ယူကရိန္း ကို ႐ုရွား စစ္သားမ်ား ဝိုင္းထားစဥ္ ပင္လယ္နက္ မွာ ေနတိုး ကင္းေထာက္ ေလယာဥ္မ်ား စုၿပဳံ ပ်ံသန္းေန

႐ုရွား ကအစုလိုက္အၿပဳံလိုက္ ခ်ထားတဲ့ တပ္ဖြဲ႕ေတြ ဟာ ယူကရိန္း ထဲကို လာမယ့္ သီတင္းပတ္ပိုင္း မွာ ဒါမွ မဟုတ္ လပိုင္းမွာ က်ဴးေက်ာ္ဝင္ေရာက္ႏိုင္တဲ့အေျခအေနနဲ႔ ႀကဳံေနခ်ိန္ ပင္လယ္နက္ထဲ ကို အေမရိကန္နဲ႔ ျပင္သစ္ တို႔က အေကာင္းဆုံး ေဝဟင္ ကင္းေထာက္မႈေတြ လုပ္ေဆာင္ေနပါတယ္။

အေမရိကန္ ေလတပ္က RC-135 ေလယာဥ္ေတြ သီးျခားခ်ထားတာ အျပင္ အေမရိကန္ စစ္တပ္ရဲ႕ Artemis ေလယာဥ္ေတြ နဲ႔ ျပင္သစ္ ေလတပ္ရဲ႕ Mirage 2000 ေလယာဥ္ေတြဟာ ယူကရိန္း ရဲ႕အေျခအေန ဘယ္လိုျဖစ္ေနၿပီလဲ ဆိုတာကို ကင္းေထာက္ေနၾကပါတယ္။

ယူကရိန္း နယ္စပ္တေလွ်ာက္ ႐ုရွား ကစစ္သားေတြနဲ႔သံခ်ပ္ကာ ကားေတြ ပိုၿပီးခ်ထားတဲ့အခ်ိန္မွာ ေနတိုး အဖြဲ႕ ရဲ႕ ကင္းေထာက္ေလယာဥ္ေတြ က ႐ုရွား ရဲ႕ေျခလွမ္းေတြကိုေစာင့္ၾကည့္ဖို႔ ပင္လယ္နက္ ေပၚမွာ စုၿပဳံ ပ်ံသန္း ေနၾကပါတယ္။

ေနတိုး အဖြဲ႕က ႐ုရွား နယ္စပ္ တေလွ်ာက္ ကင္းေထာက္ေလယာဥ္ေတြ ပုံမွန္ ပ်ံသန္းေလ့ ရွိေပမယ့္ အခုအ ခ်ိန္မွာ ပိုမ်ားလာတယ္လို႔ ႐ုရွား ဖက္ဒရယ္ ေလေၾကာင္းပို႔ေဆာင္ေရး ေအဂ်င္စီကေျပာပါတယ္။

႐ုရွား နယ္စပ္နားမွာ ေနတိုး အဖြဲ႕ ရဲ႕ေလယာဥ္ေတြ ပိုၿပီးပ်ံသန္းေနတာေၾကာင့္အရပ္ဖက္ေလယာဥ္ေတြ နဲ႔ဆက္စပ္တဲ့ အႏၲရာယ္ရွိတဲ့ ျဖစ္ရပ္ေတြ ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ပိုမ်ားလာတယ္လို႔ အဲဒီ ေအဂ်င္စီ က ေျပာပါတယ္။

ရန္သူရဲ႕ ေရဒါ တည္ေနရာေတြကို ေဖာ္ထုတ္ႏိုင္တဲ့ အင္ဂ်င္ေလးလုံးပါ USAF RC-135 V/W ေလယာဥ္ေတြ ဟာ ပင္လယ္နက္မွာ မၾကာခဏ ဆိုသလို ေစာင့္ၾကည့္ပ်ံသန္းေလ့ရွိပါတယ္။

႐ုရွား ေတာင္ပိုင္းစစ္ေဒသက Sukhoi တိုက္ေလယာဥ္ေတြ ကလည္း အဲဒီ ေနတိုး အဖြဲ႕ ဝင္ႏိုင္ငံေတြ ရဲ႕ ကင္းေထာက္ ေလယာဥ္ ေတြ ကိုတန္ျပန္ေစာင့္ၾကည့္ဖို႔ ပ်ံသန္းေလ့ရွိပါတယ္။

