မြန်မာပြည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ ဗဟိုဘဏ် အသုံးပြုလိုက်တဲ့ နည်းလမ်း

မြန်မာပြည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ ဗဟိုဘဏ် အသုံးပြုလိုက်တဲ့ နည်းလမ်း



Post Views:
10

မြန်မာပြည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ ဗဟိုဘဏ် အသုံးပြုလိုက်တဲ့ နည်းလမ်း..

ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်မှာ အပ်နှံထားတဲ့ ဘဏ်တွေရဲ့ အပ်ငွေစာရင်း CAB အချိုးကို တိုးမြှင့်လိုက်ပြီး ဘဏ်တွေရဲ့ လက်ဝယ်မှာ ငွေသား Cash နဲ့ ထားရှိရမယ့် အချိုးကို လျှော့ချသတ်မှတ်ခဲ့တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
ဒီနည်းဟာ တရုတ်နိုင်ငံ ဗဟိုဘဏ် အမြဲ သုံးတဲ့ Reserve Ratio နည်း ဖြစ်ပါတယ်။ ဤနည်းဟာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရာမှာ ထိရောက်မှု ရှိပါတယ်။

Reserve ratio တိုးမြှင့်လိုက်တာကြောင့် ဘဏ်အတော်များများဟာ ခုရက်ပိုင်း Fixed Deposit အပ်ငွေများကို အတိုးနှုန်း တိုးမြှင့်ပေးလာတာတွေ့ ရပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ Monetary Policy ကို ထိထိရောက်ရောက် အသုံးပြုလာတာ တွေ့ရပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းကို သက်သာလျော့ပါးစေဖို့ အတိုးနှုန်းမြှင့်တင်ဖို့ သင့်/မသင့် ထည့်သွင်းစဉ်းစားတဲ့အခါ လက်တလော အခြေအနေတွေအရ အတိုးနှုန်းမြှင့်တင်ခြင်းမပြုဘဲ အခြားလမ်းကြောင်းတွေကို ရွေးချယ်ခဲ့တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

နိုင်ငံ့စီးပွားတိုးတက်မှုက ရည်မှန်းချက်ဖြစ်တဲ့ (၃.၇) ရာခိုင်နှုန်းအောက် လျော့နည်းနေခြင်း၊ စီးပွားရေးစနစ်အတွင်း စုစုပေါင်းငွေကြေးပမာဏက ရည်မှန်းချက်အောက် လျော့နည်းနေခြင်း၊ ဘဏ်တွေရဲ့ အပ်ငွေအနည်းငယ် ကျဆင်းနေခြင်း၊ ချေးငွေတိုးမြှင့်ထုတ်ချေးမှု မပြုနိုင်သေးခြင်း၊ ဘဏ်လုပ်ငန်းကဏ္ဍရဲ့ ငွေကြေးလည်ပတ်မှုအခြေအနေက ကောင်းမွန်စရှိသေးခြင်း စတာတွေကြောင့်လို့ ဗဟိုဘဏ်က အကြောင်းပြထားပါတယ်။

ဒါ့ကြောင့် ဗဟိုဘဏ်အနေနဲ့ မြန်မာကျပ်ငွေနဲ့ အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အချိုး (၃) ရာခိုင်နှုန်း သတ်မှတ်ခြင်းကို မပြောင်းလဲဘဲ အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အချိုးမှာ ဘဏ်တွေရဲ့ ဗဟိုဘဏ်မှာရှိတဲ့ အပ်ငွေစာရင်း (CAB) နဲ့ ထားရှိရမယ့် အချိုး (၂.၂၅) ရာခိုင်နှုန်းကို (၂.၅၀) ရာခိုင်နှုန်းကို တိုးမြှင့်လိုက်ပြီး ငွေသား (Cash) နဲ့ ထားရှိရမယ့် အချိုးကို (၀.၇၅) ရာခိုင်နှုန်းကနေ (၀.၅၀) ရာခိုင်နှုန်းကို လျှော့ချသတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ချက်က ဘဏ်တွေ လက်ဝယ်က ငွေသားတွေကို ဗဟိုဘဏ်က အပ်ငွေစာရင်းထံ ဝင်ရောက်လာစေခြင်းဖြင့် လှည့်လည်သုံးစွဲငွေ (CIC) လျော့နည်းစေပြီး ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက်အလျောက် ထိန်းကျောင်းနိုင်မှာ ဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

လက်ရှိ ဘဏ်တွေမှာ သက်တမ်းလွန်ပြီး အတိုး/အရင်း ပြန်မဆပ်နိုင်တဲ့ NPL Loans တွေရဲ့ ပြဿနာက ကြီးကြီးမားမား ရှိနေတာကြောင့် ဘဏ်တွေဘက်က အတိုးနှုန်းကို မမြှင့်စေလိုဘူးလို့ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးအဖွဲ့ (CESD) အမှုဆောင်ဒါရိုက်တာ ဒေါက်တာဇော်ဦးက VOA ရဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

“ဘဏ်တွေက အတိုးနှုန်းကို မမြှင့်ပါနဲ့လို့ ပြောတယ်။ အတိုးနှုန်းကို မြှင့်ရင် ဘဏ်တွေရဲ့ NPL ပြဿနာက အကြီးကြီးဖြစ်နေတဲ့အတွက် သူတို့က အတိုးနှုန်းကို မမြှင့်ချင်ဘူး” လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Crd

Crd

arkarta