ယူကရိန်းစစ်ပွဲမှာ အမှန်အကန် အစွမ်းပြခဲ့တဲ့ လက်နက် ၁၀ မျိုး

ယူကရိန်းစစ်ပွဲမှာ အမှန်အကန် အစွမ်းပြခဲ့တဲ့ လက်နက် ၁၀ မျိုး



Post Views:
7

ယူကရိန်းစစ်ပွဲမှာ အမှန်အကန် အစွမ်းပြခဲ့တဲ့ လက်နက် ၁၀ မျိုး

ယူကရိန်းဟာ ရုရှားရဲ့ ကြီးမားတဲ့စစ်အင်အားကို အံတုဖက်ပြိုင်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။

အခုတော့ ယူကရိန်းဟာ ရုရှားတပ်တွေ သိမ်းပိုက်ထားတဲ့နေရာ တော်တော်များများကို ပြန်လည် သိမ်းပိုက်မောင်းထုတ်နိုင်ခဲ့ပါပြီ။

ရုရှားဆိုတာနဲ့ ကြီးမားတဲ့ စစ်အင်အားကို မြင်မိကြမှာပါ။ ဒီလို အင်အားကြီးရုရှားကို နောက်ဆုတ်သွားရလောက်အောင်စွမ်းတဲ့ ယူကရိန်းတို့ရဲ့ လက်နက်တွေကို တင်ပြလိုက်ရပါတယ်။

၁။ Grom

Grom ဆိုတာက ပိုလန်စကားပါ။ လျှပ်စီးလို့ အဓိပ္ပါယ်ရပါတယ်။ ပေါ့ပါးပြီး အလွယ်တကူ သယ်နိုင်တဲ့ လေယာဉ်ပစ် ပုခုံးထမ်းဒုံးကျည်ပါ။

၇၂ မီလီမီတာ ဒုံးနဲ့ ပစ်တဲ့ ပြွန်တစ်ခုပါပါတယ်။ ဒုံးကျည်ဟာ တစ်နာရီ မိုင် ၁၄၅၀ နှုန်းမြန်ပါတယ်။

အကွာအဝေး ၃.၄ မိုင် ပစ်ခတ်နိုင်လို့ ရုရှား ရဟတ်ယာဉ်အများအပြားဟာ ဒီဒုံးနဲ့ ပစ်ချခံရပါတယ်။

၂။ NLAW

သူကတော့ next generation anti-tank missile ဖြစ်ပါတယ်။ Single shot fire and forget လို့ ဆိုပါတယ်။ပစ်ပြီးရင် လှည့်ကြည့်စရာမလိုအောင် တိကျပါတယ်။ ပခုံးထမ်းပစ်ရတာမျိုးပါဘဲ။

ရာနဲ့ချီတဲ့ ဒီလက်နက်တွေဟာ ယူကေက ထောက်ပံ့ခဲ့တာပါ။ ဗြိတိန်နဲ့ ဆွစ်ဇာလန် ပေါင်းစပ်နည်းပညာဖြစ်ပြီး အကွာအဝေး ၂,၆၂၅ ပေအထိ သွားပါတယ်။

၂၈ ပေါင်သာလေးပေမဲ့ ထိခိုက်မှုစွမ်းအားက ကြီးပါတယ်။သူ့ကြောင့် ရုရှားတင့်ကားအများကြီး တစစီဖြစ်သွားပါတယ်။

၃။ FGM 148 Javelin

သူကလဲ တင့်ဖျက်ပုခုံးထမ်းဒုံးပါဘဲ။ NLAW လောက်ကိုbကောင်းပါတယ်။ fire and forget ပါဘဲ။

သူက infrared ရောင်ခြည်လမ်းညွှန်စနစ်ပါပါတယ်။ အပူကို အာရုံခံနိုင်ပါတယ်။ ရုရှားတင့်ကားအများစုဟာ သူ့လက်ချက်မိသွားကြပါတယ်။ Javelin ဟာ စစ်ပွဲအစမှာ ယူကရိန်းရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။

၄။ Stugna-P

သူကလဲ တင့်ဖျက်ဒုံးပါဘဲ။ ယူကရိန်းရဲ့ ကိုယ်ပိုင်ထုတ်လုပ်မှုပါ။ သူကလည်း ကောင်းမွန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

အနိမ့်ပျံ ပစ်မှတ်တွေကိုပါ ပစ်နိုင်တာမို့ ရဟတ်ယာဉ်တွေ၊ အနိမ့်ပျံ တိုက်လေယာဉ်တချို့ပါ သူ့လက်ချက်ကို ခံစားခဲ့ရပါတယ်။ လမ်းညွှန်စနစ်ပါလို့ ပိုတိကျပါတယ်။

၅။ Baykar Bayraktar TB-2

နာမည်ကျော် Baykar Bayrakter TB-2 အကြောင်းကို Knight News မှာ အရင်က ဖော်ပြဖူးပါတယ်။

ဒီဒရုန်းကတော့ တူရကီက ကူညီခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်ရေး အမျိုးအစားဖြစ်ပြီး မြေပြင်စခန်းက ထိန်းချုပ်မောင်းနှင်နိုင်ပါတယ်။

သူ့ကိုတော့ ရုရှားတပ်ဖွဲ့တွေနဲ့ ပစ္စည်းသိုလှောင်တဲ့ စခန်းတွေကို ဖျက်ဆီးဖို့သုံးခဲ့ပါတယ်။ နောက်တွဲ အမြောက်တွေလဲ သူ့လက်ရာကို ခံကြရပါတယ်။

