ယင်ကောင်တွေကို ဖမ်းမမိနိုင်တဲ့ အကြောင်းရင်း (သို့) ထူးခြားဆန်းပြား ယင်ကောင်တို့ရဲ့ မျက်လုံးများ

Post Views:
17
ယင်ကောင်တွေကို ဖမ်းမမိနိုင်တဲ့ အကြောင်းရင်း (သို့) ထူးခြားဆန်းပြား ယင်ကောင်တို့ရဲ့ မျက်လုံးများ
စာဖတ်သူတွေအနေနဲ့ ယင်ကောင်ကို ငယ်ငယ်တုန်းက လိုက်ဖမ်းမိဖို့၊ ရိုက်သဝာ်ပစ်ဖို့ ကြိုးပမ်းခဲ့ကြဖူးမယ် ထင်ပါတယ်။
ဒါပေမဲ့ ယင်ကောင်တွေက အလွန်ကို လျင်မြန်ပြီး ကျွန်တော်တို့တွေရဲ့ ခြိမ်းခြောက်မှုကို အလွယ်တကူပဲ ကျော်ဖြတ်သွားနိုင်ခဲ့ကြပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ။
ဒါတွေရဲ့ အဖြေကတော့ ယင်ကောင်ရဲ့ မျက်လုံးဖွဲ့စည်းပုံနဲ့ မျက်လုံး လုပ်ဆောင်မှုတို့ကြောင့်ပါပဲ။
သူတို့ရဲ့ မျက်လုံးတွေဟာ ကျွန်တော်တို့နဲ့ လုံးဝကွဲပြားတာကြောင့် ယင်ကောင်တွေဟာ ပုံသဏ္ဍာန်၊ ရွေ့လျားမှုနဲ့ အရောင်တို့ကို ကွဲပြားစွာ မြင်တွေ့နိုင်ပါတယ်။
ယင်ကောင်တွေက ကမ္ဘာကို လူသားများထက် များစွာခြားနားစွာ ကြည့်ရှုနိုင်ကြပါတယ်။ ယင်ကောင်တွေဟာ လူတို့ မမြင်တွေ့နိုင်သော အလင်းရောင်ကိုပါ မြင်နိုင်စွမ်း ရှိကြပါတယ်။
ယင်ကောင်တွေမှာ ommatidia လို့ခေါ်တဲ့ ဒြပ်ပေါင်းမျက်လုံးများကို ပိုင်ဆိုင်ပါတယ်။ ဆိုလိုတာက ထောင်ပေါင်းများစွာ လူတစ်ဦးချင်းစီရဲ့ အမြင်အာရုံခံ ကိရိယာများကို ပေါင်းစပ် ဖွဲ့စည်းထားသလိုပါပဲ။
ဒါကြောင့် သူတို့ရဲ့ ommatidia မျက်လုံး တစ်ခုစီဟာ သူ့ဘာသာသူ လုပ်ဆောင်နိုင်တဲ့ မျက်လုံးတစ်ခုဖြစ်ပြီး သူတို့ရဲ့ အကြိမ်ရေ ထောင်ပေါင်းများစွာသော ပျံသန်းမှုတွေအတွက် ကျယ်ပြန့်တဲ့ အမြင်အာရုံကို ဖန်တီးနိုင်ကြပါတယ်။
ommatidium တစ်ခုစီဟာ ရှည်လျားပြီး ပါးလွှာတဲ့ ဖွဲ့စည်းပုံဖြစ်ပြီး မျက်လုံးရဲ့ အပြင်ဘက်မျက်နှာပြင်မှာလည်း မှန်ဘီလူး ပါရှိသလို မျက်လုံးရဲ့ အောက်ခြေရှိ အာရုံကြောတစ်ခုဆီသို့ သွယ်သွားပါတယ်။
ommatidium ဟာ အလင်းရရှိချိန်မှာ သူ့ကို မှန်ဘီလူးမှတဆင့် စစ်ထုတ်ပြီးနောက် ပုံဆောင်ခဲ ဖွဲ့စည်းပုံ၊ ရောင်ခြယ်ဆဲလ်များနဲ့ အမြင်အာရုံဆဲလ်များကို လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးလိုက်ပအတယ်။
ommatidium တစ်ခုစီက ကိုယ်ပိုင် အာရုံကြော ဖိုင်ဘာရှိတာကြောင့် ယင်ကောင်ရဲ့ ဦးနှောက်ကို သတင်းအချက်အလက်ပေါင်း များစွာကို ပေးပို့ပေးနိုင်တဲ့ အာရုံကြောတစ်ခုနဲ့လည်း ချိတ်ဆက်ထားပါတယ်။
လူ့မျက်လုံးဟာ ရွေ့လျားနိုင်စေတဲ့ ကြွက်သားများနဲ့ ချိတ်ဆက်ထားပြီး အမြင်အာရုံနယ်ပယ်ကို ချဲ့ထွင်နိုင်ပြီး ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အချက်အလက်များကို ပိုမိုစုဆောင်းနိုင်စေရန် ပြုလုပ်ပေးပါတယ်။
