ယူကရိန္းမွာ ေနတိုးက ေခတ္မီလက္နက္ေတြခ်လာရင္ ႐ုရွားကလည္း အလားတူျပန္လုပ္မယ္လို႔ သမၼတပူတင္သတိေပး

ယူကရိန္းမွာ ေနတိုးက ေခတ္မီလက္နက္ေတြခ်လာရင္ ႐ုရွားကလည္း အလားတူျပန္လုပ္မယ္လို႔ သမၼတပူတင္သတိေပး

ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး မ်ဥ္းနီလမ္းေၾကာင္းေတြကို မျဖတ္ဘို႔ ႐ုရွားသမၼတပူတင္က ၿပီးခဲ့တဲ့အဂၤါေန႔က သတိေပးလိုက္တယ္လို႔ သိရပါတယ္။

ေနတိုးက ယူကရိန္းမွာ တပ္ဖြဲ႕ဝင္ေတြတပ္ျဖန႔္ခ်တာ ဒါမွမဟုတ္ ေခတ္မီလက္နက္ေတြ ခ်ထားဘို႔ လုပ္ေဆာင္တာဟာ ႐ုရွားက ဘယ္လိုမွခြင့္ျပဳမရတဲ့ မ်ဥ္းနီေတြျဖစ္ပါတယ္။

တကယ္လို႔ ေနတိုးက ႐ုရွားက သေဘာမတူနိုင္တဲ့ ယူကရိန္းမွာ ႐ုရွားကို ၁၀မိနစ္ ဒါမွမဟုတ္၅မိနစ္အတြင္း ပစ္ခတ္နိုင္တဲ့ ဒုံးေတြခ်လာရင္ဘဲျဖစ္ျဖစ္ တပ္ဖြဲ႕ဝင္ေတြကို တပ္ျဖန႔္လာရင္ဘဲျဖစ္ျဖစ္

မိမိတို႔ကလည္း ဒါကို အလားတူပုံစံအတိုင္း တုန႔္ျပန္သြားမွာျဖစ္တယ္။ အဲဒီလိုလုပ္နိုင္တဲ့စြမ္းအားလည္း ႐ုရွားမွာ အျပည့္အဝရွိတယ္လို႔ သမၼတပူတင္က ေျပာဆိုသတိေပးခဲ့တာျဖစ္ပါတယ္။

ေနတိုးက ယူကရိန္းမွာ စစ္အင္အားတိုးခ်လာပါက ဥေရာပရွိ အေမရီကန္မဟာမိတ္ေတြနဲ႔ ေျမာက္အေမရီကရွိ နိုင္ငံတစ္ခုမွာ ႐ုရွားက ဟိုက္ပါေဆာနစ္ဒုံးပ်ံေတြ တန္ျပန္ခ်ထားဘို႔ ရည္ရြယ္ေျပာဆိုခဲ့တာလို႔ စစ္ေရးေလ့လာသုံးသပ္သူေတြက ခန႔္မွန္းေနၾကတာျဖစ္ပါတယ္။
Crd..Lamin Mg
Unicode

ယူကရိန်းမှာ နေတိုးက ခေတ်မီလက်နက်တွေချလာရင် ရုရှားကလည်း အလားတူပြန်လုပ်မယ်လို့ သမ္မတပူတင်သတိပေး

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး မျဉ်းနီလမ်းကြောင်းတွေကို မဖြတ်ဘို့ ရုရှားသမ္မတပူတင်က ပြီးခဲ့တဲ့အင်္ဂါနေ့က သတိပေးလိုက်တယ်လို့ သိရပါတယ်။

နေတိုးက ယူကရိန်းမှာ တပ်ဖွဲ့ဝင်တွေတပ်ဖြန့်ချတာ ဒါမှမဟုတ် ခေတ်မီလက်နက်တွေ ချထားဘို့ လုပ်ဆောင်တာဟာ ရုရှားက ဘယ်လိုမှခွင့်ပြုမရတဲ့ မျဉ်းနီတွေဖြစ်ပါတယ်။

တကယ်လို့ နေတိုးက ရုရှားက သဘောမတူနိုင်တဲ့ ယူကရိန်းမှာ ရုရှားကို ၁ဝမိနစ် ဒါမှမဟုတ်၅မိနစ်အတွင်း ပစ်ခတ်နိုင်တဲ့ ဒုံးတွေချလာရင်ဘဲဖြစ်ဖြစ် တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်လာရင်ဘဲဖြစ်ဖြစ်

မိမိတို့ကလည်း ဒါကို အလားတူပုံစံအတိုင်း တုန့်ပြန်သွားမှာဖြစ်တယ်။ အဲဒီလိုလုပ်နိုင်တဲ့စွမ်းအားလည်း ရုရှားမှာ အပြည့်အဝရှိတယ်လို့ သမ္မတပူတင်က ပြောဆိုသတိပေးခဲ့တာဖြစ်ပါတယ်။

နေတိုးက ယူကရိန်းမှာ စစ်အင်အားတိုးချလာပါက ဥရောပရှိ အမေရီကန်မဟာမိတ်တွေနဲ့ မြောက်အမေရီကရှိ နိုင်ငံတစ်ခုမှာ ရုရှားက ဟိုက်ပါဆောနစ်ဒုံးပျံတွေ တန်ပြန်ချထားဘို့ ရည်ရွယ်ပြောဆိုခဲ့တာလို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ခန့်မှန်းနေကြတာဖြစ်ပါတယ်။
Crd..Lamin Mg