






Rain (For Ialinks)

Unicode

မိန်းကလေးချောချောလှလှလေးနှစ်ယောက် နေသွားသည့်အခန်းကိုမြင်ပြီး အဆောင်မငှားရဲတော့လောက်အောင် ပညာရရှိသွားသည့် ပိုင်ရှင်ရဲ့အဖြစ်

အဆောင်မှူးများအနေနဲ့ နယ်ဝေးက ကျောင်းသူကျောင်းသားတွေ အခန်းငှားနေကြပြီး ပြန်သွားသည့်အခါ အမှိုက်သရိုက်များစွာ ရှင်းလင်းလိုက်ရသည့်အဖြစ်အပျက်မျိုးက မကြာခဏဆိုသလို ကြုံဖူးနေကြစမြဲပါ။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ တိုက်ခန်းပိုင်ရှင်တစ်ဦးသည် အဝေးကကျောင်းလာတက်ကြသည့် ကျောင်းသူများအဆင်ပြေအောင် မိန်းကလေးသီးသန့်အဆောင်ဖွင့်စားရင်း ဝင်ငွေရှာခဲ့သည်။

ကျောင်းတွေပိတ်သွားသည့်အခါ အဆောင်ငှားနေသူများလည်း ကိုယ့်ရဲ့မွေးရပ်မြေအိမ်သို့ ပြန်သွားကြသည့်အခါ ပိုင်ရှင်ဖြစ်သူသည် အခန်းအားလုံးကိုသန့်ရှင်းရေးလုပ်ဖို့ စစ်ဆေးကြည့်ခဲ့ရာမှ သွေးတက်စရာအဖြစ်နဲ့ ကြုံခဲ့ရသည်။

ပိုင်ရှင်ဖြစ်သူသည် အခန်းစစ်ဆေးရင်း အကုန်လုံးနီးပါးက ငှားနေသူတွေကိုယ်တိုင်က ရှင်းလင်းပေးခဲ့တာကြောင့် ပုံမှန်တိုင်းဖြစ်နေပေမယ့် အခန်းတစ်ခန်းကတော့ ခြေချစရာနေရာမရှိလောက်အောင် အသုံးအဆောင် ပစ္စည်းများနဲ့ ဖျော်ရည်ဘူးခွံ၊ အမှိုက်သရိုက်များစွာနဲ့ အနံ့အသက်ကလည်းဆိုးရွားနေတာကို တွေ့ရှိခဲ့ရသည်။

ပိုင်ရှင်ဖြစ်သူလည်း အရမ်းဆိုးဆိုးရွားရွားကြီး ညစ်ပတ်နေသည့်အခန်းကို ငှားနေထားသည့်သူကို စာရင်းစာအုပ်ထဲကနေ ပြန်ကြည့်ချိန်မှာတော့ ထိုအခန်းအား နူးညံ့သိမ်မွေ့ပြီး အလန်းဇယားခပ်ချောချောကောင်မလေးနှစ်ယောက်မှ ငှားနေထားတာကိုသိရှိခဲ့ပြီး ရုပ်ကလေးတွေနဲ့မှမလိုက်ဟုရေရွတ်မိကာ နောက်ထပ်အဆောင်ဖွင့်မစားရဲတော့အောင်ပင် ဖြစ်နေခဲ့သည်။

Rain (For Ialinks)

Crd

Crd

arkarta