
မီးသွေးတုံးဖြစ်သွားတဲ့ ရုရှား နောက်ဆုံးပေါ် တင့်ကားသစ်ကြီး နှင့် အချဉ်မှတ်လို့ စပ်သွားတဲ့ ပူတင် “ထောင်မလဲသဲကော်ကြီး”

ရုရှရဲ့ နောက်ဆုံးပေါ် T-90M Proryv-3 တင့်ကားကြီး ဖြစ်ပုံကိုကြည့်ပြီး ရုရှရဲ့ နည်းပညာအပေါ် မေးခွန်းထုတ်စရာရှိလာပါတယ်။ ပထမ ဖြစ်စဉ်က မော့စဗာ သင်္ဘောကြီးမြုပ်တာ နောက်တစ်ခါ နောက်တစ်စင်း မီးလောင်ပြန်တယ်။ လတ်တလောမှာ

ခေတ်အမီဆုံးဆိုတဲ့ တင့်ကားချေမှုန်းခံရတယ်။ သည်လို အရေးပါတဲ့ ခေတ်မီတဲ့ စစ်လက်နက် arsenal တွေရဲ့ defense system ကိုသတင်းဌာနတွေနဲ့ စစ်ပညာလေ့လာရေးအင်စတီကျုတွေက မေးခွန်းထုတ်လာကြပါတယ်။ လတ်တလောဖြစ်သွားတဲ့ T-90M Proryv-3 တင့်ကားရဲ့ ကာကွယ်ရေးစနစ်ကို ဘယ်လိုလက်နက်က ထိုးဖောက်ချေမှုန်း ခဲ့သလဲ

ဆိုတာကိုအတော်လေး ရေးကြပါတယ်။ အချို့ကတော့ ရုရှတို့ရဲ့လက်နက်စနစ်တွေက မခေပါဘူး အလွန်ခေတ်မီစမတ်ကျပါတယ် သို့သော် အဲ့သည့်ထက် သာလွန်နေတဲ့ ထိုးဖောက်ချေမှုန်းရေးစနစ်ကဘာဖြစ်မလဲ လို့တွေးတောလာကြပါတယ်။ T-90M ရဲ့ ဖြစ်စဉ်ဟာ စစ်ပွဲနဲ့နည်းပညာကိုသုံးသပ်သူတွေအတွက် ပုစ္ဆာသစ်ဆန်ဆန်ဖြစ်လာပါတယ်။ ယူကရိန်းမှာ အယ်လွန်မတ်စ်ရဲ့

စတားလင့် အင်တာနက်ကွန်ရက်ပေးထားတဲ့အပေါ်မှာ ထည့်သွင်းစဉ်းစားလာကြတာလည်း ရှိလာပါပြီ။ သိုသိပ်လွန်းတဲ့ရုရှတို့ရဲ့ အတွင်းပိုင်းစည်းဝိုင်းထဲမှာလည်း အငြင်းပွားစရာတွေဖြစ်နေတယ်လို့ ရေးသားကြပါတယ်။ ယူကရိန်းဖက်က အပျက်အစီးအဆုံးအရှုံးတွေအပေါ် ကမ္ဘာက မျှော်လင့်ထားပြီးသား ပေမယ့် ရုရှဖက်က အထင်ကရစစ်သင်္ဘောကြီးတွေ နောက်ဆုံးပေါ်

တင့်ကားကြီးတွေချေမှုန်းခံရတာကကျတော့ သတင်းထူးဖြစ်လာပါတယ်။ T-90 M တစ်စင်းရဲ့ ဖြစ်စဉ်က စစ်ပွဲရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ သုံးသပ်သူတွေကို ပြောင်းလဲသွားစေပါတယ်။ ခုတိုင်းဆို ယူကရိန်းကို ရုရှကနိုင်ပါလိမ့်မယ်။ အကြာကြီး တကယ့်အကြာကြီးနေမှ

နိုင်တယ်ဆိုရုံနဲ့ နိုင်မှာပါ။ နျူကလီးယားထုတ်သုံးကြမယ်ဆိုရင်တော့ မပြောတတ်ဘူး။ လက်ထဲမှာတင်ကွဲတဲ့ -ိုင်းတွေ ပုံးတွေ အကြောင်းလည်းကြားဖူးထားပါတယ်။ T-90M ကြီးကတော့ သတင်းဖြစ်နေပါတယ်

သဒ္ဓါအားဖြင့်

ယူနီကုတ်








သဒ်ဓါအားဖွငျ့
Crd