မြန်မာတွေ မလုပ်နိုင်တဲ့ မြန်မာ့ယဉ်ကျေးမှုတွေကို ထိုင်းက အသာစီးယူနေတဲ့ နည်းလမ်းများ

Post Views:
9
အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
ထိုင္းက ျမန္မာကို ယဥ္ေက်းမႈအရ အသာစီးယူခ်င္တဲ့ သေဘာေတာ့ေတြ႕ရတယ္။ အဲ့ဒါ ထိုင္းအစိုးရ ေပၚလစီ နဲ႔ဆိုင္တယ္။ ထိုင္းလူမ်ိဳးနဲ႔ မဆိုင္ဘူး။
ထိုင္းအစိုးရကေန ပညာေရးဆိုင္ရာ ပညာရပ္တိုင္ရာ ဌာနေတြျဖစ္တဲ့ တကၠသိုလ္ေတြေက်ာင္းေတြကို အစိုးရအာေဘာ္ပါတဲ့ ေပၚလစီ ခ်ေပးလိုက္တယ္။
ဥပမာေျပာရရင္ ျမန္မာ့ယဥ္ေက်းမႈအေၾကာင္း သင္ယူေလ့လာပါ၊ မူပိုင္ခြင့္လည္းရပါေစ ဆိုပါစို႔။
အဲ့ဒီေတာ့ ထိုင္းတကၠသိုလ္ေတြက ျမန္မာေက်ာင္းသားေတြကို စေကာ္လာရွစ္ေပးတယ္။ အာခီ၊ အင္ယာ၊ အႏုပညာ၊ ယက္ကန္းထည္၊ ဒီဇိုင္း ၊ အက ႏွင့္ ဂီတ ပညာရပ္ေတြဆိုပါစို႔။
ျမန္မာေက်ာင္းသားေတြက ေရခံေျမခံေကာင္း ၊ စနစ္ေကာင္းေအာက္မွာ ႀကိဳးစားသင္ယူၾကတယ္။ မာစတာျဖစ္ေစ၊ ပါရဂူ ျဖစ္ေစ ဘြဲ႕ယူဖို႔ျပင္ဆင္ၾကတဲ့အခါ ေက်ာင္းသားေတြက ျမန္မာနဲ႔ ဆိုင္တဲ့ စာတမ္းေတြ ေရးၾကတယ္။
ဥပမာ ပုဂံဘုရားအေၾကာင္း ဗိသုကာ၊ တည္ေဆာက္မႈပညာ၊ အႏုသုခုမလက္ရာ စသျဖင့္ စာတမ္းေတြျပဳစုေရးသားၾကတယ္။ သက္ဆိုင္ရာဘာသာရပ္အလိုက္ေပါ့။
ပုဂံမွ မဟုတ္ပါဘူး အင္းဝ ကုန္းေဘာင္ အထိစာတမ္းေတြ ေရးၾကတယ္။
တကၠသိုလ္ေတြမွာ စနစ္တက်သင္ယူလာၾကလို႔ စနစ္တက်ေရးႏိုင္ၾကတယ္။ ျမန္မာျပည္က အေတာ္ဆုံးေက်ာင္းသားေတြကို စေကာ္လာရွစ္ေပးတယ္၊
အက်ိဳးျမတ္က လူေတာ္ေက်ာင္းသားေတြ ျပဳစုထားတဲ့ အေကာင္းဆုံး စာတမ္းေတြရလိုက္တယ္။ အဲ့ဒီစာတမ္းကို တကၠသိုလ္က ပိုင္တယ္။ ထိုင္းအစိုးရပိုင္တယ္။ အဲ့ဒါကိုမွ ႏိုင္ငံ ႏွင့္ လူမ်ိဳး နစ္နာတယ္လို႔ေခၚတယ္။
ဇင္းမယ္တကၠသိုလ္ေတြက ျမန္မာမႈ၊ အဝတ္ထည္ေတြ ဒီဇိုင္းကာလာေတြ ၊ ဝတ္စားဆင္ယင္မႈ (textile, custome and design) ေတြ ေဖာ္ထုတ္ေပးတဲ့အခါ ျမန္မာေတြ မလုပ္ႏိုင္ေသးတာကို သူတို႔လုပ္ေနတာလို႔သာ သေဘာထားလိုက္။
