ယနေ့ မြန်မာပြည်မှာပါ အလိမ်ခံနေကြရတဲ့ လိမ်နည်းကို တီထွင်ခဲ့သူ ကမ္ဘာကျော် လူလိမ်ကြီးအကြောင်း

ယနေ့ မြန်မာပြည်မှာပါ အလိမ်ခံနေကြရတဲ့ လိမ်နည်းကို တီထွင်ခဲ့သူ ကမ္ဘာကျော် လူလိမ်ကြီးအကြောင်း

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

“​ေတာင္းပန္ပါတယ္! ကြၽန္​ေတာ္/ကြၽန္မတို႔ ပိုက္ဆံ​ေတြကို လိမ္သြား​ေပးပါ။ ” (Charles Ponzi’s scamming scandal)

” ကြၽန္​ေတာ့္အ​ေမက ကြၽန္​ေတာ့္ကို ၂ ​ေဒၚလာခြဲ အိတ္ကပ္ထဲထည့္​ေပးၿပီး အ​ေမရိကန္ ​ပို႔ခဲ့တယ္။

 

 

ဒါ​ေပမယ့္ ကြၽန္​​ေတာ့္ ႏွလုံးသားထဲမွာ​ေတာ့ ​ေဒၚလာသန္းခ်ီတဲ့ အႀကံအစည္​ေတြထည့္ၿပီး ဒီကိုေရာက္လာတာဗ် ။ ”

ဒီစကားကို ​ေျပာခဲ့သူက​ေတာ့ အ​ေမရိကန္​ေ႐ႊ႕​ေျပာင္းအလုပ္သမား အီတလီသား​ေလး ခ်ားလ္ပြန္ဇီ​.. ။

စီးပြား​ေရး​ေလာကမွာ ” Ponzi’s scheme ” ဆိုၿပီး ​ေျပာစမွတ္တြင္သြားရ​ေလာက္​ေအာင္ ပိုက္ဆံမ်က္လွည့္ျပသြားခဲ့သူ​ေပါ့။

သူက ရာဇဝင္နဲ႔ကိုလာတာဗ်။ ငယ္ငယ္တုန္းက တကၠသိုလ္တက္ဖို႔ (၄) ႏွစ္စာ ​ေက်ာင္းစရိတ္​ကို ဘား၊ ကလပ္​ေတြတက္ၿပီး တခဏ​ေလးအတြင္း အကုန္ျဖဳန္းပစ္ခဲ့သူ။

အ​ေမရိကန္မွာ​ ေ႐ႊ႕​ေျပာင္း​ေရာက္လာ​ေတာ့လည္း စားပြဲထိုးလုပ္ရင္း Customer ပစၥည္း​ေတြခိုးခဲ့လို႔ အလုပ္ထုတ္ခံခဲ့ရသူ။

 

 

​​အ​ေၾကာင္းအမ်ိဳးမ်ိဳး​ေၾကာင့္ ​ေထာင္​ေတြက်ျပန္​ေတာ့လည္း ​ေထာင္ထဲမွာ ​ဝံပ​ေလြလို​ေကာက္က်စ္သူလို႔ တင္စားထားရတဲ့ ကမာၻ​ေက်ာ္လူလိမ္ႀကီး အီနာဇီယိုလူပို ၊

ခ်ားလ္စ္​ေမာ့စ္ တို႔ဆီမွာ အနီးကပ္ပညာသင္ၾကားခြင့္ရခဲ့ၿပီး ​လိမ္လည္ျခင္းအတတ္ပညာမွာ တစ္ဖက္ကမ္းခပ္ ကြၽမ္းက်င္လာခဲ့သူ..။

​ေထာင္ကထြက္လာၿပီး ၂ ႏွစ္​ေလာက္အၾကာမွာ​ေတာ့ ကမာၻ​ေက်ာ္​ေစမယ့္ မုသားဒႆန​ေတြနဲ႔ အ​ေနာက္ကမာၻတစ္ခုလုံးကို ကိုင္လႈပ္ႏိုင္ခဲ့သူ​ေပါ့။

စီးပြား​ေရးသမား လုပ္ငန္းရွင္တျဖစ္လည္း ပြန္ဇီက (၁၉၁၉) ခုႏွစ္မွာ IRC – စာပို႔တံဆိပ္​ေခါင္းလုပ္ငန္းရဲ႕ အားနည္းခ်က္တစ္ခုကို ရွာ​ေဖြ​ေတြ႕ရွိခဲ့ၿပီး

