ယူကရိန္းစစ္ပြဲတြင္ ရွီႏွင့္ မိုဒီတို႔ ပူတင္ႏွင့္အတူ မရပ္တည္

Post Views:
10

ယူကရိန္းစစ္ပြဲတြင္ ရွီႏွင့္ မိုဒီတို႔ ပူတင္ႏွင့္အတူ မရပ္တည္
ယူကရိန္းစစ္ပြဲအတြက္ ပူတင္ႏွင့္အတူ မရပ္တည္သည့္အျပင္ လူသိရွင္ၾကား ေဝဖန္လိုက္တဲ့ တ႐ုတ္ႏွင့္ အိႏၵိယ
အေမရိကန္ ျပည္ေထာင္စုႏွင့္ ဥေရာပတို႔က ႐ုရွားအေပၚ ႏိုင္ငံတကာ ေထာက္ခံမႈ က်ဆင္းေအာင္ အားထုတ္ေနခ်ိန္တြင္ ယူကရိန္းစစ္ပြဲအတြက္ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္ကို တ႐ုတ္ႏွင့္ အိႏၵိယတို႔က လူသိရွင္ၾကား ေဝဖန္လိုက္ျခင္းေၾကာင့္ ထိုစစ္ပြဲအေပၚ ကမာၻ႔အျမင္မ်ား ေျပာင္းလဲလာသည့္ လကၡဏာျဖစ္ေၾကာင္း အေနာက္ႏိုင္ငံမ်ားမွ အရာရွိမ်ားက ေျပာသည္။
လြန္ခဲ့ေသာအပတ္က အိႏၵိယ ဝန္ႀကီးခ်ဳပ္ နာရန္ဒရာ မိုဒီက သမၼတ ပူတင္ကို ေဝဖန္ျခင္းႏွင့္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က စိုးရိမ္ပူပန္ေၾကာင္း ေဖာ္ျပလိုက္ျခင္းတို႔သည္ ေမာ္စကိုႏွင့္ စိတ္မသက္မသာျဖစ္ေနသည့္ လကၡဏာမ်ားျဖစ္ေၾကာင္း အေနာက္တိုင္းအရာရွိ ၃ ဦးက ေျပာသည္။ ဥဇဘက္ကစၥတန္တြင္ က်င္းပသည့္ ထိပ္သီးေဆြးေႏြးပြဲမွ ထိုမွတ္ခ်က္မ်ားသည္ ယူကရိန္းတပ္မ်ားက ႐ုရွားသိမ္းပိုက္ထားေသာ နယ္ေျမ စတုရန္း ကီလိုမီတာ ၃,၀၀၀ ေက်ာ္ကို ျပန္လည္သိမ္းပိုက္ၿပီး ရက္ပိုင္းအတြင္း ေပၚေပါက္လာေသာ မွတ္ခ်က္မ်ားျဖစ္သည္။
ထိုေဝဖန္ေျပာၾကားခ်က္မ်ားသည္ အမွန္တကယ္ စိတ္ပ်က္ေနသည့္ လကၡဏာမ်ားျဖစ္ေၾကာင္း ဥေရာပအဆင့္ျမင့္ အရာရွိတဦးက ေျပာၾကားၿပီး အိႏၵိယႏွင့္ တ႐ုတ္တို႔သည္ ႐ုရွားႏွင့္ အေနာက္ႏိုင္ငံတို႔အၾကား ၎တို႔၏ ေဆာင္႐ြက္ခ်က္မ်ားကို ထိန္းညႇိရန္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ေျပာသည္။
ထိုေျပာဆိုခ်က္မ်ားသည္ အမွန္လက္ေတြ႕ ေဝဖန္မႈမ်ားျဖစ္သည္ဟု နားလည္ေၾကာင္း ဥေရာပ အဆင့္ျမင့္ ဝန္ႀကီးတဦးက Financial Times သို႔ ေျပာသည္။
“အထူးသျဖင့္ကေတာ့ မိုဒီဆီက ေျပာၾကားခ်က္ေပါ့။ သူ (ပူတင္) ကေတာ့ သေဘာက်မယ္ မထင္ဘူး။ အခုလိုေျပာလိုက္တာက ႏွစ္ဘက္လုံးနဲ႔ မိတ္မပ်က္တဲ့ အေနအထားမို႔ အမ်ားႀကီး ပိုေကာင္းတယ္။ ႏွစ္ဘက္လုံးနဲ႔ မိတ္ေဆြ ျဖစ္ေနေတာ့ အက်ိဳးရွိတယ္” ဟုလည္း သူကေျပာသည္။