သူတို႔ အစြမ္းကုန္ေဖာ္ထုတ္ပီးကာမွ ဒါဟာ ျမန္မာမႈ ျမန္မာပိုငိသာျဖစ္တယ္ဆိုပီး မွတ္တမ္း စာတမ္းေတြနဲ႔ အတိက်ေထာက္ျပပီး ေကာက္သိမ္းလိုက္တာက ပညာပါတဲ့ တုန္႔ျပန္မႈျဖစ္ပါတယ္။
စြတ္ဆတ္ေအာ္မေနနဲ႔ ပညာအရင္းခံပီး အလုပ္လုပ္ၾကပါ။ မဆိုင္တဲ့ေနရာမွာ ေယာင္ေန နေနတာျမင္ရတာ ရင္နာတယ္။
ေစာေစာကေျပာတဲ့ အသိဉာဏ္ပညာယိုဖိတ္စီးဆင္းမႈ (brain drain) ျဖစ္ေနတာ ျမင္တာကပိုပီး ပိုပီးရင္နာစရာေကာင္းတယ္။ ေသခ်ာျမင္ေအာင္ၾကည့္ၾကဦး။
ေနာက္တခုက ထိုင္းေတြက ျမန္မာ့ယဥ္ေက်းမႈကို ခိုးခ်စရာအေၾကာင္းကို မရွိပါဘူး။ ထိုင္းဟာ ထိုင္း၊ ျမန္မာဟာ ျမန္မာပါဘဲ။
ခိုးခ်တယ္ဆိုတဲ့အသုံးႏႈန္းဟာ ယဥ္ေက်းမႈမရွိဘူး။ အရပ္ေျပာ ေျပာေတာ့ ႐ိုင္းတယ္ေပါ့။ ယဥ္ေက်းမႈဆိုတာရဲ႕ သေဘာကိုက ဘယ္ေသာအခါမွ ခိုးယူလို႔မရတဲ့ အရာျဖစ္ပါတယ္
Tangible ျဖစ္ေစ Intangible ျဖစ္ေစ ခိုးယူလို႔ မရပါဘူး။ ခိုးယူလို႔ရတာ ေရွးေဟာင္းပစၥည္းသာျဖစ္ပါတယ္။ ယဥ္ေက်းမႈဆိုတာ ဆက္စပ္ယွက္ႏြယ္တဲ့သေဘာရွိတယ္။
လြမ္းမိုး ဩဇာ မကင္းသာ တဲ့သေဘာရွိတယ္။ အဲ့ဒါကို influenced ျဖစ္တယ္လို႔ ေခၚတယ္။ ခိုးတယ္လို႔ မသုံးႏႈန္းရဘူး။
ပညာရပ္ဆန္တဲ့ ယဥ္ေက်းတဲ့ ျမန္မာစကားလုံးအသုံးႏႈန္းဟာ “လြမ္းမိုး ဩဇာသက္ေရာက္မႈရွိတာ” လို႔ေျပာလို႔ရတယ္။ ထားေတာ့။
ဒီေန႔ျမန္မာေတြ လုံခ်ည္ဝတ္တယ္ဆိုတာ အင္ဒိယကလာတဲ့ ဩဇာ၊ တိုက္ပုံဝတ္တယ္ဆိုတာက တ႐ုတ္ကလာတဲ့ လြမ္းမိုးမႈ။
ကလျပည္ကခိုးတယ္၊ တ႐ုတ္ျပည္က ခိုးတယ္လုပ္လို႔မရဘူး။ ဒါဟာ ယွက္ႏြယ္-ဆက္စပ္တဲ့ သေဘာ။
ဒါေၾကာင့္ ပုဆိုး ႏွင့္ တိုက္ပုံဆိုတာ သူခိုးဝတ္စုံမဟုတ္၊ ျမန္မာအမ်ိဳးသားဝတ္စုံလို႔ နားလည္ထားၾကတာမဟုတ္လား။ အဲ့ေလာက္နားလည္ႏိုင္မွ ေစာေစာကေျပာတဲ့ right attitude ျဖစ္မွာ။