သူ႔အတြက္ ဘယ္လိုလုပ္ရင္ အခ်ိန္တိုအတြင္း ပိုက္ဆံတိုးပြားလာႏိုင္လဲဆို​တာကို ​ေတြ႕ခဲ့တယ္။

ဒီလိုနဲ႔ စ​ေတာ့ရွယ္ယာ အ​ေရာင္းအဝယ္လုပ္တဲ့ ကုမၸဏီတစ္ခုကိုတည္​ေထာင္ၿပီး အရင္းအႏွီး​ရ​ေအာင္ ႀကံဆခဲ့တယ္။

အဲ့ဒီမတိုင္ခင္တုန္းက ဟန္ႏိုဗာထရက္စ္ ကုမၸဏီက​ေန ​ေခ်း​ေငြရဖို႔ ႀကိဳးစားခဲ့​ေပမယ့္ ကုမၸဏီမန္​ေနဂ်ာက သူ႔ကိုမယုံခဲ့လို႔ ​ေခ်း​ေငြမထုတ္​ေပးခဲ့ဘူးတဲ့။

 

 

သူကဘာ​ေျပာခဲ့တာလဲဆို​ေတာ့.. မင္းတို႔ ငါ့ဆီမွာရင္းႏွီးျမႇဳပ္ႏွံမယ္ဆိုရင္ ရက္​ေပါင္း (၉၀) အတြင္း မင္းတို႔ရင္းႏွီး​ေငြရဲ႕ ႏွစ္ဆျပန္ရဖို႔ အာမခံႏိုင္တယ္။

ငါအခု အခ်ီႀကီးျမတ္မယ့္ တံဆိပ္​​ေခါင္း Trading လုပ္ငန္းတစ္ခုကို ရွာ​ေဖြ​ေတြ႕ရွိထားတယ္​လို႔အယုံသြင္းသတဲ့။

မ​ေအာင္ျမင္​ေတာ့ ေနာက္ပိုင္းမွာ ရက္​ေပါင္း (၄၅) ရက္အတြင္း ရင္းႏွီးျမႇဳပ္ႏွံ​ေငြရဲ႕ ၅၀% ျမတ္ဖို႔ အာမခံတယ္ဆိုၿပီး ​ေဘာ္စတြန္မွာရွိတဲ့ သူ႔သူငယ္ခ်င္း​ေတြကို ထပ္​ေျပာျပန္တယ္။

ယုံတစ္ဝက္ မယုံတစ္ဝက္နဲ႔ သူ႔သူငယ္ခ်င္း​ေတြကလည္း သူ႔ဆီမွာ ရင္းႏွီးျမႇဳပ္ႏွံ​ေငြ နည္းနည္းစီထည့္ၾကပါတယ္။

သိပ္မၾကာခင္မွာ ဟိတ္ဟန္ပိုျပႏိုင္​ေအာင္လို႔ ကုမၸဏီ႐ုံးခန္းအႀကီးႀကီးထပ္ငွားၿပီး သူ႔ရဲ႕ လုပ္ငန္းကို​ေၾကာ္ျငာတယ္​ေပါ့။ ​

ပထမဆုံးလမွာတင္ လူ​ေပါင္း (၁၈)​ ေယာက္ကရင္းႏွီးျမႇဳပ္ႏွံ​ေငြ $1800 ​ကို ထည့္သြင္းျမႇဳပ္ႏွံခဲ့လို႔ အဲ့ဒီ​ေငြ​ေတြနဲ႔

သူ႔ဆီမွာ ကနဦးရင္းႏွီး​ေငြထည့္ထားတဲ့ Investor ​ေတြဆီ ကတိ​ေပးထားတဲ့အျမတ္​ေငြ​ေတြအတိုင္း ခြဲ​ေဝ​ေပးခဲ့တယ္။

ရင္းႏွီးျမႇဳပ္ႏွံသူ အသစ္ဆီက ရသမွ်​ capitals ေငြ​​ေၾကးေတြကို ​ေရွ႕က Investor ​ေတြဆီ အျမတ္ျပန္ခြဲ​ေပးရင္း သူ႔ရဲ႕လိမ္စင္လုပ္ငန္းဟာ တမုဟုခ်င္း ႀကီးထြားလာခဲ့တယ္။

