ယောကျာ်းရပြီဖြစ်သော်လည်း မိုးလင်းတာနဲ့ နေ့တိုင်း အိမ်ပြန်လာပြီး မုန့်စားလိုက်ဆော့ကစားလိုက်လုပ်နေကာ ညမှအိမ်ပြန်တက်သည့် သမီးကို အိမ်သို့မလာရန်မောင်းထုတ်နေခဲ့ရသည့် ဖခင်၏အဖြစ်

Shoon (Cele Daily)
Zawgyi
ယောကျာ်းရပြီဖြစ်သော်လည်း မိုးလင်းတာနဲ့ နေ့တိုင်း အိမ်ပြန်လာပြီး မုန့်စားလိုက်ဆော့ကစားလိုက်လုပ်နေကာ ညမှအိမ်ပြန်တက်သည့် သမီးကို အိမ်သို့မလာရန်မောင်းထုတ်နေခဲ့ရသည့် ဖခင်၏အဖြစ်
လူတိုင်းသည် မိဘတို့၏ရင်ခွင်အရိပ်ထဲတွင် ရှိနေစဉ်ကာလ၌ မည်မျှအသက်အရွယ်ကြီးရင့်နေပါစေ ကလေးတစ်ဦးလို ပြုမူနေထိုင်နိုင်ပါတယ်။သို့သော် အိမ်ထောင်ကျခဲ့ပြီဆိုတာနှင့် လောကကြီးထဲသို့ ကိုယ်တိုင်ဦးဆောင်ကာ ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။
ယခုအခါမှာတော့ ကောင်မလေးတစ်ဦးဟာ အိမ်နီးချင်းကောင်လေးတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး ထုံစံအတိုင်း ခင်ပွန်းအိမ်သို့ လိုက်နေခဲ့တာဖြစ်ပါတယ်။ခင်ပွန်းအိမ်လိုက်နေသော်လည်း မနက်မိုးလင်းတာနဲ့ မိဘအိမ်သို့ပြန်ပြေးလာတတ်ပြီး မိဘအိမ်တွင် ကလေးတစ်ယောက်လို စားစရာရှိတာစားလိုက် ဆော့ကစားလိုက်လုပ်နေတတ်ပါတယ်။
ထို့နောက် အိမ်မှစားစရာရှိတာအချို့ကိုလည်း ညပြန်သည့်အချိန်တွင် ယူသွားသေးတာဖြစ်ပါတယ်။ထို့ကြောင့်ဖခင်ဖြစ်သူက သမီးကို အိမ်မလာရန်မောင်းထုတ်နေစဉ်မှာလည်း ဖရဲသီးတစ်လုံးကို ရအောင်ယူသွားခဲ့ပါသေးတယ်။
Shoon (Cele Daily)
Crd
Crd