ထိုင်ဝမ်ကိုသိမ်းပိုက်ရယူဖို့ တရုတ်စစ်တပ် အဆင့်(၃)ဆင့်နဲ့ပြင်ဆင်ထားဟု နိုင်ငံပိုင်မီဒီယာများဖော်ပြ

တရုတ်တပ်မတော်ဟာ ပြည်ပပယောဂတွေကြောင့် မငြိမ်မသက်ဖြစ်နေတယ်လို့ ယူစနေရတဲ့ ထိုင်ဝမ်ကို ၎င်းတို့ပိုင် ပြည်နယ်တစ်ခုအဖြစ် သိမ်းပိုက်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ဒီတိုက်ခိုက်သိမ်းပိုက်မှုဟာ မကြာတော့မဲ့ကာလမှာ ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ ကမ္ဘာ့စစ်ရေးသုံးသပ်သူတွေကတော့ ထိုင်ဝမ်အရေး သို့တည်းမဟုတ် တောင်တရုတ်ပင်လယ်အရေးဟာ-

ကမ္ဘာကြီးကို တတိယကမ္ဘာစစ်အတွင်း သွတ်သွင်းနိုင်တဲ့ မဟာပဋိပက္ခတွေလို့ ယူဆနေကြပါတယ်။ တရုတ်အနေနဲ့လည်း ထိုင်ဝမ်အရေးကို အဓိကပါဝင်ပတ်သက်နေတဲ့

ယူကေနဲ့၊ ကန်ကို လက်ရှောင်နေဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပြီး၊ တစ်ဖက်ကလည်း လိုက်နာမှုမရှိဘဲ တိုးမြှင့်မှုတွေရှိနေလို့ တရုတ်အနေနဲ့ မကြာမီမှာ ထိုင်ဝမ်ကို မဖြစ်မနေ သိမ်းပိုက်တော့မယ့်သဘောပါ။

ထိုင်ဝမ်ဟာ UN အသိအမှတ်ပြုခြင်း မရှိသေးတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ (၁၉၇၁)ခုနှစ်ကတည်းက UN ဟာ ထိုင်ဝမ်ကို “တရုတ်နိုင်ငံ”အဖြစ်နဲ့ပဲ အသိအမှတ်ပြုထားတာပါ။

ထိုင်ဝမ်ဟာ လက်ရှိအချိန်မှာလည်း တရုတ်ရဲ့ အုပ်ချုပ်ရေးသြဇာခံတစ်ခုဖြစ်ပြီး၊ နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုဖို့ ဝေးစွ … ပြည်နယ်တစ်ခုအဆင့်သာ ထားရှိချင်ပါတယ်။

ဒါပေမယ့် ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေကြောင့် ထိုင်ဝမ်သားတွေ စိတ်ကျေနပ်စေဖို့ သမ္မတရွေးကောက်ပွဲတွေ၊ ကိုယ်ပိုင်လွှတ်တော်တွေ ပြုလုပ်ပေးခဲ့ပြီး၊

နိုင်ငံရေးသမားအများစုကတော့ တရုတ်ကိုသာ သြဇာခံရပါတယ်။ ဒါကို ထိုင်ဝမ်သားတော်တော်များများက မကျေနပ်လို့ ဒီမတရားတဲ့ အုပ်ချုပ်မှုအောက်နေ လွတ်မြောက်ဖို့ အချိန်တော်တော်ကြာ ကြိုးစားခဲ့ပါတယ်။

မကြာသေးခင်က တရုတ်ကွန်မြူနစ်ပါတီရဲ့ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပွဲမှာ ထိုင်ဝမ်အရေးကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ တရုတ်အာဏာပိုင်တွေက ဆွေးနွေးခဲ့ကြပါသတဲ့။

သူတို့ဟာ အုံကြွမှုဖြစ်နေတဲ့ထိုင်ဝမ်ကို အမိရ ပြန်လည်သိမ်းပိုက်ဖို့အတွက် အဆင့်(၃)ဆင့် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ မီဒီယာမှာဖော်ပြထားချက်အရ-

ပထမအဆင့်အနေနဲ့ DF တာတိုပစ်ဒုံးကျည်တွေနဲ့ အဓိကလေဆိပ်တွေ၊ ရေတပ်စခန်းတွေ၊ ကနဦးသတိပေးချက်ထုတ်လွှင့်မယ့် ရေဒါစခန်းတွေ၊ ဒုံးဖျက်စခန်းတွေကို တိုက်ခိုက်မယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ ကနဦး ထိုင်ဝမ်းကျွန်းပေါ်ကို တရုတ်ရှေ့ပြေးတပ်တွေ အထိုင်မချနိုင်သေးခင်အထိ ရေကုန်ရေခမ်း တိုက်ခိုက်မှာဖြစ်ကြောင်း ဆိုထားပါတယ်။

ဒုတိယအဆင့်အနေနဲ့တော့ YJ-91 နဲ့ CJ-10 အစရှိတဲ့ ပဲ့ထိန်းဒုံးကျည်တွေကို အသုံးပြုပြီး၊ စစ်အခြေစိုက်စခန်းတွေ၊ စစ်သင်္ဘောနဲ့ ရေငုပ်သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ ဆိုထားပါတယ်။

တတိယအဆင့်အနေနဲ့ကတော့ ကျန်ရှိတဲ့စစ်စခန်းတွေကို ချေမှုန်းတိုက်ခိုက်မှာဖြစ်ပြီး၊ ပြည်မကြီးက တပ်မတွေ ထိုင်ဝမ်နယ်မြေအတွင်း အလုံးအရင်းဝင်ရောက်နိုင်ရေး ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

ဒီလို ကျယ်ကျယ်ပြန့်ပြန့် သတင်းဖော်ပြမှုဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ရင် ဒုတိယအကြိမ် ဖြစ်ပါတယ်။ ယမန်နှစ်တုန်းကလည်း လွတ်လပ်ရေးကို လိုလားတဲ့

ထိုင်ဝမ်သမ္မတ Tsai Ing-wen ရဲ့ ဒုတိယသက်တမ်းအစမှာ အခုလို နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။

အခုနှစ်မှာတော့ ကွန်မြူနစ်ပါတီ နှစ်(၁၀၀)ပြည့်အခမ်းအနားနဲ့တူ အမေရိကန်နဲ့ ဂျပန်ကလည်း တောင်တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်ခဲ့တာမို့ တရုတ်တို့ အကြီးအကျယ် ဒေါသထွက်ခဲ့ပါတယ်။

ထိုင်ဝမ်အရေးမှာ ဦးဆောင်နေတဲ့ ယူကေ၊ ကန်နဲ့ အခြားစစ်ဘက်ဆိုင်ရာ အင်အားကြီး မဟာမိတ်နိုင်ငံတွေကတော့ ထိုင်ဝမ်ကို ထိပါးတာနဲ့-တရုတ်အတွက် နောက်ကိုပြန်လှည့်လို့မရတဲ့ လမ်းကြောင်းကို ရွေးချယ်လိုက်တာနဲ့အတူတူပဲလို့

ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။ အကယ်၍ စစ်ဖြစ်လာရင် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ သြစတေးလျ၊ တောင်ကိုရီးယားတို့ကလည်း စစ်ပွဲမှာ ပါဝင်လာနိုင်ပြီး၊ နေတိုးတပ်ဖွဲ့ဝင်တွေကလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်လာဖို့ရှိနေပါတယ်။
Crd..လင်းသုတ
ယူနီကုဒ်ဖြင့်ဖတ်ရန်