 

 

ဘယ္​ေလာက္အထိ​ေတာင္ျဖစ္လာသလဲဆိုရင္ လူလတ္တန္းစား​ေတြက အိမ္​ပိုင္ဆိုင္မႈ​ေတြပါ ​ေပါင္ႏွံၿပီး ပြန္ဇီ့ဆီမွာ ရင္းႏွီး​ေငြထည့္ၾကတဲ့အထိပါပဲတဲ့။

” ​​ေတာင္းပန္ပါတယ္။ ကြၽန္​ေတာ့္ပိုက္ဆံ​ေတြလိမ္​​ေပးပါ။ ကြၽန္မပိုက္ဆံ​ေတြကို လိမ္​​ေပးပါ ” လို႔ လက္ယက္​ေခၚ​ေနၾကတဲ့အလား.. Ponzi’s scheme မွာ လူတိုင္းက ​ေငြထည့္ခ်င္​ေနၾက​ေတာ့တာဗ်။

ဒီအထဲမွာ ​ေဘာ္စတြန္ၿမိဳ႕ရဲ႕ ​ေရ​ေပၚဆီ ဓနရွင္လူတန္းစားေတြ၊ ရဲတပ္ဖြဲ႕ဝင္​ေတြ​ေတာင္ အမ်ားႀကီး ပါဝင္တယ္ဆိုပဲ..။

ကုမၸဏီ႐ုံးခန္းအသစ္​ေထာင္ၿပီး လပိုင္းအတြင္းမွာတင္ ပြန္ဇီရဲ႕ကုမၸဏီမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ ကန္​ေဒၚလာ ၂.၅ သန္း (ယ​ေန႔ကာလတန္ဖိုး – ကန္​ေဒၚလာ ၃၂ သန္း) အထိ ျမင့္တက္လာခဲ့တယ္။

သူက​ေတာ့ မန္ဆက္ခ်ဴးဆက္ျပည္နယ္၊ လက္ရွင္တန္ၿမိဳ႕မွာ အ​​ေကာင္းစား ဇိမ္ခံအိမ္ႀကီးႀကီး တစ္လုံးဝယ္ၿပီး ​ေအး​ေဆးဇိမ္ခံ​ေန​ေနတာ​ေပါ့။

ဒါ​ေပမယ့္ သူ​ေျပာထားတဲ့အတိုင္း IRC က​ေန တံဆိပ္​ေခါင္း​ေတြကို မဝယ္ခဲ့​ေတာ့ လုပ္ငန္းလည္ပတ္မႈက အမွန္တကယ္ရွိမ​ေနဘဲ

ပိရမစ္ပုံစံ ဝင္လာတဲ့ ​ေငြ​ေတြ​ေၾကာင့္ သူရဲ႕ ဝင္​ေငြဟာ ​ေလပူ​ေဖာင္းလို တစ္စတစ္စ ႀကီးလာၿပီး သတင္းဌာန​ေတြက သူ႔အ​ေၾကာင္းစိတ္ဝင္တစား ​ေစာင့္ၾကည့္​ေနခဲ့တယ္။

 

 

The Boston Post သတင္းစာကလည္း ပြန္ဇီကုမၸဏီရဲ႕ ႀကီးထြားမႈႏႈန္းဟာ သမိုင္းတစ္​ေလွ်ာက္ဘယ္သူမွလိုက္မမီတဲ့ ​ေငြ​ေၾကးရင္းျမစ္​ေတြနဲ႔ ႀကီးထြား​ေန​ေၾကာင္း လုပ္ငန္းရဲ႕ သ​ေဘာတရား​ေတြကိုပါ ဖြင့္ခ်လိုက္တယ္။

အဲ့​ေနာက္မွာေတာ့ သတင္းဌာ​ေန​ေတြ ​ေတာက္​ေလွ်ာက္လိုက္လာၾကၿပီး မန္ဆက္ခ်ဴးဆက္ အာဏာပိုင္​ေတြက သူ႔ကို စုံစမ္းစစ္​ေဆးမႈ​ေတြျပဳလုပ္ၿပီး ​ေနာက္ဆုံးမွာ ပြန္ဇီစကင္းမ္ပူ​ေဖာင္းႀကီး ​ေပါက္ကြဲထြက္ဖို႔ ျဖစ္လာ​ေတာ့တာ​ေပါ့။

