မိဘတွေသဘောမတူသည့်ကြားက အသက်၅၇နှစ်အရွယ် အသက်ရှည်ဆုံး ဦးလေးကြီးတစ်ဦးနဲ့ လက်ထပ်ခဲ့သည့် မိန်းကလေး

တရုတ်နိုင်ငံ မွန်ဂိုလီးယားတွင် နေထိုင်သော အသက်၅၇နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် ဘတ်စကတ်ဘောကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အရပ်အမောင်းအားဖြင့် ၂.၃၆မီတာရှိတာကြောင့် မွေးရပ်မြေမှာ လယ်သမားအဖြစ်နဲ့ပဲ အသက်မွေး၀မ်းကျောင်း ပြုခဲ့သည်။

ထိုစဥ် အမျိုးသားကြီးသည် တစ်ရွာတည်းနေ အသက်၃၁နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ရာ ထုံးစံတိုင်း မိန်းကလေးရှင်ဘက်ကနေ သဘောတူခြင်းမရှိပဲ လက်ထပ်ပွဲအား ကန့်ကွက်ခဲ့သည်။

သို့သော်လည်း မိန်းကလးသည် သူမထက်အသက်လည်းကြီး အရပ်အမောင်းကလည်း ပုံမှန်မဟုတ်သည့် ဦးလေးကြီးအရွယ် အမျိုးသားကို နှစ်နှစ်ကာကာ ချစ်မိသွားသည့်အတွက် မိသားစုရဲ့အတိုက်အခံကြား ရအောင်လက်ထပ်ခဲ့သည်။

အမျိုးသားကြီးသည်လည်း ထိုအချိန်တွင် အရပ်အရှည်ဆုံးလူသားအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းတွင် ပါဝင်ခဲ့ပြီး ကုမ္ပဏီတော်တော်များရဲ့ မျက်နှာစာအဖြစ် ဖိတ်ကြားခြင်းများစွာ ခံခဲ့ရသည်။

သူတို့ဇနီးမောင်နှံနှစ်ဦးသည် လက်ထပ်ပြီးနှစ်အနည်းငယ်အကြာတွင် ချစ်စရာကောင်းသော သားဦးလေးကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အနာဂတ်တွင် ဖခင်ဖြစ်သူလိုပဲ ဘတ်စကတ်ဘောကစားသူတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်နေကြောင်း သိရသည်။

Hlaing (Love Feeling)

Zawgyi







Hlaing (Love Feeling)