မြန်မာပြည်မှာ တရုတ် ကုမ္ပဏီ HOZON Auto က လျှပ်စစ်ကားများ ထုတ်လုပ် ရောင်းချပေးမည်

တရုတ်လျှပ်စစ် မော်တော်ယာဉ် ကော်ပိုရေးရှင်း HOZON Auto က မြန်မာနိုင်ငံရဲ့ လျှပ်စစ်ကားဈေးကွက်ထဲ ဝင်ရောက်ဖို့ ပြည်တွင်းကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး ပြင်ဆင်မှုတွေ စတင်နေပါပြီ။
တရုတ်လျှပ်စစ် မော်တော်ယာဉ် ကော်ပိုရေးရှင်း HOZON Auto ဟာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ကား (NEV) စျေးကွက်ကို ဝင်ရောက်ဖို့အတွက် မြန်မာနိုင်ငံ အခြေစိုက် Grand Sirius Enterprise Limited (GSE) နဲ့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း သိရပါတယ်။
အဆိုပါသဘောတူညီချက်များအရ HOZON Auto ကုမ္ပဏီဟာ မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီနဲ့ NETA U မော်ဒယ်လ် လျှပ်စစ်စွမ်းအင်သုံးကား နဲ့ NETA V မော်ဒယ်လ် လျှပ်စစ် စွမ်းအင်သုံးကားများကို မိတ်ဆက်ရောင်း ချသွားမှာဖြစ်သလို လိုအပ်တဲ့ဝန်ဆောင်မှုများ ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
Grand Sirius Enterprise က “GSE ရဲ့ခြေလှမ်းအသစ်ကို NETA လျှပ်စစ်ကားနဲ့ လျှောက်လှမ်းလိုက်ပါပြီ။ အရည်အသွေးကောင်းပြီး ဈေးချိုသာတဲ့ လျှပ်စစ်ကားများကို အကောင်းဆုံး ဝန်ဆောင်မှုနဲ့ ရောင်းချပေးနိုင်ဖို့ ဆက်လက် ကြိုးစားသွားမယ်” လို့ ဆိုထားပါတယ်။
မြန်မာအစိုးရဟာ လာမယ့်နှစ်များအတွင်း မြန်မာနိုင်ငံရဲ့လျှပ်စစ်စွမ်းသုံး ကားစျေးကွက် ပိုမိုကောင်းမွန်လာစေဖို့ ပိုမိုကောင်းမွန်တဲ့ မူဝါဒများထုတ်ပြန်ခဲ့ကြောင်း၊ ဓါတ်ဆီနဲ့ ဒီဇယ်စျေးနှုန်းမြင့်တက်ခြင်းက ဒေသခံများကို လျှပ်စစ်စွမ်းအင်သုံးကားများ ပိုမိုသုံးစွဲလာအောင်တွန်းအားပေးသလို ဖြစ်လာစေလာခဲ့ကြောင်း HOZON Auto ကုမ္ပဏီက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ရေနံဈေးနှုန်းတွေ မြင့်တက်မှုက လျှပ်စစ်ကားတွေကို ပိုမိုသုံးစွဲလာအောင် တွန်းအားပေးသလို ဖြစ်စေခဲ့ခြင်းက မြန်မာနိုင်ငံမှာ လျှပ်စစ်ကားဈေးကွက် ဖြစ်လာဖို့ အလားအလာကောင်းတစ်ခုလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ လျှပ်စစ်စွမ်းအင်သုံးကားစျေးကွက်နဲ့ပတ်သက်ပြီး အလွန်ကောင်းမွန်တဲ့ အလားလာကောင်းတွေ ရှိနေကြောင်း သိရပါတယ်။ အဆိုပါ HOZON Auto က စက်တင်ဘာလလယ်အထိ ပြည်ပ စျေးကွက်အသီးသီးမှ လျှပ်စစ်စွမ်းအင်သုံးကားအစီးရေ ပေါင်း ၅၂ဝဝ ခန့် အော်ဒါလက်ခံရရှိထားကြောင်း ဆိုပါတယ်။
Crd
Crd