မြန်မာတရုတ်နယ်စပ် ကန်ပိုက်တီမြို့အနီး တရုတ်က နယ်စပ်ခြံစည်းရိုးခတ်

မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီမြို့အနီး တရုတ်က နယ်စပ်ခြံစည်းရိုးခတ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့အနီး မြန်မာ-တရုတ် နယ်စပ်မှာ မြန်မာအာဏာပိုင်တွေကို အသိပေးခြင်းမရှိဘဲ ပေ ၂၀ လောက်မြင့်တဲ့ နယ်စပ်ခြံစည်းရိုးကို တရုတ်ဘက်က ခတ်လိုက်ပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အသိပေးခြင်းမရှိဘဲ ခတ်လိုက်တဲ့ ခြံစည်းရိုးကို ကန်ပိုက်တီ မြို့နယ်အုပ်ချုပ်ရေးမှူးက သွားရောက်စစ်ဆေးခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ခြံစည်းရိုးက နယ်ခြားမှတ်တိုင် အမှတ် (၄) ကနေ အမှတ် (၃) ဘက်ကို ခတ်လိုက်တာ သံဆူးကြိုး ဘလိတ်ဓါးနဲ့ အုတ်တံတိုင်းနဲ့ ခတ်တာ။ ပြီးခဲ့တဲ့ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး လာကြည့်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံဘက်က ခတ်လိုက်တဲ့ ခြံစည်းရိုးဟာ ပေ ၅၀၀ လောက် ရှည်လျားပြီး ပေ ၂၀ လောက် အမြင့်ရှိတဲ့ အုတ်တံတိုင်း၊ သံတိုင်တွေပေါ်မှာ ဘလိတ်ဓားသံဆူးကြိုးခွေ ပတ်ထားတဲ့ ခြံစည်းရိုး ဖြစ်ပါတယ်။

DVB

zawgyi

ျမန္မာ-တ႐ုတ္နယ္စပ္ ကန္ပိုက္တီၿမိဳ႕အနီး တ႐ုတ္က နယ္စပ္ၿခံစည္းရိုးခတ္

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ကန္ပိုက္တီၿမိဳ႕အနီး ျမန္မာ-တ႐ုတ္ နယ္စပ္မွာ ျမန္မာအာဏာပိုင္ေတြကို အသိေပးျခင္းမရွိဘဲ ေပ ၂၀ ေလာက္ျမင့္တဲ့ နယ္စပ္ၿခံစည္းရိုးကို တ႐ုတ္ဘက္က ခတ္လိုက္ပါတယ္။

တ႐ုတ္နိုင္ငံက ျမန္မာနိုင္ငံကို အသိေပးျခင္းမရွိဘဲ ခတ္လိုက္တဲ့ ၿခံစည္းရိုးကို ကန္ပိုက္တီ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက သြားေရာက္စစ္ေဆးခဲ့တယ္လို႔လည္း ေဒသခံတစ္ဦးက ေျပာပါတယ္။

“ၿခံစည္းရိုးက နယ္ျခားမွတ္တိုင္ အမွတ္ (၄) ကေန အမွတ္ (၃) ဘက္ကို ခတ္လိုက္တာ သံဆူးႀကိဳး ဘလိတ္ဓါးနဲ႔ အုတ္တံတိုင္းနဲ႔ ခတ္တာ။ ၿပီးခဲ့တဲ့ရက္က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး လာၾကည့္သြားတယ္” လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

တ႐ုတ္နိုင္ငံဘက္က ခတ္လိုက္တဲ့ ၿခံစည္းရိုးဟာ ေပ ၅၀၀ ေလာက္ ရွည္လ်ားၿပီး ေပ ၂၀ ေလာက္ အျမင့္ရွိတဲ့ အုတ္တံတိုင္း၊ သံတိုင္ေတြေပၚမွာ ဘလိတ္ဓားသံဆူးႀကိဳးေခြ ပတ္ထားတဲ့ ၿခံစည္းရိုး ျဖစ္ပါတယ္။

DVB