“ဒီေန႔ေခတ္က စစ္တိုက္ရမယ့္ ေခတ္မဟုတ္ဘူး” ဟု ဝန္ႀကီးခ်ဳပ္ မိုဒီက သမၼတ ပူတင္ကို ေျပာသည္။ သမၼတ ပူတင္ကလည္း “ဒီစစ္ကို ရပ္သြားေစဖို႔ က်ေနာ္တို႔ အေကာင္းဆုံး လုပ္ေဆာင္မယ္” ျပန္ေျပာဆိုသည္။
ယူကရိန္း စစ္အတြက္ သမၼတ ရွီက စိုးရိမ္သည္ကို နားလည္ေၾကာင္း သမၼတ ပူတင္က ထိုထိပ္သီးစည္းေဝးပြဲတြင္ လူသိရွင္ၾကားေျပာရၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ မိုဒီက ထိုသို႔ေဝဖန္ျခင္းျဖစ္သည္။
ဆမ္မာကန္တြင္ က်င္းပသည့္ ရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ ထိပ္သီးေဆြးေႏြးပြဲမွ ထိုသို႔ အျပန္အလွန္ ေျပာၾကားခ်က္မ်ားသည္ ေမာ္စကိုကို အေရးယူပိတ္ဆို႔မႈမ်ား မခ်မွတ္သည့္ ကမာၻ႔စီးပြားေရးမ်ားအနက္ အႀကီးဆုံးႏွစ္ခုက ယူကရိန္းစစ္ႏွင့္ ပတ္သက္ၿပီး အက်ယ္ေလာင္ဆုံး ေျပာဆိုလိုက္ျခင္း ျဖစ္သည္။
သမၼတ ပူတင္သည္ ႏိုင္ငံတကာ အသိုက္အဝန္းတြင္ သူ႔ကိုယ္သူ ပိုမိုအထီးက်န္ေအာင္ မည္သို႔ လုပ္ေဆာင္ေနသည္ကို ထိုေဝဖန္ေျပာၾကားခ်က္မ်ားက ျပသေနသည္ဟု အေမရိကန္ အမ်ိဳးသားလုံၿခဳံေရး ေကာင္စီ ထိပ္တန္းေျပာခြင့္ရသူ ဂြၽန္ကာဘီက ေျပာသည္။ “ပူညံပူညံ မလုပ္ဘဲ ႏွစ္ဘက္ခြတဲ့ ႏိုင္ငံေတြေတာင္မွ ယူကရိန္းမွာ သူ ဘာလုပ္ေနတာလဲဆိုတာ ေမးခြန္းထုတ္လာၾကၿပီ” ဟု ၎က ေျပာသည္။
တ႐ုတ္ႏွင့္ အိႏၵိယက ယူကရိန္းစစ္ကို မလိုလားေၾကာင္း ေဖာ္ျပျခင္းသည္ သမၼတ ပူတင္၏ အေနာက္ႏိုင္ငံ မဟုတ္ေသာ ႏိုင္ငံမ်ားႏွင့္ ပိုမိုနက္ရႈိင္းစြာ ဆက္ဆံေရး ရည္မွန္းခ်က္အတြက္ အလားအလာရွိေသာ အတားအဆီးျဖစ္သည္။
ထိုထိပ္သီးအစည္းအေဝး မတိုင္မီ တပတ္အလိုက သမၼတ ပူတင္သည္ ဗလာဒီေဗာ့စေတာ့ခ္တြင္ မိန႔္ခြန္းေျပာၾကားၿပီး ထိုမိန႔္ခြန္းတြင္ တ႐ုတ္ကဲ့သို႔ေသာ ႏိုင္ငံမ်ားသည္ ႐ုရွားအတြက္ ဥေရာပႏွင့္ ကုန္သြယ္ေရး ဆုံးရႈံးမႈအတြက္ ေထမိေစသည္ဟု ေျပာခဲ့သည္။
“ဒါက မိတ္ဘက္ေတြ သို႔မဟုတ္ ဦးတည္ဘက္ အေျပာင္းအလဲထက္ ပိုတယ္လို႔ က်ေနာ္ထင္တယ္။ သူက ၿပိဳင္ဘက္ ႏိုင္ငံေရး၊ စီးပြားေရး အုပ္စုတခုကိုေတာင္ ေမွ်ာ္မွန္းထားတယ္” ဟု ေမာ္စကိုမွ အေနာက္တိုင္း သံတမန္တဦးက ေျပာသည္။