႐ုရွား က သံခ်ပ္ကာကားေတြ ဘယ္ေနရာမွာ ခ်ထားတာလဲ ၊ ဘယ္ေလေၾကာင္းကာကြယ္ေရးစနစ္က သူတို႔ကို ကာကြယ္ေပးသြားမွာလဲ ဆိုတာကို အဲဒီ ေနတိုး အဖြဲ႕ရဲ႕ကင္းေထာက္ေလယာဥ္ေတြ ကေထာက္ လွမ္းေနတာ ျဖစ္ပါတယ္။

Unicode

ရုရှား ကအစုလိုက်အပြုံလိုက် ချထားတဲ့ တပ်ဖွဲ့တွေ ဟာ ယူကရိန်း ထဲကို လာမယ့် သီတင်းပတ်ပိုင်း မှာ ဒါမှ မဟုတ် လပိုင်းမှာ ကျူးကျော်ဝင်ရောက်နိုင်တဲ့အခြေအနေနဲ့ ကြုံနေချိန် ပင်လယ်နက်ထဲ ကို အမေရိကန်နဲ့ ပြင်သစ် တို့က အကောင်းဆုံး ဝေဟင် ကင်းထောက်မှုတွေ လုပ်ဆောင်နေပါတယ်။

အမေရိကန် လေတပ်က RC-135 လေယာဉ်တွေ သီးခြား ချထားတာ အပြင် အမေရိကန် စစ်တပ်ရဲ့ Artemis လေယာဉ်တွေ နဲ့ ပြင်သစ် လေတပ်ရဲ့ Mirage 2000 လေယာဉ်တွေဟာ ယူကရိန်း ရဲ့အခြေအနေ ဘယ်လိုဖြစ်နေပြီလဲ ဆိုတာကို ကင်းထောက်နေကြပါတယ်။

ယူကရိန်း နယ်စပ်တလျှောက် ရုရှား ကစစ်သားတွေနဲ့သံချပ်ကာ ကားတွေ ပိုပြီးချထားတဲ့အချိန်မှာ နေတိုး အဖွဲ့ ရဲ့ ကင်းထောက်လေယာဉ်တွေ က ရုရှား ရဲ့ခြေလှမ်းတွေကိုစောင့်ကြည့်ဖို့ ပင်လယ်နက် ပေါ်မှာ စုပြုံ ပျံသန်း နေကြပါတယ်။

နေတိုး အဖွဲ့က ရုရှား နယ်စပ် တလျှောက် ကင်းထောက်လေယာဉ်တွေ ပုံမှန် ပျံသန်းလေ့ ရှိပေမယ့် အခုအ ချိန်မှာ ပိုများလာတယ်လို့ ရုရှား ဖက်ဒရယ် လေကြောင်းပို့ဆောင်ရေး အေဂျင်စီကပြောပါတယ်။

ရုရှား နယ်စပ်နားမှာ နေတိုး အဖွဲ့ ရဲ့လေယာဉ်တွေ ပိုပြီး ပျံသန်းနေတာကြောင့်အရပ်ဖက် လေယာဉ်တွေ နဲ့ဆက်စပ်တဲ့ အန္တရာယ်ရှိတဲ့ ဖြစ်ရပ်တွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ပိုများလာတယ်လို့ အဲဒီ အေဂျင်စီ က ပြောပါတယ်။

ရန်သူရဲ့ ရေဒါ တည်နေရာတွေကို ဖော်ထုတ်နိုင်တဲ့ အင်ဂျင်လေးလုံးပါ USAF RC-135 V/W လေယာဉ်တွေ ဟာ ပင်လယ်နက်မှာ မကြာခဏ ဆိုသလို စောင့်ကြည့်ပျံသန်းလေ့ရှိပါတယ်။

ရုရှား တောင်ပိုင်းစစ်ဒေသက Sukhoi တိုက်လေယာဉ်တွေ ကလည်း အဲဒီ နေတိုး အဖွဲ့ ဝင်နိုင်ငံတွေ ရဲ့ ကင်းထောက် လေယာဉ် တွေ ကိုတန်ပြန်စောင့်ကြည့်ဖို့ ပျံသန်းလေ့ရှိပါတယ်။

ရုရှား က သံချပ်ကာကားတွေ ဘယ်နေရာမှာ ချထားတာလဲ ၊ ဘယ်လေကြောင် းကာကွယ်ရေးစနစ်က သူတို့ကို ကာကွယ်ပေးသွားမှာလဲ ဆိုတာကို အဲဒီ နေတိုး အဖွဲ့ရဲ့ ကင်းထောက်လေယာဉ်တွေ ကထောက် လှမ်းနေတာ ဖြစ်ပါတယ်။

Crd