ကွပ်ကဲရေးဌာနတွေ ဆီသိုလှောင်ကန်တွေလဲ မကျန်ပါဘူး။ ဒီဒရုန်းက ပထမဆုံး ရုရှားရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို အရင်ဖျက်ဆီးခဲ့ပါတယ်။

၆။ FIM 920 Stinger

Stinger အလက်ရေ ၂,၀၀၀ ကျော်ကို ယူကရိန်းကို ထောက်ပံ့ခဲ့ပါတယ်။ သူက လေကြောင်းကာကွယ်ရေးအတွက် အလွန်အကျိုးရှိပါတယ်။

သူ့မှာ infrared homing target acquisition system ပါဝင်ပါတယ်။ ဟောင်းပေမဲ့လဲ ကောင်းနေဆဲပါဘဲဆိုတာ သူ့ကိုပြောတာလို့ ဆိုရမှာပါ။သူ့အကြောင်းလည်း Knight News မှာ တင်ပြထားပါတယ်။

၇။ UA Dynamic Punisher

ယူကရိန်းလုပ် တိုက်ခိုက်ရေး ဒရုန်းပါ။ အတောင်ပန် အလျား ၇ ပေခွဲသာ ရှိပါတယ်။ နာရီအနည်းငယ်ကြာအောင်ပျံသန်းနိုင်ပြီး အမြင့်ပေ ၁၃၀၀ လောက်ထိ တက်နိုင်ပါတယ်။

ပစ်မှတ် ၃ ခုကို တပြိုင်တည်း ပစ်ခတ်နိုင်ပါတယ်။ အလိုအလျောက် ပျံနိုင်ပေမယ့် ပစ်မှတ်တည်နေရာကိုတော့ သတ်မှတ်တာမျိုး မလုပ်နိုင်ပါဘူး။

၈။ M-777

M-7770ဟာ ၁၅၅ မီလီမီတာ ဟောင်ဝဇ်ဇာ အမြှောက် ဖြစ်ပါတယ်။ သူ့ကို ယာဉ်နဲ့ဆွဲရတာမျိုးပါ။

ထူးခြားတာက သူ့က GPS နဲ့လမ်းညွှန်နိုင်တဲ့ စနစ်ပါဝင်ပါတယ်။ မိုင် ၃၀ အကွာကပစ်မှတ်ကို ပစ်ခတ်နိုင်ပါတယ်။ Excalibur M9820ဆုံလည်ပြောင်းအမျိုးအစားပါ။

ယူကရိန်းမှာ ဒီအမြှောက်မျိုး ၁၂၀ ကျော် ရှိပါတယ်။ ဒီအမြှောက်တွေက ရုရှားကတုပ်ကျင်းတွေကို ဖျက်ဆီးနိုင်ခဲ့တာ တွေ့ရပါတယ်။

၉။ PzH 2000

သူကတော့ ဂျာမန်ရဲ့ ဟောင်ဝဇ်ဇာ အမြှောက်ပါ။ သူက ယာဉ်ပေါ်မှာတပ်ဆင်ထားတာဖြစ်ပြီး ၁၅၅ မီလီမီတာ အမြောက် ပါပါတယ်။

ကမ္ဘာ့အစွမ်းအထက်ဆုံးအမြှောက်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ပစ်ခတ်နှုန်းကလဲ မြင့်မားပါတယ်။ Burst mode နဲ့ပစ်ရင် ၉ စက္ကန့်အတွင်း ၃ ချက် ပစ်နိုင်ပါတယ်။

တစ်မိနစ်အတွင်း ၁၀ ချက်မှ ၁၃ ချက်အထိ တဆက်တည်း ပစ်ခတ်နိုင်ပါတယ်။ အားသာချက်က သူ့ကိုဆွဲဖို့ယာဉ်မလိုပါဘူး။ ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ သံချပ်ကာယာဉ်ပါ။

၁၀။ M142 HIMARS

သူ့အကြောင်း Knight News မှာ ဖေါ်ပြခဲ့ဖူးပါတယ်။ High mobility Artillery rocky system ဖြစ်ပြီး ယူအက်စ်က ထုတ်တာပါ။

အကွာအဝေးက ၁၈၆ မိုင်အထိပစ်ခတ်နိုင်ပါတယ်။ ပစ်မှတ်ကို ၁၆ စက္ကန့်အတွင်း ချိန်ရွယ်နိုင်ပါတယ်။

ဒုံးကျည်ပြွန် ၆ ခုပါဝင်လို့ ၆ လုံးတပြိုင်တည်းပစ်ခတ်နိုင်ပါတယ်။ ( တစ်လုံးပြီး တစ်လုံးပေါ့ )။ သူ့ကို Jevlin တွေနေရာမှာ အစားထိုးဖို့ ပေးပို့ခဲ့တာပါ။

စံပြုလောက်တဲ့ လက်နက်ဖြစ်ကြောင်းကို ရုရှားရဲ့ လက်နက်ကြီးတွေ၊ စခန်းတွေ၊ ကွပ်ကဲရေးဌာနတွေ၊ တံတားတွေရဲ့ အပျက်အဆီးတွေက သက်သေပြနေပါတယ်လို့ တင်ပြလိုက်ရပါတယ်။

Knight News Team

Crd

Crd

arkarta