တ႐ုတ္သည္ ႐ုရွားကုန္စည္မ်ား ေလွ်ာ့ေဈးျဖင့္ ရေနသည္ကို အျမတ္ထုတ္ေနေသာ္လည္း အေမရိကန္ ျပည္ေထာင္စုက ဒုတိယေနာက္ဆက္တြဲ အေရးယူမည့္ အႏၲရာယ္ေၾကာင့္ တ႐ုတ္ကုမၸဏီမ်ားသည္ ႐ုရွားကာကြယ္ေရးႏွင့္ နည္းပညာက႑မွ လစ္ဟာသြားေသာေနရာမ်ားကို ဝင္မယူရဲၾကေတာ့ေပ။
“သူတို႔က တ႐ုတ္ဆီက ပိုမိုေမွ်ာ္လင့္တယ္” ဟု ေမာ္စကိုမွ အေနာက္တိုင္းသံတမန္တဦးက ေျပာသည္။ “တ႐ုတ္ကုမၸဏီေတြကိုလည္း မလႈပ္ရွားဖို႔ ဒါမွမဟုတ္ အထက္ပိုင္းက ခြင့္ျပဳခ်က္ယူဖို႔အထိ ေျပာထားခံရပုံရတယ္” ဟုလည္း သူကဆက္ေျပာသည္။
တ႐ုတ္ႏွင့္ ဆက္ဆံေရးသည္ ဆက္လက္ခိုင္မာေနေၾကာင္း ကရင္မလင္နန္းေတာ္က ေျပာသည္။ တနဂၤေႏြေန႔က ထုတ္လြင့္သည့္ ေျပာၾကားခ်က္တခုတြင္မူ သမၼတ ပူတင္၏ ေျပာခြင့္ရသူ ဒီမီထရီ ပက္စ္ေကာ့ဗ္က ႐ုရွားႏိုင္ငံပိုင္ ႐ုပ္သံသို႔ ေျပာၾကားေသာအခါ ေမာ္စကိုႏွင့္ ေဘဂ်င္းတို႔သည္ အေမရိကန္ျပည္ေထာင္စုမွ ျမစ္ဖ်ားခံသည့္ ရန္စသည့္ လုပ္ရပ္အားလုံးကို သုံးသပ္ရာတြင္ တူညီေၾကာင္းႏွင့္ ထိုသို႔ေသာ အဖ်က္လုပ္ရပ္မ်ားကို လက္မခံေၾကာင္း ေျပာသည္။
အေနာက္တိုင္း၏ ဒုတိယဆင့္ အေရးယူမႈမ်ားသည္ တ႐ုတ္ႏွင့္ ႐ုရွား ကုန္သြယ္ေရးအတြက္ ပို၍ရႈပ္ေထြးၿပီး အႏုတ္လကၡဏာ ေဆာင္ေစသည္ကို သူဝန္ခံေသာ္လည္း အေျခခံလမ္းေၾကာင္းမွာ တိုးတက္မႈ ျဖစ္ေသာေၾကာင့္ ထိုအေရးယူမႈမ်ားသည္ ႀကီးႀကီးမားမား သက္ေရာက္မႈမရွိေၾကာင္း ေျပာသည္။
ေပးပို႔သည့္ သတင္းစကားမွာ ရွင္းလင္းေသာ္လည္း သမၼတ ရွီႏွင့္ ဝန္ႀကီးခ်ဳပ္ မိုဒီသည္ ယူကရိန္းျပႆနာကို တိုက္႐ိုက္မေျပာသလို ယူကရိန္းကိုလည္း ေထာက္ခံျခင္းမရွိေၾကာင္း သုေတသီမ်ားက ေျပာသည္။ ႏွစ္ႏိုင္ငံလုံးသည္ ႐ုရွားစြမ္းအင္ ပို႔ကုန္မ်ားကို ပိုမိုဝယ္ယူေနၾကၿပီး ေမာ္စကိုႏွင့္ စြမ္းအင္ကုန္သြယ္မႈမ်ားကို ဆက္လက္ လုပ္ကိုင္ေနသည္မွာ ၇ လၾကာၿပီဟု ေျပာသည္။
“မိုဒီေျပာတဲ့စကားက ရွင္းတယ္။ သူက ပူတင္နဲ႔အတူ မရပ္တည္ေၾကာင္း အေနာက္တိုင္းကို ေျပာလိုက္တာ” ဟု နယူးေဒလီရွိ မူဝါဒ သုေတသနဌာန သုေတသီ ဆပ္ရွန္ဆင္းဂ္က ေျပာသည္။
ဝန္ႀကီးခ်ဳပ္ မိုဒီေျပာသည့္ စကားသည္ ယူကရိန္း၏ အခ်ဳပ္အျခာအာဏာပိုင္မႈ၊ နယ္ေျမ တည္တံ့ခိုင္ၿမဲမႈႏွင့္ အျငင္းပြားဖြယ္ရာမ်ားကို ကိုယ္စားမျပဳဘဲ ထိုစစ္ပြဲေၾကာင့္ျဖစ္လာသည့္ ရိကၡာ၊ ေလာင္စာ၊ ဓာတ္ေျမၾသဇာ မလုံေလာက္မႈမ်ားကိုသာ အဓိကထားေၾကာင္း ၎ကေျပာသည္။
