မိသားစုထံ ငွေများများပို့နိုင်ရန်အတွက် ကိုယ်တိုင်ကျ ထမင်းဖြူကို ကြက်သွန်နီနှင့်သာ ကပ်စားခဲ့သော အမျိုးသား






Zawgyi

မိသားစုထံ ငွေများများပို့နိုင်ရန်အတွက် ကိုယ်တိုင်ကျ ထမင်းဖြူကို ကြက်သွန်နီနှင့်သာ ကပ်စားခဲ့သော အမျိုးသား

ကိုယ်ကျိုးမကြည့်ပဲ မိသားစု အဆင်ပြေဖို့ဆိုပြီး စွန့်လွှတ်အနစ်ခံသည့် စိတ်နှလုံးကောင်း သဘောထားပြည့်ဝသူများဆိုတာ အလွန်ရှားပါးလှသည်။

သို့ဖြစ်၍ မလေးနိုင်ငံတွင် လုံခြုံရေးအစောင့်အဖြစ် ဖိလစ်ပိုင်နိုင်ငံကနေ သွားရောက် လုပ်ကိုင်ခဲ့သော အမျိုးသားဧ။် စိတ်ဓာတ်သည် လေးစားချီးကျူးဖွယ်ကောင်းပါသည်။

အမျိုးသားသည် မိသားစု စားဝတ်နေရေး အခက်အခဲများကြောင့် ပြည်ပတွင် တစ်ယောက်တည်း အထီးကျန်စွာ ရုန်းကန်ရင်း ငွေများများရအောင်သာ ကြိုးစားအားထုတ်ခဲ့သည်။ထုံးစံတိုင်း တိုင်းတစ်ပါးသို့ ရောက်ပြီးမှတော့ ငွေများများရအောင်သာ စုဆောင်းပြီး မွေးရပ်မြေကို အမြန်ဆုံးပြန်ချင်ကြမှာပါ။

ထို့ကြောင့် အမျိုးသားသည် လုံခြုံရေး လုပ်အားခများကို မသုံးရက်၍ ဟင်းတောင် ဝယ်မစားခဲ့ပဲ ထမင်းဖြူကို ကြက်သွန်နီ ကြက်သွန်ဖြူ နှင့်သာ ကပ်စားပြီး မိသားစုထံ ငွေများစွာ ပို့ပေးခဲ့သည်။

Crd