မြောက်ကိုရီးယားရဲ့ အကျင့်ပျက်မှုများနောက်ကွယ်က အခန်း နံပါတ် (၃၉)

မြောက်ကိုရီးယားရဲ့ အကျင့်ပျက်မှုများနောက်ကွယ်က အခန်း နံပါတ် (၃၉)



Post Views:
7

မြောက်ကိုရီးယားရဲ့ အကျင့်ပျက်မှုများနောက်ကွယ်က အခန်း နံပါတ် (၃၉)

အခန်း နံပါတ် (၃၉) ဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ငွေကြေးခဝါချမှုနှင့် လူကုန်ကူးမှုတို့မှ ငွေကြေးများကို အသုံးပြုကာ မြောက်ကိုရီယား အထက်တန်းလွှာများကို ဇိမ်ခံဘဝမျိုးနဲ့ နေထိုင်စေခဲ့တယ်လို့ ကမ္ဘာ့မီဒီယာတွေက ဖော်ပြကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံသား ၂၅ သန်းရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ ဆင်းရဲတွင်းထဲမှာ နေထိုင်နေရပါတယ်။

သို့သော် ၁၉၇၀ ခုနှစ်များကတည်းက အခန်း ၃၉ လို့ ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်သော အစိုးရ အေဂျင်စီတစ်ခုဟာ အာဏာရ ကင်မင်းဆက် အပါအဝင် မြောက်ကိုရီးယား အထက်တန်းစားများကို ဇိမ်ခံဘဝမျိုးဖြင့် နေထိုင်ခွင့်ပေးခဲ့တာပါ။

အခန်း ၃၉ ရဲ့ အကျိုးအမြတ်တွေဟာ အခြားနိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုများကို မြောက်ကိုရီးယား အထက်တန်းစားများကို တွန်းလှန်နိုင်စေခဲ့ပါတယ်။

နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်အတွက်တော့ စျေးကြီးသော အစားအစာများ၊ ဆန်းပြားသော ရွက်လှေများနှင့် ဇိမ်ခံကားများဖြင့် ပြည့်နေစေခဲ့ပါတော့တယ်။

ကင်က သူ့ရဲ့ Mercedes နဲ့ Rolex နာရီတွေကို ဝယ်ဖို့ ပိုက်ဆံက အခန်း ၃၉ က လာတာပါလို့ အမေရိကန် အာဏာပိုင်တွေက ဆိုထားတယ်။

မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ အကြောင်းအရာများစွာကဲ့သို့ပင် အခန်း ၃၉ နဲ့ ပတ်သက်တဲ့ အမှန်တရားအပြည့်အစုံကို သိရဖို့ကတော့ ခဲယဉ်းနေဆဲပါ။

ကင်ဂျုံအန်

Room 39၊ Office 39 သို့မဟုတ် တစ်ခါတစ်ရံမှာ Bureau 39 လို့ ခေါ်တဲ့ ဒီအခန်းကနေ ထွက်ပြေးလာသူတွေက ဒီမှောင်ခိုအဖွဲ့အစည်းကို မြောက်ကိုရီးယား အထက်တန်းစားတွေက သူတို့ရဲ့အိတ်ကပ်တွေကို ဖြည့်ဖို့ ဘယ်လိုအသုံးပြုကြတယ်ဆိုတာကို ဖော်ပြခဲ့ကြပါတယ်။

အခန်း ၃၉ ရဲ့ ဆိုးရွားသော ဇစ်မြစ်များ

အခန်း ၃၉ ကို ၁၉၇၀ ပြည့်လွန်နှစ်များက မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ ကင်အီဆွန်းက ပထမဆုံး တည်ထောင်ခဲ့တာပါ။

အခန်းနာမည်ကိုတော့ ပြုံးယမ်းရှိ အလုပ်သမားပါတီ အဆောက်အအုံ ထားရှိတဲ့ အခန်းမှ ထုတ်ယူထားခြင်း ဖြစ်ပါတယ်။

အစကတည်းက Room 39 က “တော်ဝင် ရန်ပုံငွေ” အမျိုးအစားတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ပြီး ၁၉၇၀ ပြည့်လွန်နှစ်တွေကစလို့ မြောက်ကိုရီးယားဟာ နိုင်ငံတကာဈေးကွက်မှာ ငွေမချေးနိုင်ခဲ့ချိန်မှာ ဒီအခန်းက အာဏာပိုင်တွေကို ငွေမည်းတွေ အမြောက်အများ ရှာပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပုံမှန် မြောက်ကိုရီးယားနိုင်ငံသားများကတော့ ၁၉၉၀ ခုနှစ်များအတွင်း တစ်နေ့ကို နှစ်နပ်သာစားဖို့ အကြံပြုခံခဲ့ရပြီး ကင်မိသားစုနဲ့ အခြားသော အထက်တန်းလွှာများကို အကာအကွယ်ပေးရန် အခန်း ၃၉ က သေချာစေခဲ့ပါတယ်။