မည္သို႔ဆိုေစကာမူ အေနာက္တိုင္း အရာရွိမ်ားက ဝန္ႀကီးခ်ဳပ္ မိုဒီႏွင့္ သမၼတ ရွီ၏ စိုးရိမ္ပူပန္မႈမ်ားသည္ သမၼတ ပူတင္ေျပာေနသည့္ အေနာက္တိုင္းက ႐ုရွားကို ပိတ္ပင္မႈေၾကာင့္ စီးပြားေရး ႐ိုက္ခတ္မႈမ်ား ျဖစ္ရသည္ဆိုသည့္အခ်က္ကို စိန္ေခၚလိုက္ျခင္းျဖစ္သည္ဟု ယူဆၾကသည္။
ယူကရိန္း၏ မၾကာေသးမီက စစ္ေျမျပင္ေအာင္ပြဲမ်ားသည္ ႐ုရွားတပ္မ်ား၏ အားနည္းခ်က္မ်ားႏွင့္ စိတ္ဓာတ္က်ဆင္းမႈကို ျပသေနေၾကာင္း ဥေရာပသမဂၢ သံတမန္ေရး အႀကီအကဲ ဂ်ိဳးဆက္ ေဘာ္ရယ္က ျပင္သစ္သတင္းစာ Journal du Dimanche တြင္ တနဂၤေႏြေန႔က ေရးသားခဲ့သည္။ ထိုျဖစ္ရပ္မ်ားက ယူကရိန္းသည္ စစ္ပြဲကို မႏိုင္ေသးေစကာမူ ႐ုရွားရႈံးေနေၾကာင္း သံသယရွိစရာ မလိုဟု သူကေရးသားသည္။
စစ္ပြဲၿပီးရန္ ၾကာဦးမည္ျဖစ္ေသာ္လည္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တခုကို စတင္စဥ္းစားရန္ အခ်ိန္က်ေရာက္ၿပီျဖစ္ေၾကာင္း သူက သတိေပးသည္။
ကိုးကား။ ။ Financial Times သတင္း Xi and Modi ‘not standing with Putin’ over war in Ukraine, analysts say
ခရက်ဒစ်
Unicode
ယူကရိန်းစစ်ပွဲတွင် ရှီနှင့် မိုဒီတို့ ပူတင်နှင့်အတူ မရပ်တည်
ယူကရိန်းစစ်ပွဲအတွက် ပူတင်နှင့်အတူ မရပ်တည်သည့်အပြင် လူသိရှင်ကြား ဝေဖန်လိုက်တဲ့ တရုတ်နှင့် အိန္ဒိယ
အမေရိကန် ပြည်ထောင်စုနှင့် ဥရောပတို့က ရုရှားအပေါ် နိုင်ငံတကာ ထောက်ခံမှု ကျဆင်းအောင် အားထုတ်နေချိန်တွင် ယူကရိန်းစစ်ပွဲအတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တရုတ်နှင့် အိန္ဒိယတို့က လူသိရှင်ကြား ဝေဖန်လိုက်ခြင်းကြောင့် ထိုစစ်ပွဲအပေါ် ကမ္ဘာ့အမြင်များ ပြောင်းလဲလာသည့် လက္ခဏာဖြစ်ကြောင်း အနောက်နိုင်ငံများမှ အရာရှိများက ပြောသည်။
လွန်ခဲ့သောအပတ်က အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက သမ္မတ ပူတင်ကို ဝေဖန်ခြင်းနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က စိုးရိမ်ပူပန်ကြောင်း ဖော်ပြလိုက်ခြင်းတို့သည် မော်စကိုနှင့် စိတ်မသက်မသာဖြစ်နေသည့် လက္ခဏာများဖြစ်ကြောင်း အနောက်တိုင်းအရာရှိ ၃ ဦးက ပြောသည်။ ဥဇဘက်ကစ္စတန်တွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲမှ ထိုမှတ်ချက်များသည် ယူကရိန်းတပ်များက ရုရှားသိမ်းပိုက်ထားသော နယ်မြေ စတုရန်း ကီလိုမီတာ ၃,၀၀၀ ကျော်ကို ပြန်လည်သိမ်းပိုက်ပြီး ရက်ပိုင်းအတွင်း ပေါ်ပေါက်လာသော မှတ်ချက်များဖြစ်သည်။
ထိုဝေဖန်ပြောကြားချက်များသည် အမှန်တကယ် စိတ်ပျက်နေသည့် လက္ခဏာများဖြစ်ကြောင်း ဥရောပအဆင့်မြင့် အရာရှိတဦးက ပြောကြားပြီး အိန္ဒိယနှင့် တရုတ်တို့သည် ရုရှားနှင့် အနောက်နိုင်ငံတို့အကြား ၎င်းတို့၏ ဆောင်ရွက်ချက်များကို ထိန်းညှိရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။
ထိုပြောဆိုချက်များသည် အမှန်လက်တွေ့ ဝေဖန်မှုများဖြစ်သည်ဟု နားလည်ကြောင်း ဥရောပ အဆင့်မြင့် ဝန်ကြီးတဦးက Financial Times သို့ ပြောသည်။
“အထူးသဖြင့်ကတော့ မိုဒီဆီက ပြောကြားချက်ပေါ့။ သူ (ပူတင်) ကတော့ သဘောကျမယ် မထင်ဘူး။ အခုလိုပြောလိုက်တာက နှစ်ဘက်လုံးနဲ့ မိတ်မပျက်တဲ့ အနေအထားမို့ အများကြီး ပိုကောင်းတယ်။ နှစ်ဘက်လုံးနဲ့ မိတ်ဆွေ ဖြစ်နေတော့ အကျိုးရှိတယ်” ဟုလည်း သူကပြောသည်။
“ဒီနေ့ခေတ်က စစ်တိုက်ရမယ့် ခေတ်မဟုတ်ဘူး” ဟု ဝန်ကြီးချုပ် မိုဒီက သမ္မတ ပူတင်ကို ပြောသည်။ သမ္မတ ပူတင်ကလည်း “ဒီစစ်ကို ရပ်သွားစေဖို့ ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်မယ်” ပြန်ပြောဆိုသည်။
ယူကရိန်း စစ်အတွက် သမ္မတ ရှီက စိုးရိမ်သည်ကို နားလည်ကြောင်း သမ္မတ ပူတင်က ထိုထိပ်သီးစည်းဝေးပွဲတွင် လူသိရှင်ကြားပြောရပြီးနောက် ဝန်ကြီးချုပ် မိုဒီက ထိုသို့ဝေဖန်ခြင်းဖြစ်သည်။
ဆမ်မာကန်တွင် ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲမှ ထိုသို့ အပြန်အလှန် ပြောကြားချက်များသည် မော်စကိုကို အရေးယူပိတ်ဆို့မှုများ မချမှတ်သည့် ကမ္ဘာ့စီးပွားရေးများအနက် အကြီးဆုံးနှစ်ခုက ယူကရိန်းစစ်နှင့် ပတ်သက်ပြီး အကျယ်လောင်ဆုံး ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သမ္မတ ပူတင်သည် နိုင်ငံတကာ အသိုက်အဝန်းတွင် သူ့ကိုယ်သူ ပိုမိုအထီးကျန်အောင် မည်သို့ လုပ်ဆောင်နေသည်ကို ထိုဝေဖန်ပြောကြားချက်များက ပြသနေသည်ဟု အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီ ထိပ်တန်းပြောခွင့်ရသူ ဂျွန်ကာဘီက ပြောသည်။ “ပူညံပူညံ မလုပ်ဘဲ နှစ်ဘက်ခွတဲ့ နိုင်ငံတွေတောင်မှ ယူကရိန်းမှာ သူ ဘာလုပ်နေတာလဲဆိုတာ မေးခွန်းထုတ်လာကြပြီ” ဟု ၎င်းက ပြောသည်။
