ကင်ဂျုံအန်ကမြောက်ကိုရီးယား၏နျူကလီးယားလက်နက်တိုက်ကိုတိုးချဲ့မည်ဟုကြွေးကြော်

မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်တိုက်ကိုတိုးချဲ့မည်ဟု ကင်ဂျုံအန်ကြွေးကြော်

မြောက်ကိုရီးယားခေါင်း ဆောင်ကင်ဂျုံအန်က အမေရိ ကန်သည် ၎င်း၏နိုင်ငံအတွက် အကြီးမားဆုံး ရန်သူဖြစ်ကြောင်း ကြေညာပြီး မည်သူပင်သမ္မတဖြစ် လာစေကာမူ ဝါရှင်တန်ကပြုံ ယမ်းအတွက် ၎င်းတို့မူဝါဒကို ပြောင်းလဲမည်ဟု မိမိအနေဖြင့် မျှော်လင့်မထားကြောင်း ပြော ကြားသည်။
အာဏာရ အလုပ်သမားပါ တီ၏အစည်းအဝေး၌ မိန့်ခွန်း ပြောကြားရာတွင် ကင်ဂျုံအန်က မြောက်ကိုရီးယား၏ နျူကလီး ယားလက်နက်တိုက်နှင့် စစ်အင် အားကို တိုးချဲ့သွားမည်ဖြစ် ကြောင်း ကြွေးကြော်သည်။

နျူကလီးယားသင်္ဘောတစ် စီးအတွက် အစီအစဉ်များပြီးလုနီး ပါးဖြစ်နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အမေရိကန်ရွေး ကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်တာ ဝန်စယူရန်ပြင်ဆင်နေစဉ် ကင်ဂျုံ အန်က အထက်ပါကဲ့သို့ပြော ကြားခြင်း ဖြစ်သည်။

ကင်ဂျုံအန်၏ ပြောဆိုမှုများ မှာ အမေရိကန်တွင်တက်လာမည့် အစိုးရအသစ်အပေါ် ဖိအားပေး ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြား သည်။
ရန်လိုသောအင်အားစုများ က မြောက်ကိုရီးယားအား နျူက လီးယားလက်နက်များ အသုံးပြု၍ ဦးစွာမတိုက်ခိုက်ပါက မိမိတို့၏ နျူကလီးယား လက်နက်များအား အသုံးပြုမည် မဟုတ်ကြောင်း ကင်ဂျုံအန်က ပြောကြားသည်။

အမေရိကန်တွင် မည်သူ အာဏာရရ မြောက်ကိုရီးယားအ ပေါ်ထားရှိသော ၎င်းတို့၏မူဝါဒ သဘောထားအစစ်အမှန်မှာ လုံး ဝပြောင်းလဲမည် မဟုတ်ကြောင်း ကင်ဂျုံအန်၏ ပြောကြားချက်ကို ကိုးကား၍ မြောက်ကိုရီးယားနိုင်ငံ ပိုင် KCNA သတင်းဌာနကဖော်ပြ သည်။

Ref: BBC
7DayNews မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi