
မနေ့ညက ရန်ကုန်တမြို့လုံး အမျိုးအမည်မသိ အငွေ့များ ရုတ်တရက် ဖုံးလွှမ်းသွားရခြင်းရဲ့ အကြောင်းရင်းမှန် ( အစိုးရိမ်မလွန်ကြဖို့ ဖော်ပြခြင်းဖြစ်ပါတယ် )
အပူဖြာ မြူထူ မြူ ဆိုသည်မှာ ကမ္ဘာမြေကြီးအနီးမှာ ကပ်ပြီးဖြစ်ပေါ်တတ်တဲ့ ထူထပ်သော တိမ်ခိုးငွေ့များပဲ ဖြစ်ပါတယ်။ တိမ် ဆိုတဲ့အတွက်ကြောင့် သူ့မှာ ရေခိုးရေငွေ့ နဲ့ ရေစက်ရေမှုန်တွေ ပါဝင်မှာ မလွဲပါ။ ရေကို အခိုးအငွေ့အဖြစ် မြင်ရတာဟာလည်း အပူကြောင့် ဆိုတာ
ကျနော်တို့ ငယ်စဉ်က သိပ္ပံဘာသာမှာ သင်ကြားခဲ့ကြပြီးဖြစ်ပါတယ်။ မြူ ဖြစ်ပေါ်လာတတ်တဲ့ အခြေအနေ အမျိုးမျိုးရှိသလို မြူအမျိုးအစားကိုလည်း ပုံစံအမျိုးမျိုး ခွဲခြားလေ့လာလို့ရပါတယ်။ အဲ့ဒီထဲက Radiation fog လို့ခေါ်တဲ့ “အပူဖြာမြူထူ”များကတော့.. အခုလို ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ
မိုးတပြိုက် နှစ်ပြိုက်လောက် ရွာသွန်းလိုက်လျှင် ပေါ်ထွက်လာတတ်ကြတာပါပဲ။ နေ့အခါမှာ နေမှ ရရှိတဲ့ အပူကို မြေကြီးက စုပ်ယူပါတယ်။ ညဘက်အေးတဲ့အခါ မြေကြီးက အပူတွေကို အပူဖြာကူးခြင်းနည်းလမ်းဖြင့် ပြန်စွန့်ထုတ်ပါတယ်။ မိုးရွာလိုက်တဲ့အခါမှာ မြေပြင်အနီးက လေထုဟာ
အေးပြီးစိုစွတ်နေပါတယ်။ အဲဒီအချိန်မှာ အပူဖြာကူးလိုက်တော့.. စိုစွတ်တဲ့ (တနည်း) ရေငွေ့ပါတဲ့လေကို အပူပေးလိုက်သလိုပါပဲ။ လေထဲမှာ အပူ-အအေးတို့ ရောယှက်ပြီး မြူတွေ ထ လာပါတော့တယ်။ လေတိုက်ခြင်းဟာ မြူဖြစ်ခြင်းကို ဟန့်တားနှောက်ယှက်နိုင်တဲ့အတွက် မြူများကို
လေငြိမ်သော (တနည်း) လေကာသော ချိုင့်ဝှမ်း၊ ရေကန်စပ်အနီးတို့မှာ တွေ့ရတတ်ပါတယ်။ နံနက်လင်းပိုင်းမှာ အများဆုံးမြင်တွေ့ရတတ်ပြီး နေရောင်နဲ့အတူ တဖြည်းဖြည်းချင်းကွယ်ပျောက်သွားကြပါတယ်။ သတိမူလျှင် မြူမှုန်လေးတွေကိုပင် မြင်ရတတ်ပါတယ်။ အနာဂတ်ပညာရေးအတွက်.. သန့်ဦး (အာကာသနှင့်စကြဝဠာ သင်ထောက်ကူ)
crd-
ယူနီကုတ်
crd