မြစ်ထဲမျောပါလာတဲ့ ငွေစက္ကူ ဒေါ်လာ ၁၀၀,၀၀၀ ကျော်ကိုရှာဖွေတွေ့ရှိခဲ့တဲ့ ကောင်လေးတစ်ဦး – NEW

ကျွန်တော်တို့အားလုံးမှာ ပန်းခြံခုံတန်းလျားအောက်ရှိ အိတ်တစ်လုံး သို့မဟုတ် ထိုနေရာများတစ်လျှောက်၌ပိုက်ဆံကောက်တွေ့ရန် အမြဲစိတ်ကူးယဉ်ဖူးကြမှာပါ။ ပိုက်ဆံကောက်ရတဲ့အခါ “ သိမ်းထားမလား ဒါမှမဟုတ် ပြန်ပေးမလား” ဆိုတဲ့အဖြေနှစ်ခုကရှိနေပါတယ်။ သို့ပေမဲ့ အဖြေများက လူတစ်ဦးနှင့်တစ်ဦးအလှောက် ကွဲပြားသွားတတ်သလို ဒါဟာ တွေးကြည့်ဖို့ ခက်တဲ့ကိုယ်ကျင့်တရားအကျပ်အတည်းတစ်ခုပါ။ ခုလည်း Austria နိုင်ငံရှိ အမည်မသိကောင်လေးတစ်ဦးဟာ မကြာသေးမီက ထိုဆုံးဖြတ်ချက်နှစ်ခုတည်းက တစ်ခုကို စိတ်တည်ငြိမ်စွာနဲ့ ချမှတ်ခဲ့ရပါတယ်။ ၎င်းအဖြစ်အပျက်က ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ကြိုးစားနေတဲ့ ကောင်လေးကို လမ်းသွားလမ်းလာလူတချို့ကတွေ့ပြီးနောက်မှာ ရဲကိုဖုန်းဆက်ခဲ့ကြခြင်းနဲ့ စတင်ခဲ့တာပါ။

ရဲတွေက ထိုနေရာသို့ရောက်လာတဲ့အချိန်မှာတော့ Danube မြစ်ကိုဖြတ်ပြီး မျောပါလာနေတဲ့ 100 နှင့် 500 တန် ယူရိုငွေစက္ကူရွက်များကို တစ်ကိုယ်တည်းဆင်းကောက်ဖို့လုပ်နေတဲ့ကောင်လေးကိုတွေ့ခဲ့ရပါတယ်။ ထို့နောက် ငွေစက္ကူရွက်များ ပြန်လည်ဆယ်ယူရန် ရဲတပ်ဖွဲ့က ချက်ချင်းဆိုသလို ရေငုပ်အဖွဲ့များကိုခေါ်ဆောင်ခဲ့ကြရပါတယ်။ နောက်ဆုံး ဆယ်ယူရရှိထားတဲ့ငွေတွေဟာ ယူရို ၁၀၀,၀၀၀ (ဒေါ်လာ ၁၀၈,၀၀၀) တန်တယ်လို့ ရဲပြောရေးဆိုခွင့်ရှိသူက BBC သတင်းသို့ ပြောကြားခဲ့ပါတယ်။

အခုချိန်ထိ ၎င်းငွေများကို ပြန်လည်လာရောက်တောင်းခံတဲ့သူတစ်ဦးမှမရှိနေသလို ရဲတပ်ဖွဲ့ကလည်း ငွေတွေက ဘယ်ကနေလာတယ်ဆိုတာကို စုံစမ်းနေလျက်ရှိပါတယ်။ သို့ပေမဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ကောင်လေးက စိတ်သန့်သန့်နဲ့ ပိုက်ဆံများကို ရဲလက်ထဲ အားလုံးလွှဲအပ်ပေးခဲ့တဲ့အတွက် သူဟာ ငွေတန်ဖိုးရဲ့၁၀ ရာခိုင်နှုန်းကို ရပိုင်ခွင့်ရှိပါတယ်။ အကယ်လို့သာ ၎င်းငွေများဟာ တစ်နှစ်ပတ်လုံး ပိုင်ရှင်မပေါ်ရင်တော့ ကောင်လေးက ၎င်းငွေသားအားလုံးကို ခံစားခွင့်ရှိမှာဘဲဖြစ်ပါတယ်။

.

.

.

.