အ​ေမရိကန္ကို ၂​ ေဒၚလာခြဲနဲ႔​ေရာက္လာတဲ့ ​ေကာင္​ေလးက သူ​ေျပာထားတဲ့အတိုင္း ႏွလုံးသားထဲမွာ ကိန္း​ေအာင္း​ေနတဲ့

မီလီယံအိပ္မက္​ေတြကို​​​ေတာ့ အ​ေကာင္အထည္​ေဖာ္သြားႏိုင္ခဲ့ၿပီး ခဏ​ေတာ့ ​ေလာကစည္းစိမ္​ေတြ ခံစားႏိုင္ခဲ့ပါရဲ..။ ဇာတ္လမ္းက​ေတာ့ ဒီ​ေလာက္ပါပဲ။

 

 

အႏွစ္ခ်ဳပ္ျပန္​ေျပာရရင္ ပြန္ဇီရဲ႕လိမ္စင္ Ponzi’s scheme ဆိုတာ လုပ္ငန္းကို ဗန္းျပ၊ Investment ေတြကို ပိရမစ္ပုံစံတည္​ေဆာက္ၿပီး ရင္းႏွီးျမႇဳပ္ႏွံသူ Investor ​ေတြကို စနစ္တက် ​ေခၚတာဗ်။

မက္​ေလာက္စရာ အျမတ္​ေငြပမာဏက လူ​ေတြကို ယစ္မူး​ေစၿပီး ပိရမစ္ထိပ္ပိုင္းမွာရွိတဲ့ Investor ​ေတြက​ေတာ့ ပြန္ဇီနဲ႔အတူစံစားရင္း

​ပိရမစ္​ေအာက္​ပိုင္း​ေရာက္လာတာနဲ႔ ​ေငြ​ေၾကးမလည္ပတ္ႏိုင္​ေတာ့တဲ့အခါ အခ်ီႀကီးလိမ္ထြက္​ေျပးမယ့္ အကြက္​ေတြ​ေပါ့။

အခုလတ္တ​ေလာ ျမန္မာႏိုင္ငံမွာလည္း Ponzi scheme ျဖစ္ရပ္နဲ႔တူတဲ့ လိမ္စင္လုပ္ငန္း​ေလး​ေတြ ခပ္ဆင္ဆင္ ခပ္စိပ္စိပ္ ​ေတြ႕လာရပါၿပီ။

” ​ေတာင္းပန္ပါတယ္။ ကြၽန္​​ေတာ့္ပိုက္ဆံ​ေတြလိမ္သြား​ေပးပါ။ ကြၽန္​မပိုက္ဆံ​ေတြလိမ္သြား​ေပးပါ။ ” ဆိုတဲ့ စကားကို

ခင္ဗ်ားပတ္ဝန္းက်င္က ​ေဆြမ်ိဳး​မိတ္​ေဆြ သူငယ္ခ်င္း​ေတြ ​ေျပာဖို႔ႀကံ​ေနတာ​ေတြ႕ရင္ ဒီစာ​ေလးကို ​ေဝမွ်​ေပးလိုက္ၾကပါဦး..။

​ေလးစားစြာျဖင့္ – Khun Htee

Unicode

“​တောင်းပန်ပါတယ်! ကျွန်​တော်/ကျွန်မတို့ ပိုက်ဆံ​တွေကို လိမ်သွား​ပေးပါ။ ” (Charles Ponzi’s scamming scandal)

” ကျွန်​တော့်အ​မေက ကျွန်​တော့်ကို ၂ ​ဒေါ်လာခွဲ အိတ်ကပ်ထဲထည့်​ပေးပြီး အ​မေရိကန် ​ပို့ခဲ့တယ်။

ဒါ​ပေမယ့် ကျွန်​​တော့် နှလုံးသားထဲမှာ​တော့ ​ဒေါ်လာသန်းချီတဲ့ အကြံအစည်​တွေထည့်ပြီး ဒီကိုရောက်လာတာဗျ ။ ”

ဒီစကားကို ​ပြောခဲ့သူက​တော့ အ​မေရိကန်​ရွှေ့​ပြောင်းအလုပ်သမား အီတလီသား​လေး ချားလ်ပွန်ဇီ​.. ။