ယင်ကောင်တွေကတော့ သူတို့ရဲ့ မျက်လုံးများကို ရွှေ့လျားမယ့်အစား မတူညီသော အချက်များစွာမှ အချက်အလက်များကို တစ်ပြိုင်နက် ရရှိကြပါတယ်။
ယင်ကောင်ရဲ့ မျက်လုံးများက မလှုပ်ရှားနိုင်သော်လည်း ယင်ကောင်ရဲ့ ဦးခေါင်းမှ စက်လုံးပုံသဏ္ဍာန်နဲ့ အချွန်အတက်တွေကြောင့် ယင်ကောင်ကို ၃၆၀ ဒီဂရီနီးပါး မြင်ကွင်းကို ရရှိစေပါတယ်။
လူ့မျက်လုံးမှာတော့ အလင်းတန်းများ ဘယ်လောက်ထိ ဝင်လာတာကို အာရုံခံမှန်ဘီလူးက မြင်လွှာပေါ်သို့ အာရုံစိုက်ပြီး မြင်လွှာက အမြင်အာရုံကြောမှတဆင့် ဦးနှောက်သို့ အချက်အလက်များကို ပေးပို့ပါတယ်။
ယင်ကောင်မှာတော့ မျက်လုံးသူငယ်အိမ် မရှိတာကြောင့် မျက်လုံးထဲသို့ အလင်းရောင် ဘယ်လောက်ထိ ဝင်ရောက်နေလဲဆိုတာမျိုး မထိန်းချုပ်နိုင်ပါဘူး။
ယင်ကောင်ရဲ့ အမြင်အာရုံကို ဖော်ပြရန် အကောင်းဆုံး ရှင်းပြချက်မှာ ထောင်ပေါင်းများစွာပါတဲ့ သေးငယ်သော ရုပ်ပုံများဟာ သူတို့ရဲ့ မျက်လုံးတွေထဲမှာ ပေါင်းစုံသွားပြီး ရုပ်ပုံတစ်ပုံတည်းကို ကိုယ်စားပြုလိုက်တာဖြစ်ပါတယ်။
ဒီလို ပုံများထဲမှ တစ်ခုစီဟာ ယင်ကောင်ရဲ့ ommatidium တစ်ခုချင်းစီမှ အချက်အလက်များကို ကိုယ်စားပြုပါတယ်။
ဒီဖြစ်စဥ်အတွက် အကျိုးသက်ရောက်မှုဟာ သတင်းစာပုံနှိပ်ခြင်းကို မြင်တွေ့နေရပုံမျိုးနဲ့ ဆင်ပါတယ်။
အနီးကပ် ပုံစံငယ်လေးတွေနဲ့ သေးငယ်သော အစက်များစွာကနေ ပြီးပြည့်စုံတဲ့ ရုပ်ပုံတစ်ခု ဖြစ်လာတာမျိုးပါ။ Ommatidia က မျက်လုံးမှာ ပေါင်းစပ် ပါဝင်လေလေ၊ သူ့ကို ဖန်တီးတဲ့ ပုံရိပ်ဟာ ပိုမိုရှင်းလင်း ပြတ်သားလေပါပဲ။
အထူးသဖြင့် ယင်ကောင်တွေဟာ ခုန်ပေါက်နေတဲ့ သတ္တဝါများဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုရှိပါတယ်။ ယင်ကောင်ရဲ့ အမြင်အာရုံဟ လှုပ်ရှားမှုကို ခြေရာခံရာမှာ အထူးကောင်းမွန်ပါတယ်။
အရာဝတ္ထုတစ်ခုဟာ ယင်ကောင်ရဲ့ မြင်ကွင်းကိုဖြတ်၍ ရွေ့လျားလာတဲ့အခါမှာ ommatidia ရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ ရပ်တန့်သွားပြီး ထခုန်လိုက်ပါတယ်။
ဒါကြောင့်လည်း ယင်ကောင်တွေဟာ ရွေ့လျားမှုနဲ့ ပုံစံတို့ကို အလွယ်တကူ မြင်နိုင်ကြပြီး ကြီးမားပြီး ရွေ့လျားနေတဲ့ အရာဝတ္ထုကို အခုလို မြင်ကွင်းမျိုးမှာ ပေါ်လာတဲ့အချိန်မှာ အန္တရာယ်မရှိသည့်တိုင် သူတို့ဟာ လျင်မြန်စွာ ပြေးနိုင်ကြတာပါ။
ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ယင်ကောင်တွေကို လွယ်လွယ်နဲ့ မဖမ်းနိုင်ကြတာဖြစ်ပါတယ်။
Knight News Team
Knight News © 2022
Crd
Crd