မြန်မာပြည်မှာ ထုတ်မယ့် တိုယိုတာ ကားတွေက ထိုင်းမှာထက် စျေးပိုများနေရတဲ့ နောက်ကွယ်

မြန်မာပြည်မှာ ထုတ်မယ့် တိုယိုတာ ကားတွေက ထိုင်းမှာထက် စျေးပိုများနေရတဲ့ နောက်ကွယ်






Post Views:
5

မြန်မာပြည်မှာ ထုတ်မယ့် တိုယိုတာ ကားတွေက ထိုင်းမှာထက် စျေးအဆမတန် ပိုများနေရတဲ့ နောက်ကွယ်..

ဒီနေ့ ထိုင်းကသူငယ်ချင်းဖြစ်တဲ့ ထိုင်းလူမျိုးတစ်ယောက်နဲ့ စကားပြောဖြစ်တယ်.. ထိုင်းမှာရှိနေချိန်တုန်းက ဝပ်ရှော့ အတူတူ ၄/၅ နှစ်လောက် တွဲလုပ်ဖူးတယ်.. ထိုင်းမော်တော်ယာဉ်နည်းပညာ ကောလိပ်က ကျောင်းဆင်းပြီး ကိုယ်ပိုင်ဝပ်ရှော့ မဖွင့်ခင် ဆားဗစ်ရအောင် လာလုပ်နေတာ..

ထိုင်းမှာတူတူနေတုန်းက ကြက်တိုက်တဲ့ အကြောင်းတွေ ကားပြင်တဲ့ ကိစ္စတွေ ပြောနေရင်းနဲ့.. ကားအကြောင်းရောက်တော့ တိုယိုတာမြန်မာဆိုပြီး မြန်မာပြည်မှာ.. ကားထုတ်နေနိုင်ပြီလို့ ကြွားလိုက်မိတယ်.. ဈေးဘယ်လောက်လဲတဲ့.. လက်ရှိပေါက်ဈေးနဲ့ဆိုရင် ဘတ်ငွေ သိန်း ၃၀ နီးပါးလောက်ကျမယ်လို့..

သူငယ်ချင်းက.. ဘ.. ဝေ.. တိုယိုတာ ရီဝို့ လွတ်ပစ်ကပ်တိုနိကော် လာခါ အနိထိန်မိုင်း.. မကေးငြင်း တဲ့.. (ရူးနေပြီလား.. တိုယိုတာ Revo အဲ့လိုကားမျိုးက အဲ့ဒီဈေး ပေါက်လို့လား.. တစ်ခါမှ မကြားဖူးဘူး) ထိုင်းမှာ.. ဘတ် ၁၂ သိန်း ၁၃ သိန်းလောက်ပဲရှိတယ်.. မြန်မာပြည်မှာ ဘာလို့ အဲ့လောက်ဈေးများနေတာလဲလို့ မေးတာ့.. ကျွန်တော်လည်း ဘာမှ မဖြေနိုင်ဘူး ဖြစ်သွားတယ်..

မေးခွန်းသတ်တယ်ဆိုတာ လက်တွေ့ ကြုံလိုက်ရတာ.. အဲ့တာနဲ့ သူနဲ့ ပြောပြီး ထိုင်း Revo ဈေးနှုန်းတွေ ရှာကြည့်တော့ သူပြောတဲ့အတိုင်း ဖြစ်နေတာကို အံ့သြစွာ တွေ့လိုက်ရပါတယ်ဗျာ.. ကိုတိုး (အွန်လိုင်းကားဝပ်ရှော့)

အကြောင်းကတော့ ဒီလိုပါတဲ့.. ထိုင်း တိုယိုတာ စက်ရုံက အစိတ်အပိုင်းတွေ ကွန်တိန်နာနဲ့ တင်လာရတယ်.. သင်္ဘောတင်ခပေးရတယ်.. ပစ္စည်းသွင်းဖို့ ပိုက်ဆံပေးရတယ်.. ခွင့်ပြုမိန့်စောင့်ရတယ်.. လမ်းကြောင်းမဝင်ထားဘဲ ရမယ်ထင်နေတာလား..

မြန်မာပြည်ရောက်ရင် သင်္ဘောချခရှိတယ်.. ဆိပ်ကမ်းမှာ လိုင်းကြေးပေးထုတ်ရမယ်.. ဂိတ်ကထွက်ရင် လမ်းကြောင်းကြေးရှိတယ်.. မီးပျက်ရင် ဒီဇယ်မီးစက်နှိုးပြီးလုပ်ရတယ်.. အရေးထဲ ဆီက ခိုးသေးတယ်.. ကွန်တိန်နာဖောက်ကတည်းက တချို့အစိတ်အပိုင်းတွေ မီးခွက်ဈေးရောက်သွားပြီ.. ဒေါ်လာဈေးကလဲ မငြိမ်ဘူး..

Crd




Crd

arkarta