တရုတ်နှင့် အိန္ဒိယက ယူကရိန်းစစ်ကို မလိုလားကြောင်း ဖော်ပြခြင်းသည် သမ္မတ ပူတင်၏ အနောက်နိုင်ငံ မဟုတ်သော နိုင်ငံများနှင့် ပိုမိုနက်ရှိုင်းစွာ ဆက်ဆံရေး ရည်မှန်းချက်အတွက် အလားအလာရှိသော အတားအဆီးဖြစ်သည်။
ထိုထိပ်သီးအစည်းအဝေး မတိုင်မီ တပတ်အလိုက သမ္မတ ပူတင်သည် ဗလာဒီဗော့စတော့ခ်တွင် မိန့်ခွန်းပြောကြားပြီး ထိုမိန့်ခွန်းတွင် တရုတ်ကဲ့သို့သော နိုင်ငံများသည် ရုရှားအတွက် ဥရောပနှင့် ကုန်သွယ်ရေး ဆုံးရှုံးမှုအတွက် ထေမိစေသည်ဟု ပြောခဲ့သည်။
“ဒါက မိတ်ဘက်တွေ သို့မဟုတ် ဦးတည်ဘက် အပြောင်းအလဲထက် ပိုတယ်လို့ ကျနော်ထင်တယ်။ သူက ပြိုင်ဘက် နိုင်ငံရေး၊ စီးပွားရေး အုပ်စုတခုကိုတောင် မျှော်မှန်းထားတယ်” ဟု မော်စကိုမှ အနောက်တိုင်း သံတမန်တဦးက ပြောသည်။
တရုတ်သည် ရုရှားကုန်စည်များ လျှော့ဈေးဖြင့် ရနေသည်ကို အမြတ်ထုတ်နေသော်လည်း အမေရိကန် ပြည်ထောင်စုက ဒုတိယနောက်ဆက်တွဲ အရေးယူမည့် အန္တရာယ်ကြောင့် တရုတ်ကုမ္ပဏီများသည် ရုရှားကာကွယ်ရေးနှင့် နည်းပညာကဏ္ဍမှ လစ်ဟာသွားသောနေရာများကို ဝင်မယူရဲကြတော့ပေ။
“သူတို့က တရုတ်ဆီက ပိုမိုမျှော်လင့်တယ်” ဟု မော်စကိုမှ အနောက်တိုင်းသံတမန်တဦးက ပြောသည်။ “တရုတ်ကုမ္ပဏီတွေကိုလည်း မလှုပ်ရှားဖို့ ဒါမှမဟုတ် အထက်ပိုင်းက ခွင့်ပြုချက်ယူဖို့အထိ ပြောထားခံရပုံရတယ်” ဟုလည်း သူကဆက်ပြောသည်။
တရုတ်နှင့် ဆက်ဆံရေးသည် ဆက်လက်ခိုင်မာနေကြောင်း ကရင်မလင်နန်းတော်က ပြောသည်။ တနင်္ဂနွေနေ့က ထုတ်လွင့်သည့် ပြောကြားချက်တခုတွင်မူ သမ္မတ ပူတင်၏ ပြောခွင့်ရသူ ဒီမီထရီ ပက်စ်ကော့ဗ်က ရုရှားနိုင်ငံပိုင် ရုပ်သံသို့ ပြောကြားသောအခါ မော်စကိုနှင့် ဘေဂျင်းတို့သည် အမေရိကန်ပြည်ထောင်စုမှ မြစ်ဖျားခံသည့် ရန်စသည့် လုပ်ရပ်အားလုံးကို သုံးသပ်ရာတွင် တူညီကြောင်းနှင့် ထိုသို့သော အဖျက်လုပ်ရပ်များကို လက်မခံကြောင်း ပြောသည်။
အနောက်တိုင်း၏ ဒုတိယဆင့် အရေးယူမှုများသည် တရုတ်နှင့် ရုရှား ကုန်သွယ်ရေးအတွက် ပို၍ရှုပ်ထွေးပြီး အနုတ်လက္ခဏာ ဆောင်စေသည်ကို သူဝန်ခံသော်လည်း အခြေခံလမ်းကြောင်းမှာ တိုးတက်မှု ဖြစ်သောကြောင့် ထိုအရေးယူမှုများသည် ကြီးကြီးမားမား သက်ရောက်မှုမရှိကြောင်း ပြောသည်။