Writer – ကိုေဇမ်ိဳးလင္း (ေလးစားစြာျဖင့္ WS)
Unicode
ထိုင်းက မြန်မာကို ယဉ်ကျေးမှုအရ အသာစီးယူချင်တဲ့ သဘောတော့တွေ့ရတယ်။ အဲ့ဒါ ထိုင်းအစိုးရ ပေါ်လစီ နဲ့ဆိုင်တယ်။ ထိုင်းလူမျိုးနဲ့ မဆိုင်ဘူး။
ထိုင်းအစိုးရကနေ ပညာရေးဆိုင်ရာ ပညာရပ်တိုင်ရာ ဌာနတွေဖြစ်တဲ့ တက္ကသိုလ်တွေကျောင်းတွေကို အစိုးရအာဘော်ပါတဲ့ ပေါ်လစီ ချပေးလိုက်တယ်။
ဥပမာပြောရရင် မြန်မာ့ယဉ်ကျေးမှုအကြောင်း သင်ယူလေ့လာပါ၊ မူပိုင်ခွင့်လည်းရပါစေ ဆိုပါစို့။
အဲ့ဒီတော့ ထိုင်းတက္ကသိုလ်တွေက မြန်မာကျောင်းသားတွေကို စကော်လာရှစ်ပေးတယ်။ အာခီ၊ အင်ယာ၊ အနုပညာ၊ ယက်ကန်းထည်၊ ဒီဇိုင်း ၊ အက နှင့် ဂီတ ပညာရပ်တွေဆိုပါစို့။
မြန်မာကျောင်းသားတွေက ရေခံမြေခံကောင်း ၊ စနစ်ကောင်းအောက်မှာ ကြိုးစားသင်ယူကြတယ်။ မာစတာဖြစ်စေ၊ ပါရဂူ ဖြစ်စေ ဘွဲ့ယူဖို့ပြင်ဆင်ကြတဲ့အခါ ကျောင်းသားတွေက မြန်မာနဲ့ ဆိုင်တဲ့ စာတမ်းတွေ ရေးကြတယ်။
ဥပမာ ပုဂံဘုရားအကြောင်း ဗိသုကာ၊ တည်ဆောက်မှုပညာ၊ အနုသုခုမလက်ရာ စသဖြင့် စာတမ်းတွေပြုစုရေးသားကြတယ်။ သက်ဆိုင်ရာဘာသာရပ်အလိုက်ပေါ့။
ပုဂံမှ မဟုတ်ပါဘူး အင်းဝ ကုန်းဘောင် အထိစာတမ်းတွေ ရေးကြတယ်။
တက္ကသိုလ်တွေမှာ စနစ်တကျသင်ယူလာကြလို့ စနစ်တကျရေးနိုင်ကြတယ်။ မြန်မာပြည်က အတော်ဆုံးကျောင်းသားတွေကို စကော်လာရှစ်ပေးတယ်၊
အကျိုးမြတ်က လူတော်ကျောင်းသားတွေ ပြုစုထားတဲ့ အကောင်းဆုံး စာတမ်းတွေရလိုက်တယ်။ အဲ့ဒီစာတမ်းကို တက္ကသိုလ်က ပိုင်တယ်။ ထိုင်းအစိုးရပိုင်တယ်။ အဲ့ဒါကိုမှ နိုင်ငံ နှင့် လူမျိုး နစ်နာတယ်လို့ခေါ်တယ်။
ဇင်းမယ်တက္ကသိုလ်တွေက မြန်မာမှု၊ အဝတ်ထည်တွေ ဒီဇိုင်းကာလာတွေ ၊ ဝတ်စားဆင်ယင်မှု (textile, custome and design) တွေ ဖော်ထုတ်ပေးတဲ့အခါ မြန်မာတွေ မလုပ်နိုင်သေးတာကို သူတို့လုပ်နေတာလို့သာ သဘောထားလိုက်။
