ရည္းစားအရမ္းလိုခ်င္တာေၾကာင့္ ဆံပင္တိုတိုညႇပ္ၿပီး ေယာက်ာ္းေလးအျဖစ္ဟန္ေဆာင္ကာ အမ်ိဳးသားေတြပဲ သီးသန္႔ေနတဲ့အေဆာင္မွာ ငွားေနခဲ့သည့္ မိန္းကေလး

Post Views:
9
လူတစ္ေယာက္ရဲ႕စိတ္ေနစိတ္ထားကို မွန္းဆ၍မရႏိုင္သလို တစ္ခါတစ္ေလ ကိုယ္လိုခ်င္တဲ့ဘဝမ်ိဳးကို ႐ုပ္ရွင္ဇာတ္ေကာင္ေတြထဲမွာသာေတြ႕ဖူးၾကေပမယ့္ အခ်ိဳ႕သူမ်ားကေတာ့ လက္ေတြ႕ဘဝမွာ အေကာင္အထည္ေဖာ္ဖို႔ႀကိဳးစားရင္း ဆုံးရႈံးမႈေတြနဲ႔ ႀကဳံခဲ့ရသည္။
ယခုတြင္လည္း တ႐ုတ္ႏိုင္ငံ Guangdongျပည္နယ္ Shenzhenၿမိဳ႕ရွိ အမ်ိဳးသားေတြပဲသီးသန္႔ငွားေနေသာ အေဆာင္တစ္ခုမွာ ေယာက်္ားေလးလိုဟန္ေဆာင္ထားေသာ မိန္းကေလးတစ္ဦးကို အံ့အားသင့္ဖြယ္ ေတြ႕ရွိခဲ့ေသာအျဖစ္အပ်က္ေလးသည္ အလြန္ေရပန္းစားလ်က္ရွိသည္။
ထိုမိန္းကေလးသည္ သူမကိုသူမဆံပင္ေကတိုေလးညႇပ္၍ ေယာက်ာ္းေလးတစ္ေယာက္လို ဝတ္စားထားကာ အမ်ိဳးသားေတြပဲသီးသန္႔ငွားေနတဲ့ အေဆာင္ကိုစုံစမ္းၿပီး လိုက္ငွားေနခဲ့သည္။
ကံမေကာင္းစြာပဲ သူမငွားေနေသာအေဆာင္ရဲ႕အခန္းမွာ အျခားေသာေကာင္ေလးႏွစ္ေယာက္လည္းရွိေနတာေၾကာင့္ သူမဟာမိန္းကေလးတစ္ေယာက္ျဖစ္မွန္းသိရွိသြားၿပီး အေဆာင္မႉးဆီအတိုင္ခံလိုက္ရသည္။
အေဆာင္မႉးက အေၾကာင္းစုံေမးျမန္းေသာအခါ မိန္းကေလးသည္ ရည္းစားတစ္ေယာက္ေလာက္လိုခ်င္ေပမယ့္လည္း သူမကိုယ္ဘယ္ေယာက္်ားေလးကမွလာမႀကိဳက္တာေၾကာင့္ ရည္းစားရွာရန္အတြက္ အမ်ိဳးသားေတြပဲေနတဲ့အေဆာင္မွာ လိုက္ငွားေနရန္ ဆုံးျဖတ္ခဲ့ေၾကာင္း ေျပာဆိုခဲ့သည္။
Rain (For Ialinks)
Unicode
ရည်းစားအရမ်းလိုချင်တာကြောင့် ဆံပင်တိုတိုညှပ်ပြီး ယောကျာ်းလေးအဖြစ်ဟန်ဆောင်ကာ အမျိုးသားတွေပဲ သီးသန့်နေတဲ့အဆောင်မှာ ငှားနေခဲ့သည့် မိန်းကလေး
လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကို မှန်းဆ၍မရနိုင်သလို တစ်ခါတစ်လေ ကိုယ်လိုချင်တဲ့ဘဝမျိုးကို ရုပ်ရှင်ဇာတ်ကောင်တွေထဲမှာသာတွေ့ဖူးကြပေမယ့် အချို့သူများကတော့ လက်တွေ့ဘဝမှာ အကောင်အထည်ဖော်ဖို့ကြိုးစားရင်း ဆုံးရှုံးမှုတွေနဲ့ ကြုံခဲ့ရသည်။
ယခုတွင်လည်း တရုတ်နိုင်ငံ Guangdongပြည်နယ် Shenzhenမြို့ရှိ အမျိုးသားတွေပဲသီးသန့်ငှားနေသော အဆောင်တစ်ခုမှာ ယောကျ်ားလေးလိုဟန်ဆောင်ထားသော မိန်းကလေးတစ်ဦးကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့သောအဖြစ်အပျက်လေးသည် အလွန်ရေပန်းစားလျက်ရှိသည်။
ထိုမိန်းကလေးသည် သူမကိုသူမဆံပင်ကေတိုလေးညှပ်၍ ယောကျာ်းလေးတစ်ယောက်လို ဝတ်စားထားကာ အမျိုးသားတွေပဲသီးသန့်ငှားနေတဲ့ အဆောင်ကိုစုံစမ်းပြီး လိုက်ငှားနေခဲ့သည်။
ကံမကောင်းစွာပဲ သူမငှားနေသောအဆောင်ရဲ့အခန်းမှာ အခြားသောကောင်လေးနှစ်ယောက်လည်းရှိနေတာကြောင့် သူမဟာမိန်းကလေးတစ်ယောက်ဖြစ်မှန်းသိရှိသွားပြီး အဆောင်မှူးဆီအတိုင်ခံလိုက်ရသည်။
အဆောင်မှူးက အကြောင်းစုံမေးမြန်းသောအခါ မိန်းကလေးသည် ရည်းစားတစ်ယောက်လောက်လိုချင်ပေမယ့်လည်း သူမကိုယ်ဘယ်ယောက်ျားလေးကမှလာမကြိုက်တာကြောင့် ရည်းစားရှာရန်အတွက် အမျိုးသားတွေပဲနေတဲ့အဆောင်မှာ လိုက်ငှားနေရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
Rain (For Ialinks)
Crd
Crd