ရခိုင္ျပည္နယ္ ပင္လယ္ျပင္ကို တ႐ုတ္အာကာသယာဥ္ အစိတ္အပိုင္းအခ်ိဳ႕ထပ္မံက်ေရာက္မည္ဟု သတိေပးထုတ္ျပန္ထား

ရခိုင္ျပည္နယ္ပင္လယ္ျပင္ကို တ႐ုတ္အာကာသယာဥ္အစိတ္အပိုင္းအခ်ိဳ႕ထပ္မံက်ေရာက္မည္ဟု သတိေပးထုတ္ျပန္ထား

ဒီဇင္ဘာ ၆ ရက္ကေန ၁၂ ရက္အတြင္း မနက္ ၅ နာရီခြဲကေန ၈ နာရီခြဲအတြင္းရခိုင္ျပည္နယ္ သံတြဲေလဆိပ္ရဲ႕အေနာက္ေတာင္ဘက္ ေရမိုင္ ၁၈ မိုင္

မာန္ေအာင္ေလဆိပ္ရဲ႕ အေနာက္ေတာင္ဘက္ေရမိုင္၂၈ မိုင္ေလာက္ ပုသိမ္ေလဆိပ္ရဲ႕အေနာက္ဘက္ေရမိုင္ ၆၁ မိုင္အကြာကဘဂၤလားပင္လယ္ေအာ္ထဲကိုက်ေရာက္ႏိုင္တယ္လို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနကသတိေပးထုတ္ျပန္ထားပါတယ္။

တ႐ုတ္ႏိုင္ငံ ၿမိဳ႕ျပေလေၾကာင္းအာဏာပိုင္အဖြဲ႕အစည္း(Civil Aviation Authority of China – CAAC)ေလေၾကာင္းစီမံခန႔္ခြဲမႈဗ်ဴ႐ို(Air Traffic Management Bureau)က အာကာသယာဥ္ရဲ႕ လႈပ္ရွားမႈ (Spaceflight Activities)ကို ေလေၾကာင္းအႏၲရာယ္ကင္းရွင္းေစေရးအတြက္သတိေပးထားၿပီး သက္ေရာက္မဲ့ ဧရိယာဟာ

ျမန္မာ့ေလပိုင္နက္ထဲက International Airway P646 နဲ႔ N895/G472 တို႔ကို သက္ေရာက္ႏိုင္တာေၾကာင့္ ေလယာဥ္ေတြေဘးအႏၲရာယ္ကင္းေစဖို႔လိုအပ္တဲ့ ေလယာဥ္မႉး အသိေပးစာကို ျမန္မာ့ေလပိုင္နက္ထဲ ကေနျဖတ္ေက်ာ္ပ်ံသန္းမယ့္ႏိုင္ငံတကာ ေလေၾကာင္းလိုင္းေတြ သိေစဖို႔လည္းထုတ္ျပန္ထားၿပီးျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ရခိုင္ျပည္နယ္ထဲကငါးဖမ္းေလွေတြအေနနဲ႔လည္း အဲဒီအခ်ိန္နဲ႔ ေနရာေတြကို သတိျပဳေရွာင္ရွားၾကဖို႔ သတိေပးထားပါတယ္။

ၿပီးခဲ့တဲ့တပတ္ႏိုဝင္ဘာ ၂၃ ရက္မနက္ပိုင္းကလည္း ရခိုင္ျပည္နယ္ကပင္လယ္ျပင္ထဲက တ႐ုတ္အာကာသယာဥ္အစိတ္အပိုင္းတခ်ိဳ႕က်လာခဲ့ၿပီးၿမိဳ႕ေတာ္ေတာ္မ်ားမ်ားကေတြ႕ျမင္ခဲ့ၾကရပါတယ္။

တ႐ုတ္အာကာသယာဥ္အပိုင္းအစေတြက်လို႔ ထိခိုက္မႈျဖစ္ခဲ့ရင္တ႐ုတ္ႏိုင္ငံအေနနဲ႔တာဝန္ရွိတယ္ဆိုတာကိုလည္း ျမန္မာႏိုင္ငံေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနက တ႐ုတ္ႏိုင္ငံ ၿမိဳ႕ျပေလေၾကာင္း ထိန္းသိမ္းေရးဌာနဆီကိုအေၾကာင္းၾကားထားတယ္လို႔လည္း ဆိုပါတယ္။

Unicode

ရခိုင်ပြည်နယ်ပင်လယ်ပြင်ကို တရုတ်အာကာသယာဉ်အစိတ်အပိုင်းအချို့ထပ်မံကျရောက်မည်ဟု သတိပေးထုတ်ပြန်ထား

ဒီဇင်ဘာ ၆ ရက်ကနေ ၁၂ ရက်အတွင်း မနက် ၅ နာရီခွဲကနေ ၈ နာရီခွဲအတွင်းရခိုင်ပြည်နယ် သံတွဲလေဆိပ်ရဲ့အနောက်တောင်ဘက် ရေမိုင် ၁၈ မိုင်

မာန်အောင်လေဆိပ်ရဲ့ အနောက်တောင်ဘက်ရေမိုင်၂၈ မိုင်လောက် ပုသိမ်လေဆိပ်ရဲ့ အနောက်ဘက်ရေမိုင် ၆၁ မိုင်အကွာကဘင်္ဂလားပင်လယ်အော်ထဲကိုကျရောက်နိုင်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကသတိပေးထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့အစည်း(Civil Aviation Authority of China – CAAC)လေကြောင်းစီမံခန့်ခွဲမှုဗျူရို(Air Traffic Management Bureau)က အာကာသယာဉ်ရဲ့ လှုပ်ရှားမှု (Spaceflight Activities)ကို လေကြောင်းအန္တရာယ်ကင်းရှင်းစေရေးအတွက်သတိပေးထားပြီး သက်ရောက်မဲ့ ဧရိယာဟာ

မြန်မာ့လေပိုင်နက်ထဲက International Airway P646 နဲ့ N895/G472 တို့ကို သက်ရောက်နိုင်တာကြောင့် လေယာဉ်တွေဘေးအန္တရာယ်ကင်းစေဖို့လိုအပ်တဲ့ လေယာဉ်မှူး အသိပေးစာကို မြန်မာ့လေပိုင်နက်ထဲကနေဖြတ်ကျော်ပျံသန်းမယ့်နိုင်ငံတကာ လေကြောင်းလိုင်းတွေ သိစေဖို့လည်းထုတ်ပြန်ထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲကငါးဖမ်းလှေတွေအနေနဲ့လည်း အဲဒီအချိန်နဲ့ နေရာတွေကို သတိပြုရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့တပတ်နိုဝင်ဘာ ၂၃ ရက်မနက်ပိုင်းကလည်း ရခိုင်ပြည်နယ်ကပင်လယ်ပြင်ထဲက တရုတ်အာကာသယာဉ်အစိတ်အပိုင်းတချို့ကျလာခဲ့ပြီးမြို့တော်တော်များများကတွေ့မြင်ခဲ့ကြရပါတယ်။

တရုတ်အာကာသယာဉ် အပိုင်းအစတွေကျလို့ ထိခိုက်မှုဖြစ်ခဲ့ရင် တရုတ်နိုင်ငံအနေနဲ့တာဝန်ရှိတယ်ဆိုတာကိုလည်း မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တရုတ်နိုင်ငံ မြို့ပြလေကြောင်း ထိန်းသိမ်းရေးဌာနဆီကို အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။

crd