စီးပွား​ရေး​လောကမှာ ” Ponzi’s scheme ” ဆိုပြီး ​ပြောစမှတ်တွင်သွားရ​လောက်​အောင် ပိုက်ဆံမျက်လှည့်ပြသွားခဲ့သူ​ပေါ့။

သူက ရာဇဝင်နဲ့ကိုလာတာဗျ။ ငယ်ငယ်တုန်းက တက္ကသိုလ်တက်ဖို့ (၄) နှစ်စာ ​ကျောင်းစရိတ်​ကို ဘား၊ ကလပ်​တွေတက်ပြီး တခဏ​လေးအတွင်း အကုန်ဖြုန်းပစ်ခဲ့သူ။

အ​မေရိကန်မှာ​ ရွှေ့​ပြောင်း​ရောက်လာ​တော့လည်း စားပွဲထိုးလုပ်ရင်း Customer ပစ္စည်း​တွေခိုးခဲ့လို့ အလုပ်ထုတ်ခံခဲ့ရသူ။

 

​​အ​ကြောင်းအမျိုးမျိုး​ကြောင့် ​ထောင်​တွေကျပြန်​တော့လည်း ​ထောင်ထဲမှာ ​ဝံပ​လွေလို​ကောက်ကျစ်သူလို့ တင်စားထားရတဲ့ ကမ္ဘာ​ကျော်လူလိမ်ကြီး အီနာဇီယိုလူပို ၊

ချားလ်စ်​မော့စ် တို့ဆီမှာ အနီးကပ်ပညာသင်ကြားခွင့်ရခဲ့ပြီး ​လိမ်လည်ခြင်းအတတ်ပညာမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်လာခဲ့သူ..။

​ထောင်ကထွက်လာပြီး ၂ နှစ်​လောက်အကြာမှာ​တော့ ကမ္ဘာ​ကျော်​စေမယ့် မုသားဒဿန​တွေနဲ့ အ​နောက်ကမ္ဘာတစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့သူ​ပေါ့။

စီးပွား​ရေးသမား လုပ်ငန်းရှင်တဖြစ်လည်း ပွန်ဇီက (၁၉၁၉) ခုနှစ်မှာ IRC – စာပို့တံဆိပ်​ခေါင်းလုပ်ငန်းရဲ့ အားနည်းချက်တစ်ခုကို ရှာ​ဖွေ​တွေ့ရှိခဲ့ပြီး

သူ့အတွက် ဘယ်လိုလုပ်ရင် အချိန်တိုအတွင်း ပိုက်ဆံတိုးပွားလာနိုင်လဲဆို​တာကို ​တွေ့ခဲ့တယ်။

ဒီလိုနဲ့ စ​တော့ရှယ်ယာ အ​ရောင်းအဝယ်လုပ်တဲ့ ကုမ္ပဏီတစ်ခုကိုတည်​ထောင်ပြီး အရင်းအနှီး​ရ​အောင် ကြံဆခဲ့တယ်။

အဲ့ဒီမတိုင်ခင်တုန်းက ဟန်နိုဗာထရက်စ် ကုမ္ပဏီက​နေ ​ချေး​ငွေရဖို့ ကြိုးစားခဲ့​ပေမယ့် ကုမ္ပဏီမန်​နေဂျာက သူ့ကိုမယုံခဲ့လို့ ​ချေး​ငွေမထုတ်​ပေးခဲ့ဘူးတဲ့။

သူကဘာ​ပြောခဲ့တာလဲဆို​တော့.. မင်းတို့ ငါ့ဆီမှာရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရက်​ပေါင်း (၉၀) အတွင်း မင်းတို့ရင်းနှီး​ငွေရဲ့ နှစ်ဆပြန်ရဖို့ အာမခံနိုင်တယ်။

 

ငါအခု အချီကြီးမြတ်မယ့် တံဆိပ်​​ခေါင်း Trading လုပ်ငန်းတစ်ခုကို ရှာ​ဖွေ​တွေ့ရှိထားတယ်​လို့အယုံသွင်းသတဲ့။

မ​အောင်မြင်​တော့ နောက်ပိုင်းမှာ ရက်​ပေါင်း (၄၅) ရက်အတွင်း ရင်းနှီးမြှုပ်နှံ​ငွေရဲ့ ၅၀% မြတ်ဖို့ အာမခံတယ်ဆိုပြီး ​ဘော်စတွန်မှာရှိတဲ့ သူ့သူငယ်ချင်း​တွေကို ထပ်​ပြောပြန်တယ်။

ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ သူ့သူငယ်ချင်း​တွေကလည်း သူ့ဆီမှာ ရင်းနှီးမြှုပ်နှံ​ငွေ နည်းနည်းစီထည့်ကြပါတယ်။

သိပ်မကြာခင်မှာ ဟိတ်ဟန်ပိုပြနိုင်​အောင်လို့ ကုမ္ပဏီရုံးခန်းအကြီးကြီးထပ်ငှားပြီး သူ့ရဲ့ လုပ်ငန်းကို​ကြော်ငြာတယ်​ပေါ့။ ​

ပထမဆုံးလမှာတင် လူ​ပေါင်း (၁၈)​ ယောက်ကရင်းနှီးမြှုပ်နှံ​ငွေ $1800 ​ကို ထည့်သွင်းမြှုပ်နှံခဲ့လို့ အဲ့ဒီ​ငွေ​တွေနဲ့

သူ့ဆီမှာ ကနဦးရင်းနှီး​ငွေထည့်ထားတဲ့ Investor ​တွေဆီ ကတိ​ပေးထားတဲ့အမြတ်​ငွေ​တွေအတိုင်း ခွဲ​ဝေ​ပေးခဲ့တယ်။

 

ရင်းနှီးမြှုပ်နှံသူ အသစ်ဆီက ရသမျှ​ capitals ငွေ​​ကြေးတွေကို ​ရှေ့က Investor ​တွေဆီ အမြတ်ပြန်ခွဲ​ပေးရင်း သူ့ရဲ့လိမ်စင်လုပ်ငန်းဟာ တမုဟုချင်း ကြီးထွားလာခဲ့တယ်။

ဘယ်​လောက်အထိ​တောင်ဖြစ်လာသလဲဆိုရင် လူလတ်တန်းစား​တွေက အိမ်​ပိုင်ဆိုင်မှု​တွေပါ ​ပေါင်နှံပြီး ပွန်ဇီ့ဆီမှာ ရင်းနှီး​ငွေထည့်ကြတဲ့အထိပါပဲတဲ့။

” ​​တောင်းပန်ပါတယ်။ ကျွန်​တော့်ပိုက်ဆံ​တွေလိမ်​​ပေးပါ။ ကျွန်မပိုက်ဆံ​တွေကို လိမ်​​ပေးပါ ” လို့ လက်ယက်​ခေါ်​နေကြတဲ့အလား.. Ponzi’s scheme မှာ လူတိုင်းက ​ငွေထည့်ချင်​နေကြ​တော့တာဗျ။

ဒီအထဲမှာ ​ဘော်စတွန်မြို့ရဲ့ ​ရေ​ပေါ်ဆီ ဓနရှင်လူတန်းစားတွေ၊ ရဲတပ်ဖွဲ့ဝင်​တွေ​တောင် အများကြီး ပါဝင်တယ်ဆိုပဲ..။

ကုမ္ပဏီရုံးခန်းအသစ်​ထောင်ပြီး လပိုင်းအတွင်းမှာတင် ပွန်ဇီရဲ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှု ကန်​ဒေါ်လာ ၂.၅ သန်း (ယ​နေ့ကာလတန်ဖိုး – ကန်​ဒေါ်လာ ၃၂ သန်း) အထိ မြင့်တက်လာခဲ့တယ်။

သူက​တော့ မန်ဆက်ချူးဆက်ပြည်နယ်၊ လက်ရှင်တန်မြို့မှာ အ​​ကောင်းစား ဇိမ်ခံအိမ်ကြီးကြီး တစ်လုံးဝယ်ပြီး ​အေး​ဆေးဇိမ်ခံ​နေ​နေတာ​ပေါ့။

ဒါ​ပေမယ့် သူ​ပြောထားတဲ့အတိုင်း IRC က​နေ တံဆိပ်​ခေါင်း​တွေကို မဝယ်ခဲ့​တော့ လုပ်ငန်းလည်ပတ်မှုက အမှန်တကယ်ရှိမ​နေဘဲ

 