သူတို့ အစွမ်းကုန်ဖော်ထုတ်ပီးကာမှ ဒါဟာ မြန်မာမှု မြန်မာပိုငိသာဖြစ်တယ်ဆိုပီး မှတ်တမ်း စာတမ်းတွေနဲ့ အတိကျထောက်ပြပီး ကောက်သိမ်းလိုက်တာက ပညာပါတဲ့ တုန့်ပြန်မှုဖြစ်ပါတယ်။
စွတ်ဆတ်အော်မနေနဲ့ ပညာအရင်းခံပီး အလုပ်လုပ်ကြပါ။ မဆိုင်တဲ့နေရာမှာ ယောင်နေ နနေတာမြင်ရတာ ရင်နာတယ်။
စောစောကပြောတဲ့ အသိဉာဏ်ပညာယိုဖိတ်စီးဆင်းမှု (brain drain) ဖြစ်နေတာ မြင်တာကပိုပီး ပိုပီးရင်နာစရာကောင်းတယ်။ သေချာမြင်အောင်ကြည့်ကြဦး။
နောက်တခုက ထိုင်းတွေက မြန်မာ့ယဉ်ကျေးမှုကို ခိုးချစရာအကြောင်းကို မရှိပါဘူး။ ထိုင်းဟာ ထိုင်း၊ မြန်မာဟာ မြန်မာပါဘဲ။
ခိုးချတယ်ဆိုတဲ့အသုံးနှုန်းဟာ ယဉ်ကျေးမှုမရှိဘူး။ အရပ်ပြော ပြောတော့ ရိုင်းတယ်ပေါ့။ ယဉ်ကျေးမှုဆိုတာရဲ့ သဘောကိုက ဘယ်သောအခါမှ ခိုးယူလို့မရတဲ့ အရာဖြစ်ပါတယ်
Tangible ဖြစ်စေ Intangible ဖြစ်စေ ခိုးယူလို့ မရပါဘူး။ ခိုးယူလို့ရတာ ရှေးဟောင်းပစ္စည်းသာဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုတာ ဆက်စပ်ယှက်နွယ်တဲ့သဘောရှိတယ်။
လွမ်းမိုး ဩဇာ မကင်းသာ တဲ့သဘောရှိတယ်။ အဲ့ဒါကို influenced ဖြစ်တယ်လို့ ခေါ်တယ်။ ခိုးတယ်လို့ မသုံးနှုန်းရဘူး။
ပညာရပ်ဆန်တဲ့ ယဉ်ကျေးတဲ့ မြန်မာစကားလုံးအသုံးနှုန်းဟာ “လွမ်းမိုး ဩဇာသက်ရောက်မှုရှိတာ” လို့ပြောလို့ရတယ်။ ထားတော့။
ဒီနေ့မြန်မာတွေ လုံချည်ဝတ်တယ်ဆိုတာ အင်ဒိယကလာတဲ့ ဩဇာ၊ တိုက်ပုံဝတ်တယ်ဆိုတာက တရုတ်ကလာတဲ့ လွမ်းမိုးမှု။
ကလပြည်ကခိုးတယ်၊ တရုတ်ပြည်က ခိုးတယ်လုပ်လို့မရဘူး။ ဒါဟာ ယှက်နွယ်-ဆက်စပ်တဲ့ သဘော။
ဒါကြောင့် ပုဆိုး နှင့် တိုက်ပုံဆိုတာ သူခိုးဝတ်စုံမဟုတ်၊ မြန်မာအမျိုးသားဝတ်စုံလို့ နားလည်ထားကြတာမဟုတ်လား။ အဲ့လောက်နားလည်နိုင်မှ စောစောကပြောတဲ့ right attitude ဖြစ်မှာ။
Writer – ကိုဇေမျိုးလင်း (လေးစားစွာဖြင့် WS)
Crd
Crd