

မီးလောင်မှုမှာ Level အဆင့်အလိုက် ထွက်ခွာရတဲ့ မီးသတ်ကား အရေအတွက်အကြောင်း ( မသိသေးတဲ့ သူများအတွက် ဗဟုသုတ ရစေရန် ဖော်ပြပါတယ် )
Level ဆိုတာ မီးလောင်မှု အခြေအနေအရ မီးသတ်ကားများ ခေါ်ခြင်းဖြစ်ပါတယ်။ တချို့ မီးလောင်မှုတွေကတော့ Level ခေါ်စရာမလိုဘဲ နယ်မြေခံယာဉ်အုပ်စုနဲ့ ငြိမ်းသွားတာမျိုးလည်း ရှိပါတယ်။ ပြည်သူများသိစေရန် အတွက် ဖော်ပြပေး လိုက်ပါတယ်- စကားပြောစက်ကနေ နှင်းဆီမှ Level 1 ယာဉ်အုပ်စုများ —မြို့နယ်၊ —လမ်း မီးလောင်ပြင်ထွက်
လို့ကြားလိုက်သည်နှင့် Level 1 ယာဉ်အုပ်စုမှာ မီးငြိမ်းသတ်ယာဉ်နဲ့ ရေသယ်ယာဉ် ၁၀ စီးပါဝင်ပြီး မီးလောင်မှုဖြစ်ပွားရာ မြို့နယ်နှင့် ထိစပ်မြို့နယ်များမှ ကားများပါဝင်ပါတယ်။ Level 2 ယာဉ်အုပ်စုမှာတော့ နောက်ထပ် ၁၀ စီး ထပ်မံပါဝင် ငြိမ်းသတ်ပြီး ပေါင်း ၂၀ စီးဖြစ်သွားပါတယ်။ Level 3 ယာဉ်အုပ်စုမှာတော့ မီးငြိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ် ၂၀ စီး ထပ်မံပါဝင်လာပြီး
စုစုပေါင်း ၄၀ စီး ဖြစ်လာပါတယ်။ Level 4 ယာဉ်အုပ်စုမှာ ၁၀ စီး ထပ်မံပေါင်းစပ်ပြီး စုစုပေါင်း ၅၀ စီးဖြစ်လာပါတယ်။ Level 5 ယာဉ်အုပ်စုမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စခန်းအသီးသီးတွင် နောက်ချန်ယာဉ် ၁ စီးသာ ချန်ခဲ့ပြီး အကုန်ထွက်စနစ်ဖြစ်သည့်အပြင် ထိစပ်နေသော စည်ပင်သာယာနယ်နိမိတ် ပြင်ပ သန်လျင်၊ ခရမ်း၊ ကျောက်တန်း၊ သုံးခွ၊ ပဲခူး စသော မြို့နယ်များမှ
အကူယာဉ်များပါ ပါဝင်လာပါတယ်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အကူယာဉ်များကတော့ မီးလောင်မှုအခြေအနေပေါ် မူတည်ပြီးထွက်ခွာ ငြှိမ်းသတ်လျက်ရှိနေပါတယ်။ နယ်မြေခံယာဉ်အုပ်စုကတော့ အကုန်ထွက်စနစ်ဖြစ်ပါတယ်။
(Thein Htun)
crd-
ယူနီကုတ်
(Thein Htun)
crd-
Crd