွှေက ဒေါ်လာပေါ် မှီတာလား၊ ဒေါ်လာက ရွှေပေါ် မှီပြီး အတက်ကျဖြစ်တာလား? နှစ်မျိုးစလုံးပဲ။ ရေနံစျေး၊

စတော့မားကက်အညွှန်းကိန်း နဲ့ နိုင်ငံရေး (စစ်ဖြစ်မှာ စိုးရိမ်တာ.. စသည်) တွေက စျေးနူန်း အပြောင်းအလဲဖြစ်စေတာပေါ့။ ကမ္ဘာ့စီးပွါးရေးကောင်း၊ မကောင်းအပေါ်လည်း မူတည်တာပေါ့။ ပုံမှန်ဆိုရင်တော့ ရွှေတစ်အောင်စကို $၁၆၈၀ နဲ့ $၁၇၁၅ ကြားမှာ ပေါက်စျေးရှိနေတယ်။ ဒါကို ဗဟိုဘဏ်သတ်မှတ် ရည်ညွှန်းစျေးနဲ့ ချိန်ကြည့်ရင် (၁၉) သိန်းနဲ့ (၁၉.၅) သိန်းကြား

ရွှေတစ်ကျပ်သားရဲ့ပေါက်စျေးရှိရမှာပေါ့။ (ဘာလို့မရှိတာ လဲတော့ ထပ်မမေးနဲ့တော့ဗျာ။) ရွှေတွေထုတ်ရောင်းပေးနေရင် စျေးတွေကျမလား? (၇) ပိသာပဲ ရောင်းရောင်း၊ (၇) တန်ပဲ ရောင်းရောင်း ရွှေက

ကမ္ဘာ့ပေါက်စျေးရှိတယ်လေ။ (၁၉) သိန်းထက်နည်းရင် တရုတ်နဲ့အိန္ဒိယကို ရောက်ချင်ရောက်သွားမှာပေါ့။ ဒေါ်လာကို ၂၁၀၀ ဝန်းကျင်နဲ့ဝယ်လို့ရရင်တော့ ရွှေကလည်း သိန်း (၂၀) ဝန်းကျင်ဖြစ်မှာပေါ့။ ဒီလိုမှမဟုတ်ရင် ရွှေဆိုတာ

ဘယ်ဆိုင်ဝင်ဝယ်ဝယ် ရတယ်မဟုတ်လားဗျာ။ ဒါဆို အိမ်ခြံမြေစျေးရောကျဦးမလား? ရွှေနဲ့ဒေါ်လာကျရင် ကျမှာပေါ့ခင်ဗျာ။ လူတွေလက်ထဲ လှည့်ပတ်ငွေနည်းသွားရင်လည်း ကျမှာပေါ့ဗျာ။ ဒီတော့ ကျပ်ငွေကို ဒေါ်လာဘယ်လောက်နဲ့ လဲရသလဲဆိုတာက အခရာကျတာသိလျှက်နဲ့ မေးမနေပါနဲ့တော့ဗျာ။ (Kyaw San)

crd-

ယူနီကုတ်







crd-

Crd

Crd

arkarta