မျောက်ကကူးဆက်သည့် B ဗိုင်းရပ်ကြောင့် တရုတ်တိကုဆရာဝန် သေဆုံး

တရုတ်နိုင်ငံမှာ မျောက်ကနေကူးဆက်တဲ့ B ဗိုင်းရပ်ပိုးကြောင့် ဦးနှောက်ရောင်ရမ်းပြီး တိကုဆရာဝန်တယောက် ပထမဆုံးသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်လကျော်က သေဆုံးနေတဲ့မျောက်နှစ်ကောင်ကို ခွဲစိတ်ပြီးနောက်မှာ အဲဒီဆရာဝန်ဟာ ရှေးဦးလက္ခဏာအနေနဲ့ ကိုယ်လက်မအီမသာဖြစ်ပြီး ပျို့အန်နေခဲ့ပါတယ်။

ဆေးရုံအမျိုးမျိုးမှာ ပြောင်းလဲကုသသော်လည်း မေလ(၃၁)ရက်နေ့မှာ ဆုံးပါးသွားခဲ့ပါတယ်။ အနီးကပ်ထိစပ်သူ ဘယ်သူ့ကိုမှ မကူးစက်ခဲ့သလို တိရစ္ဆာန်တွေနဲ့ ထိစပ်သူတွေရော ပြည်သူကိုပါ မကူးစပ်ပါဘူး။ ဒီဗိုင်းရပ်ဟာ တိုက်ရိုက်ထိတွေ့သူကိုသာ ကူးဆက်စေပြီး ရေယုံလိုမျိုး အရည်ကနေလည်း ကူးဆက်တယ်လို့ ရောဂါထိန်းချုပ်ရေးဌာနကပြောပါတယ်။

သူက တိမွေးစမ်းသပ်အထူးဌာနမှာ အလုပ်ပြီး မျောက်နှစ်ကောင်ကို ခွဲစိတ်ပြီးနောက် တစ်လအကြာမှာ အာရုံကြောလက္ခဏာတွေကို ခံစားရတာပါ။ ဒီရောဂါပိုးရဲ့လက္ခဏာက ကိုရိုနာဗိုင်းရပ်လိုပဲအပူဖျား၊ ချမ်းဖျား၊ မောပမ်း၊ ခေါင်းကိုက်တဲ့ လက္ခဏာတွေ ပြသပါတယ်။ ဒီလက္ခဏာပြသမှုက တရက်ကနေ သုံးပတ်ထိကြာနိုင်ပါတယ်။

အသက်ရှုကြပ်တာ၊ အော့အန်တာ၊ ဗိုက်နာတာ၊ ကြို့ထိုးတာတွေ ဖြစ်နေစဉ်မှာ မီးလောင်ဖုလိုတွေ ပေါ်လာပါတယ်။  အာရုံကြောနဲ့ ရောင်ရမ်းတဲ့ ရောဂါလက္ခတွေ ပေါ်လာပြီးနောက် ရောဂါပြင်းထန်တဲ့အတွက်ကြောင့် ကျောရိုးမအာရုံကြောနဲ့  ဦးနှောက်ကို ရောင်စေပါတယ်။

ဒီဗိုင်းရပ်ရဲ့ ကူးဆက်မှုက ၇၀-၈၀ ရာခိုင်နှုံးရှိပါတယ်။ ကူးဆက်မှုက တော်တော်နည်းပြီး လက်ရှိမှာတော့ ကူးဆက်ခံရသူ တစ်ယောက်ပဲ ရှိပါတယ်။ အဲဒီတော့ တိချစ်သူလေးတို့ ကာကွယ်နိုင် ရှောင်ရှားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

သရက္ခန်

Ref ; NCBI

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

သရကၡန္