ယူကရိန္း စစ္တပ္သုံး Snipex Alligator AMR ႐ိုင္ဖယ္…

ယူကရိန္း စစ္တပ္သုံး Snipex Alligator AMR ႐ိုင္ဖယ္…



Post Views:
9

ဒီေသနတ္ဟာ 14.5 ×114 မမ ဆိုဗီယက္က်ည္သုံး တစ္ေတာင့္ခ်င္းကိုယ္တိုင္က်ည္ထိုး က်ည္ထုတ္ပစ္ စနစ္ ျဖစ္ၿပီး က်ည္အိမ္တပ္ဆင္ႏိုင္တဲ့ အမာခံဖ်က္ ႐ိုင္ဖယ္(bolt-action, magazine-fed anti-materiel rifle )ျဖစ္ၿပီး ထုတ္လုပ္သူကေတာ့ XADO-Holding Ltd ကုမၸဏီပါ။

သာမန္အားျဖင့္ ဒီကုမၸဏီက စက္သုံးေခ်ာဆီ/ဓတ္ဆီ/အျခားေလာင္စာအေခ်ာထည္ ထုတ္ကုန္ေတြ ထုတ္တာျဖစ္ၿပီး ၁၉၉၁ ခုႏွစ္ ယူကရိန္းႏိုင္ငံ ခါကိ ေဒသမွာ ႐ုံးခ်ဳပ္ အေျခစိုက္ပါတယ္။လက္နက္လုပ္ငန္း firearm industry ကေတာ့ သိပ္ၿပီး မက်ယ္ျပန႔္ပါဘူး။

၂၀၂၀ ခုႏွစ္မွာ ထုတ္လုပ္ခဲ့လာတဲ့ ဒီ႐ိုင္ဖယ္ရဲ႕ နာမည္က Snipex Alligator ပါ။snipex ကေတာ့ ဘာလဲ မသိ/sniper လို႔ပဲ ေျပာခ်င္တာထင္တယ္။Alligator ကေတာ့ ေခါင္းတို မိေခ်ာင္းေပါ့။

႐ိုင္ဖယ္ဟာ ၁၄.၅ ×၁၁၄ မမ က်ည္သုံးထားၿပီး တာေဝးပစ္ႏိုင္စြမ္းရွိတယ္။က်ည္သြားလမ္းေၾကာင္းေျဖာင့္ၿပီး မီတာ ၂၀၀၀ ေလာက္ကို ၃ /၄ စကၠန႔္ နဲ႔ ေရာက္တာမို႔ တည္ၿငိမ္ပစ္မွတ္သာမက ေ႐ြ႕လွ်ားပစ္မွတ္ကိုပါ ေကာင္းေကာင္းဒုကၡေပးႏိုင္တယ္။

က်ည္အိမ္ကေတာ့ ၅ေတာင့္ ဆန႔္၀င္ပါတယ္။ ေသနတ္ဟာ ၂၅ ကီလိုဂရမ္ေလးပါတယ္။ေပါင္နဲ႔ တြက္မယ္ဆိုရင္ ၅၅.၁၁ ေပါင္ ရွိ ၿပီး ေသနတ္ အလွ်ားက ၇၈ လက္မ ျဖစ္ၿပီး ၆ေပ ၆လက္မပါ။ ေျပာင္းအလွ်ားက ၄၇.၂၄ လက္မ ပါ ။

၄ ေပကို မွ ၁လက္မ နီးပါးပဲ ေလ်ာ့ပါတယ္။ ေျပာင္းရစ္ ညာရစ္ ၈ ေျမာင္းပါၿပီး ေျပာင္းရစ္တစ္ပတ္အလွ်ား 16.5” လက္မ ႏႉန္း ေဖာ္ထားပါတယ္။အာရွသားေတြနဲ႔ ဘယ္လိုမွ မသင့္ေတာ္ပါဘူး။

ေျပာင္းထြက္အလွ်င္က ၉၈၀ မီတာ ႏႈန္းေျပးၿပီး က်ည္ တစ္ေတာင့္တည္း နဲ႔ ၁၀မမ သံခ်ပ္ကာ ျပားကို အကြာအေဝး ၁.၅ ကီလိုမီတာ /မီတာ ၁၅၀၀ အကြာကေန ေဖာက္ထြင္းႏိုင္တယ္။

