မိန်းမအဖြစ်အသွင်ပြောင်းထားတဲ့ဇနီးဖြစ်သူအတွက် ကိုယ်ဝန်လွယ်ပေးခဲ့တဲ့ ယောကျ်ားအဖြစ်အသွင်ပြောင်းခဲ့တဲ့ ခင်ပွန်းဖြစ်သူအမျိုးသမီး

ခုဖော်ပြမှာကတော့ ခင်ပွန်းဖြစ်သူဟာ ယောကျ်ားပြောင်းထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူကလည်း မိန်းကလေးအဖြစ်ပြောင်းထားတဲ့ အမျိုးသားတစ်ဦးဘဲဖြစ်ပါတယ်။၎င်းတို့ဟာ သဘာဝတရားကို မလွန်ဆန်နိုင်တာကြောင့် ခင်ပွန်းဖြစ်သူဟာ ကိုယ်ဝန်ဆောင်ဖို့အတွက် တာဝန်ရှိပါတယ်။

ယောကျ်ားလေးအဖြစ်မွေးဖွားလာခဲ့ပေမဲ့ အခုအခါမှာ အမျိုးသမီးတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရတဲ့ Danna Sultana ဟာ သူမရဲ့ခင်ပွန်းဖြစ်သူ Esteban Landrau လွယ်ထားတဲ့ကလေးငယ်လေးအား လူ့လောကကနေကြိုဆိုရန် စောင့်ဆိုင်းနေခဲ့ပါတယ်။

Esteban လည်း Dannaနဲ့မတူဘဲ ဆန့်ကျင်ဘက်အနေနဲ့ အမျိုးသမီးတစ်ဦးအဖြစ် မွေးဖွားလာခဲ့ပြီး အမျိုးသားတစ်ဦးအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ယခုလအစောပိုင်းက Instagram မှာ follower ပေါင်း 219,000 အထိရှိပြီး မိန်းမအဖြစ်ပြောင်းထားတဲ့ Danna ဟာ ကိုယ်ဝန် ရှစ်လရှိပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူ Esteban ရဲ့ဗိုက်ကို နမ်းရင်း ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကို “ Love is love ” ဆိုတဲ့ hashtag ဖြင့် မျှဝေပေးခဲ့ပါတယ်။

မကြာသေးခင်မှာ ကိုယ်ဝန်ဆောင်ချိန် ရှစ်လအကြာမှာ Esteban ဟာ ကိုယ်ဝန်ဆောင်များရဲ့ဖြစ်နေကျ့လက္ခဏာအချို့ကြောင့် သူ့ရဲ့ကိုယ်ဝန်က အချိန်မတန်မီမွေးဖွားနိုင်ကြောင်းကို စိတ်ပူစွာ ထင်မြင်နေခဲ့ပါတယ်။ထို့ကြောင့် ၎င်းတို့စုံတွဲဟာ ဆေးရုံအတွက် စိတ်ပူခဲ့ရပြီး ၎င်းတို့ရဲ့သားဦးလေးကို မွေးဖွားဖို့ ကြိုတင်ပြင်ဆင်မှုအတွက်ကိုပါ ၎င်းတို့ရဲ့မိဘများထံသို့ ဖုန်းဆက်ကာ မေးမြန်းခဲ့ပါသေးတယ်။

သို့ပေမဲ့ ဆရာဝန်များက ၎င်းလက္ခဏာများက လုံးဝကိုပှံမှန်ဘဲဖြစ်ပြီး အထူးသဖြင့် ကလေးငယ်က အရွယ်ကြီးလာပြီးအသက်ကြီးလာခြင်းကြောင့်သာ ဖြစ်ကြောင်း ရှင်းပြခဲ့ကြပါတယ်။ထို့နောက် Danna နှင့် Esteban တို့ဟာ စိတ်ဖြေသာသွားခဲ့ရပါတယ်။

Pic Shows: Danna Sultana and Esteban Landrau; Popular transgender model Danna Sultana has announced that she is expecting a child with her trans male partner.

Danna ဟာ ခင်ပွန်း Esteban က ကင်မရာမှာပေါ်လာတဲ့အချိန်တိုင်း သူမဟာ ပျှော်ရွှင်စွာ ခင်ပွန်းဖြစ်သူရဲ့ဗိုက်ကို ကြင်နာစွာနမ်းတတ်တဲ့ဗီဒီယိုအချို့ကို မကြာခဏပြန်လည်မျှဝေတတ်ပါတယ်။၎င်းတို့ဟာ ၎င်းတို့ရဲ့သားဦးလေးကို Ariel လို့အမည်ပေးဖို့ စီစဉ်ထားပါသေးတယ်။

ထို့နောက် ၎င်းတို့စုံတွဲဟာ ဖေဖော်ဝါရီလမှာ “ အိမ်မက်တွေက တဖြည်းဖြည်းနဲ့အကောင်အထည်ပေါ်လာပြီ” ဟု ရေးသားရင်း ၎င်းတို့စောင့်မျှော်နေခဲ့တဲ့ကလေးလေးရဲ့ဝမ်းမြှောက်ဖွယ်ရာသတင်းစကားကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။

၎င်းတို့ဟာ ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်းမှာလည်း ပရိသတ်များရဲ့အားတက်သရောထောက်ပံမှုတို့ကို ရရှိခဲ့ပါတယ်။“ သူတို့စုံတွဲက အရမ်းကို လှပတယ် ၊ သူတို့နဲ့အလားတူတဲ့စုံတွဲတွေကိုလည်း လှုံဆော်ပေးခဲ့ကြတယ်” လို့ အင်တာနက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါသေးတယ်။

Mia (KBdailynews)

Reference : everytruenews24

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။