ယနေ့အိန္ဒိယဟာကမ္ဘာမှာစံချိန်တင်ကာတစ်ရက်တည်း ကိုဗစ်လူနာ (၃၁၄၈၃၅) ယောက်တွေ့ခဲ့ပါတယ်။

ယနေ့အိန္ဒိယဟာ ကမ္ဘာမှာစံချိန်တင်ကာတစ်ရက်တည်း ကိုဗစ်လူနာ (၃၁၄၈၃၅) ယောက်တွေ့ခဲ့ပါတယ်။နယူးဒေလီမြို့တော်အပါအဝင် အနောက်နဲ့မြောက်ဘက်တွေမှာအခြေအနေဆိုးပါတယ်။ဆေးရုံအများစုဟာ လူပြည့်နေပြီး အောက်ဆီဂျင်ပြတ်လပ်နေပါတယ်တဲ့။ မီးသင်္ဂြိုဟ်တဲ့နေရာတစ်ခုမှာဆိုရင် အလောင်းပြည့်နေလို့ မိသားစုတွေကအလှည့်ကျစောင့်နေရပါတယ်တဲ့။တီဗီသတင်းမှာတွေ့ ရတာ အောက်ဆီဂျင်ဖြည့်တဲ့နေရာတွေမှာ လူတွေဟာအောက်စီဂျင်ဆလင်ဒါအလွတ်တွေနဲ့ လူတန်းရှည်ကြီးတန်းစီနေကြတာကို တွေ့ရပါတယ်။

တစ်ချို့ဆေးရုံတွေမှာ အောက်ဆီဂျင်က ၁၀ နာရီစာ၊ တစ်ချို့ဆေးရုံတွေမှာ ၆ နာရီစာပဲကျန်တော့တယ်လို့ဆိုပါတယ်။အိန္ဒိယက ကိုဗစ်မျိုးကွဲဟာ double mutant variant ဖြစ်ပါသတဲ့။ ဒါသိပ္ပံပညာရှင်တွေသုံးတဲ့အခေါ်အဝေါ်မဟုတ်ပါ။သဘောကဗီဇကွဲအသစ်တစ်မျိုးဖြစ်ပြီး အရင်ကမတူတဲ့ဗီဇကွဲနှစ်ခုရဲ့လက္ခဏာတွေပါဝင်ပါတယ်။B.1.617 case မှာ E484Q နဲ့ L452R ဗီဇကွဲတွေပါဝင်ပါတယ်။E484Q ဟာ ဘရာဇီးနဲ့တောင်အာဖရိကဗီဇကွဲတွေမှာတွေ့ရပြီး L452R ကတော့ အမေရိကန် ကယ်လီဖိုးနီးယားမှာတွေ့ရတယ်လို့ဆိုပါတယ်။

အခုလို နှစ်မျိုးလုံးပါနေတာဟာ အန္တရာယ်များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်မျိုးလုံးက ကူးစက်ဖို့ပိုလွယ်စေပါတယ်တဲ့။အဲ့ဒီလို double mutants variant အတွက်ကာကွယ်ဆေးကဘယ်လိုတုန့်ပြန်မလဲမသိရသေးပါ။အခုအချိန်အထိ ဒီဗီဇကွဲအသစ်အတွက် သေသေချာချာပြောနိုင်ဖို့ လုံလောက်တဲ့ဒေတာအချက်အလက်လည်းမရသေးပါတဲ့။

credit – Richard Myo Thant