လူပုံပစ္မွတ္ကေတာ့ မီတာ ၂၀၀၀ အထိ က်ည္စုျပန႔္လႊင့္မႉ႔အရ ထိေရာက္ေနေသးတယ္။႐ိုင္ဖယ္ဟာ တိက်ျမင့္မားတဲ့ ပစ္ခတ္စဥ္အတြက္ လက္နက္ လိုအပ္ခ်က္အားလုံးကို ထည့္သြင္း ဒီဇိုင္းထုတ္ထားတယ္။

ပစ္ခတ္စဥ္အတြင္း ေနာက္ကန္အားအဆင့္က လက္ခံလို႔ရတဲ့ အေနအထားကိုလည္း ျမင္ရမယ္။ကန္အားေလ်ာ့ဖို႔ muzzle brake တပ္ထားၿပီး ေသနတ္ဒင္မွာလည္း ကန္အားဒဏ္ခံ elastic multilayer shoulder pad ထည့္ထားေသးတယ္။

Sniper Alligator ႐ိုင္ဖယ္ ၂၀၂၀ ခုႏွစ္ ဇြန္လမွာ တရား၀င္ေဖ့ဘုတ္ေပ့ Snipex Facebook page ကေနမိတ္ဆက္ခဲ့ၿပီး ယူက်ဴ႕ခ်န္နယ္ XADO ကေန ပထမဆုံး မိတ္ဆက္မႉ႔ကို ဇူလႈိင္လမွာ ရီျဗဴး လုပ္လာခဲ့ပါတယ္။

ျပည္နယ္ စစ္ေဆးေရး ရလဒ္မ်ားအေပၚအေျခခံၿပီး 14.5×114 မမ က်ည္သုံး Snipex Alligator ႐ိုင္ဖယ္ကိုယူကရိန္းတပ္မေတာ္က‌ ၂၀၂၀ ခုႏွစ္မွာ အစမ္း အသုံးျပဳလာခဲ့ၿပီး ၂၀၂၁ ခုႏွစ္ မတ္လ ၂ ရက္ေန႔မွာ တရားဝင္ အသုံးျပဳမႉ႔ စတင္လာတာပဲျဖစ္ပါတယ္။

Crd..TacticalArmsReviewMyanmar

Unicode

ယူကရိန်း စစ်တပ်သုံး Snipex Alligator AMR ရိုင်ဖယ်…

ဒီသေနတ်ဟာ 14.5 ×114 မမ ဆိုဗီယက်ကျည်သုံး တစ်တောင့်ချင်းကိုယ်တိုင်ကျည်ထိုး ကျည်ထုတ်ပစ် စနစ် ဖြစ်ပြီး ကျည်အိမ်တပ်ဆင်နိုင်တဲ့ အမာခံဖျက် ရိုင်ဖယ်(bolt-action, magazine-fed anti-materiel rifle )ဖြစ်ပြီး ထုတ်လုပ်သူကတော့ XADO-Holding Ltd ကုမ္ပဏီပါ။

သာမန်အားဖြင့် ဒီကုမ္ပဏီက စက်သုံးချောဆီ/ဓတ်ဆီ/အခြားလောင်စာအချောထည် ထုတ်ကုန်တွေ ထုတ်တာဖြစ်ပြီး ၁၉၉၁ ခုနှစ် ယူကရိန်းနိုင်ငံ ခါကိ ဒေသမှာ ရုံးချုပ် အခြေစိုက်ပါတယ်။လက်နက်လုပ်ငန်း firearm industry ကတော့ သိပ်ပြီး မကျယ်ပြန့်ပါဘူး။

၂၀၂၀ ခုနှစ်မှာ ထုတ်လုပ်ခဲ့လာတဲ့ ဒီရိုင်ဖယ်ရဲ့ နာမည်က Snipex Alligator ပါ။snipex ကတော့ ဘာလဲ မသိ/sniper လို့ပဲ ပြောချင်တာထင်တယ်။Alligator ကတော့ ခေါင်းတို မိချောင်းပေါ့။