ပေးပို့သည့် သတင်းစကားမှာ ရှင်းလင်းသော်လည်း သမ္မတ ရှီနှင့် ဝန်ကြီးချုပ် မိုဒီသည် ယူကရိန်းပြဿနာကို တိုက်ရိုက်မပြောသလို ယူကရိန်းကိုလည်း ထောက်ခံခြင်းမရှိကြောင်း သုတေသီများက ပြောသည်။ နှစ်နိုင်ငံလုံးသည် ရုရှားစွမ်းအင် ပို့ကုန်များကို ပိုမိုဝယ်ယူနေကြပြီး မော်စကိုနှင့် စွမ်းအင်ကုန်သွယ်မှုများကို ဆက်လက် လုပ်ကိုင်နေသည်မှာ ၇ လကြာပြီဟု ပြောသည်။
“မိုဒီပြောတဲ့စကားက ရှင်းတယ်။ သူက ပူတင်နဲ့အတူ မရပ်တည်ကြောင်း အနောက်တိုင်းကို ပြောလိုက်တာ” ဟု နယူးဒေလီရှိ မူဝါဒ သုတေသနဌာန သုတေသီ ဆပ်ရှန်ဆင်းဂ်က ပြောသည်။
ဝန်ကြီးချုပ် မိုဒီပြောသည့် စကားသည် ယူကရိန်း၏ အချုပ်အခြာအာဏာပိုင်မှု၊ နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် အငြင်းပွားဖွယ်ရာများကို ကိုယ်စားမပြုဘဲ ထိုစစ်ပွဲကြောင့်ဖြစ်လာသည့် ရိက္ခာ၊ လောင်စာ၊ ဓာတ်မြေသြဇာ မလုံလောက်မှုများကိုသာ အဓိကထားကြောင်း ၎င်းကပြောသည်။
မည်သို့ဆိုစေကာမူ အနောက်တိုင်း အရာရှိများက ဝန်ကြီးချုပ် မိုဒီနှင့် သမ္မတ ရှီ၏ စိုးရိမ်ပူပန်မှုများသည် သမ္မတ ပူတင်ပြောနေသည့် အနောက်တိုင်းက ရုရှားကို ပိတ်ပင်မှုကြောင့် စီးပွားရေး ရိုက်ခတ်မှုများ ဖြစ်ရသည်ဆိုသည့်အချက်ကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်ဟု ယူဆကြသည်။
ယူကရိန်း၏ မကြာသေးမီက စစ်မြေပြင်အောင်ပွဲများသည် ရုရှားတပ်များ၏ အားနည်းချက်များနှင့် စိတ်ဓာတ်ကျဆင်းမှုကို ပြသနေကြောင်း ဥရောပသမဂ္ဂ သံတမန်ရေး အကြီအကဲ ဂျိုးဆက် ဘော်ရယ်က ပြင်သစ်သတင်းစာ Journal du Dimanche တွင် တနင်္ဂနွေနေ့က ရေးသားခဲ့သည်။ ထိုဖြစ်ရပ်များက ယူကရိန်းသည် စစ်ပွဲကို မနိုင်သေးစေကာမူ ရုရှားရှုံးနေကြောင်း သံသယရှိစရာ မလိုဟု သူကရေးသားသည်။
စစ်ပွဲပြီးရန် ကြာဦးမည်ဖြစ်သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုကို စတင်စဉ်းစားရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း သူက သတိပေးသည်။
ကိုးကား။ ။ Financial Times သတင်း Xi and Modi ‘not standing with Putin’ over war in Ukraine, analysts say
Crd
Crd