ဒါကြောင့် နှစ်ပေါင်းငါးဆယ်ကျော်အတွင်း အခန်း ၃၉ မှ ရရှိလာခဲ့တဲ့ အမြတ်ငွေများဟာ ကင် မိသားစုရဲ့ ဇိမ်ခံ လူနေမှုပုံစံကို ရန်ပုံငွေအဖြစ် ထောက်ပံ့ပေးခဲ့ပြီး ပါတီဝင်များနဲ့ စစ်ဗိုလ်ချုပ်များထံမှ သစ္စာစောင့်သိမှုတို့ကိုလည်း ရရှိလာစေခဲ့ပါတယ်။

ကင်အီဆွန်း

အခန်း ၃၉ က မြောက်ကိုရီးယားကို ငွေ ဘယ်လိုရှာပေးလဲ

အခန်း ၃၉ က ဘယ်လို ငွေရှာသလဲဆိုရင်တော့ အဖြေက နည်းလမ်းပေါင်းစုံနဲ့လို့ သိရပါတယ်။

ထွက်ပြေးလာသူတစ်ဦးက “အခန်း ၃၉ က မြောက်ကိုရီးယားမှာ ပိုက်ဆံရှာတဲ့ အရာမှန်သမျှကို လုယူသွားတယ်။ ပိုက်ဆံရဖို့ နေရာမှန်သမျှကို လက်ဝါးကြီးအုပ်ထားတယ်။” ဆိုပြီး ပြောပြဖူးပါတယ်။

ထွက်ပြေးလာသူက အခန်း ၃၉ ရဲ့ တရားမ၀င် လှုပ်ရှားမှုများကို ဖော်ထုတ်ခဲ့ပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံသို့ ရွှေများ ခိုးသွင်းခံရနည်းဖြစ်ပြီး အဲဒီမှာ တရုတ်ရွှေအဖြစ် နိုင်ငံတကာကို ရောင်းနိုင်တယ်။ ပြီးတော့ ငွေတွေကို မြောက်ကိုရီးယားဆီ ပြန်ပို့နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ရွှေ၊ လက်ဝတ်ရတနာ၊ လယ်ယာထွက်ကုန်တွေက ကင်ဂျုံအန်အတွက် ပိုက်ဆံရဖို့ချည်းပါပဲလို့ ထွက်ပြေးလာသူမှ ရှင်းပြခဲ့ပြီး အခန်း ၃၉ ဟာ တရုတ်နဲ့ တိုက်ရိုက်ပတ်သက်နေပုံကိုလည်း ဖော်ပြသွားခဲ့ပါတယ်။

ဒါ့အပြင် အခန်း ၃၉ ရဲ့ ဘဏ္ဍာငွေများကို မြှင့်တင်ရန်အတွက် crystal meth ထုတ်လုပ်မှုကိုလည်း နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် စတင်လုပ်ကိုင်ခဲ့ပါသေးတယ်။

၂၀၁၃ ခုနှစ်မှာတော့ အခန်း ၃၉ ဟာ ခန့်မှန်းခြေ ဒေါ်လာ သန်း ၁၀၀ မှ ဒေါ်လာ သန်း ၂၀၀ ခန့် ရှာဖွေပေးနိုင်ခဲ့တယ်လို့ ပေါက်ကြားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ တရားမ၀င်လုပ်ဆောင်မှုများ

အခန်း ၃၉ ရဲ့ အမြတ်ငွေများ တိုးလာတာနဲ့အမျှ ပုံမှန်မြောက်ကိုးရီးယားများဟာ မကြာခဏ ဈေးကြီးပေးလေ့ရှိပြီး ကုန်စျေးနှုန်းတွေ မြင့်တက်လာစေခဲ့ပါတယ်။

မြောက်ကိုးရီးယား ဆေးဝါးတွေကလည်း နိုင်ငံခြားမှာ ရေပန်းစားလာပြီး အိမ်တွေမှာလည်း လူကြိုက်များလာကြတယ်။

“နာတာရှည် ရောဂါရှိသူတွေဟာ စွဲလမ်းသွားတဲ့အထိ မြောက်ကိုရီးယားရဲ့ မူးယစ်ဆေးတွေကို သောက်သုံးကြတယ်” လို့ မြောက်ကိုရီးယားရဲ့ NGO ဝန်ထမ်းတစ်ဦးက ပြန်ပြောပြခဲ့ဖူးပါတယ်။ “သူတို့က ကင်ဆာလို အရာတွေအတွက် ဖြေလျော့ပေးနိုင်တယ်လေ။ ဒီဆေးက သူတို့ရဲ့ တစ်ခုတည်းသော ဖြေဆေး ပုံစံပါ။” လို့ ဆိုခဲ့တယ်။

မူးယစ်ဆေးဝါးသုံးစွဲမှုတွေဟာ အခန်း ၃၉ ကြောင့် ပုံမှန်မြောက်ကိုရီးယားလူမျိုးများအပေါ် သက်ရောက်လာတဲ့ တစ်ခုတည်းသော သက်ရောက်မှုမဟုတ်ပေ။ ငွေရှာရန်အတွက် အဖွဲ့အစည်းဟာ လူကုန်ကူးခြင်းသို့လည်း လှည့်လာခဲ့ပါတယ်။