ရိုင်ဖယ်ဟာ ၁၄.၅ ×၁၁၄ မမ ကျည်သုံးထားပြီး တာဝေးပစ်နိုင်စွမ်းရှိတယ်။ကျည်သွားလမ်းကြောင်းဖြောင့်ပြီး မီတာ ၂၀၀၀ လောက်ကို ၃ /၄ စက္ကန့် နဲ့ ရောက်တာမို့ တည်ငြိမ်ပစ်မှတ်သာမက ရွေ့လျှားပစ်မှတ်ကိုပါ ကောင်းကောင်းဒုက္ခပေးနိုင်တယ်။

ကျည်အိမ်ကတော့ ၅တောင့် ဆန့်ဝင်ပါတယ်။ သေနတ်ဟာ ၂၅ ကီလိုဂရမ်လေးပါတယ်။ပေါင်နဲ့ တွက်မယ်ဆိုရင် ၅၅.၁၁ ပေါင် ရှိ ပြီး သေနတ် အလျှားက ၇၈ လက်မ ဖြစ်ပြီး ၆ပေ ၆လက်မပါ။ ပြောင်းအလျှားက ၄၇.၂၄ လက်မ ပါ ။

၄ ပေကို မှ ၁လက်မ နီးပါးပဲ လျော့ပါတယ်။ ပြောင်းရစ် ညာရစ် ၈ မြောင်းပါပြီး ပြောင်းရစ်တစ်ပတ်အလျှား 16.5” လက်မ နှူန်း ဖော်ထားပါတယ်။အာရှသားတွေနဲ့ ဘယ်လိုမှ မသင့်တော်ပါဘူး။

ပြောင်းထွက်အလျှင်က ၉၈၀ မီတာ နှုန်းပြေးပြီး ကျည် တစ်တောင့်တည်း နဲ့ ၁၀မမ သံချပ်ကာ ပြားကို အကွာအဝေး ၁.၅ ကီလိုမီတာ /မီတာ ၁၅၀၀ အကွာကနေ ဖောက်ထွင်းနိုင်တယ်။

လူပုံပစ်မှတ်ကတော့ မီတာ ၂၀၀၀ အထိ ကျည်စုပြန့်လွှင့်မှူ့အရ ထိရောက်နေသေးတယ်။ရိုင်ဖယ်ဟာ တိကျမြင့်မားတဲ့ ပစ်ခတ်စဉ်အတွက် လက်နက် လိုအပ်ချက်အားလုံးကို ထည့်သွင်း ဒီဇိုင်းထုတ်ထားတယ်။

ပစ်ခတ်စဉ်အတွင်း နောက်ကန်အားအဆင့်က လက်ခံလို့ရတဲ့ အနေအထားကိုလည်း မြင်ရမယ်။ကန်အားလျော့ဖို့ muzzle brake တပ်ထားပြီး သေနတ်ဒင်မှာလည်း ကန်အားဒဏ်ခံ elastic multilayer shoulder pad ထည့်ထားသေးတယ်။

Sniper Alligator ရိုင်ဖယ် ၂၀၂၀ ခုနှစ် ဇွန်လမှာ တရားဝင်ဖေ့ဘုတ်ပေ့ Snipex Facebook page ကနေမိတ်ဆက်ခဲ့ပြီး ယူကျူ့ချန်နယ် XADO ကနေ ပထမဆုံး မိတ်ဆက်မှူ့ကို ဇူလှိုင်လမှာ ရီဗြူး လုပ်လာခဲ့ပါတယ်။

ပြည်နယ် စစ်ဆေးရေး ရလဒ်များအပေါ်အခြေခံပြီး 14.5×114 မမ ကျည်သုံး Snipex Alligator ရိုင်ဖယ်ကိုယူကရိန်းတပ်မတော်က‌ ၂၀၂၀ ခုနှစ်မှာ အစမ်း အသုံးပြုလာခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လ ၂ ရက်နေ့မှာ တရားဝင် အသုံးပြုမှူ့ စတင်လာတာပဲဖြစ်ပါတယ်။

Crd..TacticalArmsReviewMyanmar

Crd

Crd

arkarta