







Crd..MyanmaPlatform
Unicode

မိမိ နိုင်ငံဖွင့်ဖြိုးတိုးတက်အောင် လုပ်ပေးထားသလဲဆိုတာ မိမိကိုယ်တိုင်ဖွင့်ပေးခဲ့သည့် ဖွင့်ပွဲတိုင်း၏ ဖဲကြိုးဖြတ်ထားတဲ့ ကတ်ကြေးတွေကို ထုတ်ဖော်ပြသခဲ့တဲ့ တူရကီသမ္မတ အာဒိုဂန်

တူရကီ နိုင်ငံကိုအုပ်ချုပ်လာတာ ဆယ်စုနှစ်နှစ်စုနီးပါးကြာနေပြီဖြစ်တဲ့ သမ္မတ အာဒိုဂန် ဟာ အာဏာတည်မြဲဖို့ ဆက်ကြိုးစားတဲ့ အနေနဲ့ သူဖွင့်လှစ်ခဲ့တဲ့ လမ်း၊တံတားနဲ့လေဆိပ် ဖွင့်ပွဲတွေမှာသုံးခဲ့တဲ့

ကတ်ကြေး တွေကို အန်ကာရာ မြို့သမ္မတ အိမ်တော်မှာ ခင်းကျင်းပြသခဲ့ပါတယ်။လူကြိုက်များတဲ့ထောက်ခံမှု ကျိန်းသေအောင် အာဒိုဂန် ဟာ တူရကီ ရဲ့အခြေခံအဆောက်အဦးစီမံကိန်းတွေ မှာ ဒေါ်လာ ဘီလီယံ ပေါင်းများစွာထည့်ဝင်ခဲ့ပါတယ်။

စီးပွားရေး အခက်ကြုံနေတဲ့ တူရကီ မှာ အာဏာကိုဆက်လက်ဆုပ်ကိုင်ဖို့ကြိုးပမ်းနေတဲ့ အာဒိုဂန် က သူ့ပုံရိပ်ကိုတောက်ပလာအောင်ကြိုးပမ်းတဲ့ အနေနဲ့ သူဟာ နိုင်ငံတိုးတက်လာအောင်

ဘယ်လောက်လုပ်ပေးခဲ့သလဲ ဆိုတာကို လူအများသိစေဖို့ အခုလို ကတ်ကြေး တွေကိုထုတ်ဖော်ပြသခဲ့တာပါ။သူဟာ ပြီးခဲ့တဲ့ ၁၈ နှစ်အတွင်း လေဆိပ် တွေ၊ ဓာတ်အားပေးစက်ရုံတွေ နဲ့

အဝေးပြေးလမ်းမတွေရာနဲ့ချီပြီးဖွင့်လှစ်ခဲ့ပါတယ်။ရွေးကောက်ပွဲစစ်တမ်းတွေက အာဒိုဂန် ဟာ ပြိုင်ဖက်ရဲ့နောက်မှာရောက်နေတယ်လို့ဖော်ပြထားချိန်မှာ အဲဒီဖွင့်ပွဲတွေမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ဖို့သုံးတဲ့ ကတ်ကြေးတွေကို လူထုထောက်ခံမှုရအောင် သူကထုတ် ဖော်ပြသတာပါ။

အာဒိုဂန် ကအဲဒီဖွင့်ပွဲတွေမှာသုံးခဲ့တဲ့ ကတ်ကြေးတွေ ဖဲကြိုးတွေကို သိမ်းထားပြီး ၈၀၀ ကျော်ပဲရှိပေမယ့်သူအမှန်တကယ်ဖွင့်လှစ်ပေးခဲ့တဲ့ အခြေခံအဆောက်အဦးအရေအတွက်ဟာ အဲဒါထက်ပိုများမယ်လို့ Yeni Safak သတင်းစာကဖော်ပြပါတယ်။

အာဒိုဂန် ဟာ အခြေအနေမကောင်းတဲ့ စီးပွားရေး ၊၂၀ ရာခိုင်နှုန်းကျော်နေတဲ့ ငွေဖောင်းပွမှုနဲ့ ငွေတန်ဖိုး လျှော့ကျမှုတွေနဲ့ အခက်ကြုံနေရပါတယ်။

လတ်တလောကောက်ယူထားတဲ့ရွေးကောက်ပွဲစစ်တမ်းတွေ အတိုက်အခံ အမျိုးသားမဟာမိတ် ပါတီ ဟာအာဒိုဂန် ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့ကို သက်သက်သာသာ အနိုင်ရမယ်လို့ဖော်ပြထားပါတယ်။

crd