မြောက်ကိုရီးယားသို့ တရားမဝင်ရေနံပို့ဆောင်သည့် စင်ကာပူသင်္ဘောတစ်စီးကို အမေရိကန် သိမ်းယူ

မြောက်ကိုရီးယားနိုင်ငံသို့ တရားမဝင် ရေနံပို့ဆောင်မှုများတွင် အသုံးပြုခဲ့သည့် စင်ကာပူနိုင်ငံပိုင် ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်က ဇူလိုင်လ ၃၀ ရက်တွင် သိမ်းယူခဲ့သည်ဟု တရားရေးဌာနက ပြောကြားခဲ့သည်။

လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ရှိနေသည့် M/T Courageous သင်္ဘောအား အမေရိကန်က ပြစ်ဒဏ်အဖြစ်သိမ်းရန် နယူးယောက် ဖက်ဒရယ်တရားသူကြီးတစ်ဦးက စီရင်ချက်ချခဲ့သည်။

ရေနံတန်ချိန် ၂,၇၃၄ တန် ဝင်ဆံ့သည့် ယင်းသင်္ဘောကို စင်ကာပူနိုင်ငံသားတစ်ဦးဖြစ်သူ ကွက်ကီဆန် အမည်ရှိအမျိုးသားတစ်ဦးက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းသည်ထွက်ပြေး လွတ်မြောက်နေသည်ဟု တရားရေးဌာနက ပြောကြားခဲ့သည်။

“ကွက်နဲ့ သူ့ရဲ့အပေါင်းပါတွေဟာ အမေရိကန်နဲ့ ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေကို ရှောင်လွှဲပြီး မြောက်ကိုရီးယားကို လောင်စာတွေ တင်ပို့ပေးဖို့ ပူးပေါင်းကြံစည်ခဲ့ကြပါတယ်” ဟု တရားရေးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

၂၀၁၉ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလအထိ Courageous သင်္ဘောသည် ၎င်းတည်ရှိသည့် တည်နေရာပြ အချက်အလက်များ ထုတ်လွှတ်မှုကို တရားမဝင်ရပ်တန့်ခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။

ဂြိုလ်တုဓာတ်ပုံများအရ ယင်းအချိန်များအတွင်း Courageous သင်္ဘောသည် ဒေါ်လာ ၁.၅ သန်းတန်ဖိုးရှိသည့် ရေနံများကို သင်္ဘောတစ်စီးပေါ်မှ နောက်တစ်စီးပေါ်သို့ လွှဲပြောင်းခဲ့ပြီး မြောက်ကိုရီးယား သင်္ဘောပေါ်သို့ရေနံများ တင်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ကွက်သည် အမည်ခံကုမ္ပဏီများကို အသုံးပြုပြီး ယင်းလုပ်ဆောင်ချက်များကို ဖုံးကွယ်ရန် ကြိုးပမ်းနေပြီး နိုင်ငံတကာ သင်္ဘောအာဏာပိုင်များကို လိမ်ညာကာ Courageous သင်္ဘောနှင့်ပတ်သက်ပြီး အချက်အလက် အမှားများထုတ်ပြန်ခဲ့သည်ဟု တရားရေးဌာနက စွပ်စွဲခဲ့သည်။ ကွက်သည် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုကို ရှောင်လွှဲရန် ပူးပေါင်းကြံစည်မှုနှင့် ငွေကြေးခဝါချရန် ပူးပေါင်းကြံစည်မှုတို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

ကမ္ဘောဒီးယားအာဏာပိုင်များသည် အမေရိကန်၏ ဖမ်းဝရန်းဖြင့် ယင်းသင်္ဘောကို ၂၀၂၀ ပြည့်နှစ်မတ်လက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်မှစ၍ Courageous သင်္ဘောသည် ကမ္ဘောဒီးယားတွင် ထိန်းသိမ်းခံခဲ့ရသည်။ နယူးယောက်တောင်ပိုင်းခရိုင် အစိုးရရှေ့နေရုံးက ယင်းသင်္ဘောကို သိမ်းယူရန်ဧပြီလ ၂၃ ရက်က အမှုဖွင့်ခဲ့သည်။

အမရေိကနနြှင့ြ မညသြည့ဆြှေးနှေးပှဲကိုမဆို စာရငြးမှပယထြားသညဟြု မှောကကြိုရီးယား နိုငငြံခှားရေးဝနကြှီးက ဇှနလြတှငပြှောကှားခဲ့မှုနှင့အြတူ ဝါရှငတြနနြှင့ြ ပှုံယမြးအကှား ဆကဆြံရေးမှာ တငြးမာခဲ့သညြ။

ယင်းနှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများမှာ မြောက်ကိုရီးယားအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ရပ်တန့်ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်တွင် မြောက်ကိုရီးယားနှင့် အမေရိကန်တို့သည် နှစ်နိုင်ငံဆက်ဆံရေးကို သတိကြီးစွာထားပြီး စောင့်ကြည့်သည့် သဘောထားကို ကျင့်သုံးခဲ့ကြသည်။

ကင်ကမူ အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုအတွက်သာမက ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းအတွက်ပါ ပြင်ဆင်ထားရန် လိုအပ်သည်ဟု ဇွန်လကပြောကြားခဲ့သည်။

အမေရိကန်ကလည်း မြောက်ကိုရီးယား အပေါ်ချမှတ်ထားသည့် မဟာဗျူဟာတွင် သံတမန်အားထုတ်ကြိုးပမ်းမှုများ အပါအဝင် လက်တွေ့ကျပြီး စဉ်းစားချင့်ချိန်သည့် ချဉ်းကပ်မှုကို ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

news-eleven

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။