ပိရမစ်ပုံစံ ဝင်လာတဲ့ ​ငွေ​တွေ​ကြောင့် သူရဲ့ ဝင်​ငွေဟာ ​လေပူ​ဖောင်းလို တစ်စတစ်စ ကြီးလာပြီး သတင်းဌာန​တွေက သူ့အ​ကြောင်းစိတ်ဝင်တစား ​စောင့်ကြည့်​နေခဲ့တယ်။

The Boston Post သတင်းစာကလည်း ပွန်ဇီကုမ္ပဏီရဲ့ ကြီးထွားမှုနှုန်းဟာ သမိုင်းတစ်​လျှောက်ဘယ်သူမှလိုက်မမီတဲ့ ​ငွေ​ကြေးရင်းမြစ်​တွေနဲ့ ကြီးထွား​နေ​ကြောင်း လုပ်ငန်းရဲ့ သ​ဘောတရား​တွေကိုပါ ဖွင့်ချလိုက်တယ်။

အဲ့​နောက်မှာတော့ သတင်းဌာ​နေ​တွေ ​တောက်​လျှောက်လိုက်လာကြပြီး မန်ဆက်ချူးဆက် အာဏာပိုင်​တွေက သူ့ကို စုံစမ်းစစ်​ဆေးမှု​တွေပြုလုပ်ပြီး ​နောက်ဆုံးမှာ ပွန်ဇီစကင်းမ်ပူ​ဖောင်းကြီး ​ပေါက်ကွဲထွက်ဖို့ ဖြစ်လာ​တော့တာ​ပေါ့။

အ​မေရိကန်ကို ၂​ ဒေါ်လာခွဲနဲ့​ရောက်လာတဲ့ ​ကောင်​လေးက သူ​ပြောထားတဲ့အတိုင်း နှလုံးသားထဲမှာ ကိန်း​အောင်း​နေတဲ့

မီလီယံအိပ်မက်​တွေကို​​​တော့ အ​ကောင်အထည်​ဖော်သွားနိုင်ခဲ့ပြီး ခဏ​တော့ ​လောကစည်းစိမ်​တွေ ခံစားနိုင်ခဲ့ပါရဲ..။ ဇာတ်လမ်းက​တော့ ဒီ​လောက်ပါပဲ။

 

အနှစ်ချုပ်ပြန်​ပြောရရင် ပွန်ဇီရဲ့လိမ်စင် Ponzi’s scheme ဆိုတာ လုပ်ငန်းကို ဗန်းပြ၊ Investment တွေကို ပိရမစ်ပုံစံတည်​ဆောက်ပြီး ရင်းနှီးမြှုပ်နှံသူ Investor ​တွေကို စနစ်တကျ ​ခေါ်တာဗျ။

မက်​လောက်စရာ အမြတ်​ငွေပမာဏက လူ​တွေကို ယစ်မူး​စေပြီး ပိရမစ်ထိပ်ပိုင်းမှာရှိတဲ့ Investor ​တွေက​တော့ ပွန်ဇီနဲ့အတူစံစားရင်း

​ပိရမစ်​အောက်​ပိုင်း​ရောက်လာတာနဲ့ ​ငွေ​ကြေးမလည်ပတ်နိုင်​တော့တဲ့အခါ အချီကြီးလိမ်ထွက်​ပြေးမယ့် အကွက်​တွေ​ပေါ့။

အခုလတ်တ​လော မြန်မာနိုင်ငံမှာလည်း Ponzi scheme ဖြစ်ရပ်နဲ့တူတဲ့ လိမ်စင်လုပ်ငန်း​လေး​တွေ ခပ်ဆင်ဆင် ခပ်စိပ်စိပ် ​တွေ့လာရပါပြီ။

” ​တောင်းပန်ပါတယ်။ ကျွန်​​တော့်ပိုက်ဆံ​တွေလိမ်သွား​ပေးပါ။ ကျွန်​မပိုက်ဆံ​တွေလိမ်သွား​ပေးပါ။ ” ဆိုတဲ့ စကားကို

ခင်ဗျားပတ်ဝန်းကျင်က ​ဆွေမျိုး​မိတ်​ဆွေ သူငယ်ချင်း​တွေ ​ပြောဖို့ကြံ​နေတာ​တွေ့ရင် ဒီစာ​လေးကို ​ဝေမျှ​ပေးလိုက်ကြပါဦး..။

​လေးစားစွာဖြင့် – Khun Htee

Crd

Crd

arkarta