မြန်မာနိုင်ငံမှာ မောင်းသူမဲ့သင်္ဘောကြီးရှိတယ်ဆိုတာ အခုကြားဖူးပြီလေ ခင်​ဗျားတို့ကော ကြား​ဖူးကြပြီးပြီလား…

မြန်မာနိုင်ငံမှာ မောင်းသူမဲ့သင်္ဘောကြီးရှိတယ်ဆိုတာ အခုကြားဖူးပြီလေ ခင်​ဗျားတို့ကော ကြား​ဖူးကြပြီးပြီလား…

တနင်္သာရီတိုင်းဒေသကြီး အတွင်း၌ မောင်းသူမဲ့သင်္ဘောတစ်စီး မျောပါလျက်ရှိသည့် အတွက်မိုင်(၄၀)အတွင်းရှိ ရေယာဉ်များဘေးအန္တရာယ်ကင်းရှင်းစေရေးရန် ရေကြောင်းသတိပေးချက်ထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီး အတွင်း၌ မောင်းသူမဲ့ သင်္ဘောတစ်စီး မျောပါလျက်ရှိသည့်အတွက် မိုင်(၄၀)အတွင်းရှိ ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးရန် ရေကြောင်း သတိပေးချက်ထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁ရက် နေ့ည ၁၉နာရီ နာရီ အချိန်ခန့်တွင် Singapore နိုင်ငံမှ Bangladesh နိုင်ငံ Chittagone ဆိပ်ကမ်းသို့ ထွက်ခွာလာသည့် Vietnam နိုင်ငံ Tan Binh Co Ltd ပိုင် Panama နိုင်ငံ မှတ်ပုံတင်သင်္ဘော MV Tan Binh 127 (IMO 9240043) သည် တနင်္သာရီတိုင်းဒေသကြီး၊

ဇာဒက်ကြီးကျွန်း အနောက်ဘက် ရေမိုင် ၉၀ ခန့် အကွာ မြန်မာနိုင်ငံ၏ EEZ အတွင်း တည်နေရာ Lat: ၁၀ ဒီဂရီ ၂ Long: ၀၉၆ ဒီဂရီ ၄၇ မိနစ် (E) တွင် သင်္ဘောထဲသို့ ရေဝင်မှု (Flooding) ဖြစ်ပွားခဲ့ပြီး ယမန်နေ့ ည ၂၁နာရီ၂၃မိနစ် အချိန်တွင် ရေယာဉ်မှူး အပါအဝင် ရေယာဉ် ဝန်ထမ်းများ ရေယာဉ်မှစွန့်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ ရေယာဉ်မှာ လက်ရှိတွင် မောင်းသူမဲ့ မျောပါလျက်ရှိသည့်အတွက် အောက်ပါ တည်နေရာနှင့် မျောပါလျက်ရှိသည့် ဦးတည်ချက်အတွင်းမှ မိုင် (၄၀) အတွင်းရှိ ရေယာဉ်များ အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရေကြောင်းသတိပေးချက် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးအချက်အလက်ရရှိသည့်တည်နေရာ မျောပါလျက်ရှိသည့် ဦးတည်ချက် (ခန့်မှန်း) မျောပါနှုန်း (ခန့်မှန်း) Latitude: 10° 06.2′ N ၊ Longitude: 96° 52.1′ E နောက်ဆုံးတည်နေရာမှ ၀၆၀ – ၀၇၀° အတွင်း ရေမိုင် (၂)မိုင် သို့ဖြစ်ပါ၍ ရေယာဉ်မျောပါလျက်ရှိသည့် နောက်ဆုံးအချက်အလက်ရရှိသည့်တည်နေရာမှ မျောပါလျက်ရှိသည့် ဦးတည်ချက်ဧရိယာ မိုင်(၄၀) အတွင်း

ရေယာဉ်ကြီး/ငယ်များ၊ ကုန်တင်စက် လှေများ၊ ငါးဖမ်းသင်္ဘောများ၊ အပျော်စီးခရီးသွားလှေများနှင့် စက်တပ်သမ္မာန်များအနေဖြင့် သတိပြုသွားလာကြပါရန်နှင့် အဆိုပါ ရေယာဉ်အား တွေ့ရှိပါကMaritime Rescue Coordination Centre (MRCC) သို့ သတင်းပေးပို့ကြပါရန် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ခဲ့သည်။

#ရေကြောင်း #တနင်္သာရီတိုင်းဒေသကြီး
#photo credit

zawgyi








#ရေကြောင်း #တနင်္သာရီတိုင်းဒေသကြီး
#photo credit