Mia (KB Chimmy One)

Reference : buzznicked

Zawgyi

ကြၽန္ေတာ္တို႔အားလုံးမွာ ပန္းၿခံခုံတန္းလ်ားေအာက္ရွိ အိတ္တစ္လုံး သို႔မဟုတ္ ထိုေနရာမ်ားတစ္ေလွ်ာက္၌ပိုက္ဆံေကာက္ေတြ႕ရန္ အၿမဲစိတ္ကူးယဥ္ဖူးၾကမွာပါ။ ပိုက္ဆံေကာက္ရတဲ့အခါ “ သိမ္းထားမလား ဒါမွမဟုတ္ ျပန္ေပးမလား” ဆိုတဲ့အေျဖႏွစ္ခုကရွိေနပါတယ္။ သို႔ေပမဲ့ အေျဖမ်ားက လူတစ္ဦးႏွင့္တစ္ဦးအေလွာက္ ကြဲျပားသြားတတ္သလို ဒါဟာ ေတြးၾကည့္ဖို႔ ခက္တဲ့ကိုယ္က်င့္တရားအက်ပ္အတည္းတစ္ခုပါ။ ခုလည္း Austria ႏိုင္ငံရွိ အမည္မသိေကာင္ေလးတစ္ဦးဟာ မၾကာေသးမီက ထိုဆုံးျဖတ္ခ်က္ႏွစ္ခုတည္းက တစ္ခုကို စိတ္တည္ၿငိမ္စြာနဲ႔ ခ်မွတ္ခဲ့ရပါတယ္။ ၎အျဖစ္အပ်က္က ကိုယ့္ကိုယ္ကို အဆုံးစီရင္ဖို႔ႀကိဳးစားေနတဲ့ ေကာင္ေလးကို လမ္းသြားလမ္းလာလူတခ်ိဳ႕ကေတြ႕ၿပီးေနာက္မွာ ရဲကိုဖုန္းဆက္ခဲ့ၾကျခင္းနဲ႔ စတင္ခဲ့တာပါ။

ရဲေတြက ထိုေနရာသို႔ေရာက္လာတဲ့အခ်ိန္မွာေတာ့ Danube ျမစ္ကိုျဖတ္ၿပီး ေမ်ာပါလာေနတဲ့ 100 ႏွင့္ 500 တန္ ယူ႐ိုေငြစကၠဴ႐ြက္မ်ားကို တစ္ကိုယ္တည္းဆင္းေကာက္ဖို႔လုပ္ေနတဲ့ေကာင္ေလးကိုေတြ႕ခဲ့ရပါတယ္။ ထို႔ေနာက္ ေငြစကၠဴ႐ြက္မ်ား ျပန္လည္ဆယ္ယူရန္ ရဲတပ္ဖြဲ႕က ခ်က္ခ်င္းဆိုသလို ေရငုပ္အဖြဲ႕မ်ားကိုေခၚေဆာင္ခဲ့ၾကရပါတယ္။ ေနာက္ဆုံး ဆယ္ယူရရွိထားတဲ့ေငြေတြဟာ ယူ႐ို ၁၀၀,၀၀၀ (ေဒၚလာ ၁၀၈,၀၀၀) တန္တယ္လို႔ ရဲေျပာေရးဆိုခြင့္ရွိသူက BBC သတင္းသို႔ ေျပာၾကားခဲ့ပါတယ္။

အခုခ်ိန္ထိ ၎ေငြမ်ားကို ျပန္လည္လာေရာက္ေတာင္းခံတဲ့သူတစ္ဦးမွမရွိေနသလို ရဲတပ္ဖြဲ႕ကလည္း ေငြေတြက ဘယ္ကေနလာတယ္ဆိုတာကို စုံစမ္းေနလ်က္ရွိပါတယ္။ သို႔ေပမဲ့ ရွာေဖြေတြ႕ရွိခဲ့တဲ့ေကာင္ေလးက စိတ္သန္႔သန္႔နဲ႔ ပိုက္ဆံမ်ားကို ရဲလက္ထဲ အားလုံးလႊဲအပ္ေပးခဲ့တဲ့အတြက္ သူဟာ ေငြတန္ဖိုးရဲ႕၁၀ ရာခိုင္ႏႈန္းကို ရပိုင္ခြင့္ရွိပါတယ္။ အကယ္လို႔သာ ၎ေငြမ်ားဟာ တစ္ႏွစ္ပတ္လုံး ပိုင္ရွင္မေပၚရင္ေတာ့ ေကာင္ေလးက ၎ေငြသားအားလုံးကို ခံစားခြင့္ရွိမွာဘဲျဖစ္ပါတယ္။

Mia (KB Chimmy One)