အခန်း ၃၉ ဟာ ၂၀၁၁ ခုနှစ်မှစပြီး အရှေ့အလယ်ပိုင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ဥရောပရှိ လယ်ယာများနဲ့ သင်္ဘောကျင်းများ၊ ရုရှားသစ်ခုတ်လှဲရေးစခန်းများနဲ့ တရုတ်စက်ရုံများသို့ မြောက်ကိုရီးယားနိုင်ငံသား တစ်သိန်းကျော် တင်ပို့ရောင်းချခဲ့ပါတယ်။

ကင်ရုံဂျို

ဒီလူတွေကို တင်ပို့စဥ်မှာ နိုင်ငံတော်က ပေးအပ်တဲ့ လစာထက် သာလွန်တယ်လို့ ကတိပြုမှုတွေ ရှိခဲ့သော်လည်း တကယ်တမ်းမှာတော့ လူကုန်ကူးခံရသူတို့ဟာ အကျဉ်းထောင်ကဲ့သို့သော တန်းလျားများမှာ ချုပ်နှောင်ခံထားရသလို မြောက်ကိုရီးယား လျှို့ဝှက်ရဲများက အနီးကပ်စောင့်ကြည့်ကာ အလုပ်ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီက ရလာတဲ့ သူတို့ရဲ့လုပ်အားခတွေက အခန်း ၃၉ ရဲ့ ဘဏ်စာရင်းထဲကို ၀င်သွားကြောင်း နောက်ပိုင်းမှာ ဖော်ထုတ်နိုင်ခဲ့ပါတော့တယ်။

ယနေ့ အခန်း ၃၉ နဲ့ သူ့ရဲ့ အနာဂတ်

ယနေ့အချိန်ထိ အခန်း ၃၉ ဟာ ကင်မျိုးဆက်အတွက် ငွေကြေးများကို ဆက်လက် စုဆောင်းပေးနေဆဲပါ။

ကင်ဂျုံအန်ရဲ့ ညီမ ကင်ရုံဂျိုရဲ့ ထိန်းချုပ်မှုအောက်က အခန်း ၃၉ ဟာ ငွေကြေးအတုနဲ့ ဆိုက်ဘာရာဇ၀တ်မှုတို့ကို စတင်အာရုံစိုက်လာခဲ့ပါတယ်။

“စူပါ ဒေါ်လာများ” လို့ လူသိများတဲ့ ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအတုများမှ သန်းပေါင်းများစွာကို အခန်း ၃၉ က ရိုက်နှိပ်ကာ ကမ္ဘာတစ်ဝှမ်းရှိ ဘဏ်များသို့ ဖြန့်ဝေခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အခိုင်အမာ ဆိုထားခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာလည်း FBI က တရုတ်နိုင်ငံအနီး ပနားမားအလံအောက်မှာ ဖြတ်ကူးလာတဲ့ ကွန်တိန်နာ သင်္ဘောတစ်စင်းမှာ ဝှက်ထားသော ဒေါ်လာအတု သုံးသိန်းကျော်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီငွေစက္ကူတွေဟာ အထင်ကြီးစရာကောင်းအောင်ကို အမေရိကန် ငွေစစ်စစ်လိုမျိုး အရောင်ပြောင်းမှင်ကို အသုံးပြုထားကြပြီး အမျှင်အချို့ကို အသုံးပြု၍ စာရွက်ပေါ်မှာ ဂရုတစိုက်ရိုက်နှိပ်ထားကြောင်း အမေရိကန် အေးဂျင့်တွေက ဆိုခဲ့ပါတယ်။

အခန်း ၃၉ ဟာ ဆိုက်ဘာ ရာဇ၀တ်မှုများကိုလည်း စတင်အသုံးပြုလာကြပြီး ၂၀၁၆ ခုနှစ်မှာတော့ မြောက်ကိုရီးယားဟက်ကာတွေက New York Federal Reserve မှ ဒေါ်လာ တစ်ဘီလီယံကို ခိုးယူခဲ့ချိန်မှာ အောင်မြင်လုနီးပါးဖြစ်ခဲ့ပေမဲ့ စာလုံးပေါင်းအမှားကြောင့်သာ ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် အခန်း ၃၉ နဲ့ မြောက်ကိုရီးယားဟာ ၁၀၀ ရာခိုင်နှုန်း နိုင်ငံပိုင်လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာလည်း မပါဝင်ခဲ့သလို သူတို့ရဲ့ မသမာတဲ့ လုပ်ရပ်တွေနဲ့ ငွေမည်းဖန်တီးမှုတွေကလည်း အာဏာရှင်တွေ တည်မြဲနေသ၍ တည်ရှိနေဦးမှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။

(သတင်းစုံ ဗသုသုတများကို ရှာဖွေတင်ဆက်နေတာမို့ Knight News Page မှာ စောင့်မျှော်အားပေးကြပါအုံးလို့။)

Knight News Team

Crd

Crd

arkarta