မသန်စွမ်းသော သခင်ဖြစ်သူအား ဝှီးချဲလေးတွင်ထိုင်စေပြီး သွားချင်သည့်နေရာများအား တွန်းပြီးလိုက်ပို့ပေးခဲ့သော ခွေးလိမ်မာလေး







Zawgyi

မသန်စွမ်းသော သခင်ဖြစ်သူအား ဝှီးချဲလေးတွင်ထိုင်စေပြီး သွားချင်သည့်နေရာများအား တွန်းပြီးလိုက်ပို့ပေးခဲ့သော ခွေးလိမ်မာလေး

အိမ်မွေးတိရစ္ဆာန်ဖြစ်သော ခွေးလေးများသည် အလိုက်အရမ်းသိပြီး သစ္စာစောင့််သိသလို လိမ်မာပါးနပ်ပြီး ချစ်စရာကောင်းဆုံး သတ္တဝါလေးများပင် ဖြစ်သည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အိမ်တစ်အိမ်တွင် မွေးထားသော ခွေးလေးဧ။် သခင်ဖြစ်သူအပေါ် ကျေးဇူးပြန်ဆပ်ပြီး သိတတ်လိမ်မာမှုကြီးက အင်မတန်ကို ချီးကျူးစရာကောင်းသည်။

သခင်ဖြစ်သူမှာ မသန်မစွမ်းဖြစ်နေရာ လမ်းလျှောက်မရပဲ တစ်ချိန်လုံး ဝှီးချဲနှင့်သာ အားကိုးပြီး သွားလာလှုပ်ရှားရသည်။ထိုသို့မသန်စွမ်းသူဧ။် အနားမှာ ပြုစုစောင့်ရှောက်ရန် အဖော်တစ်ယောက်လောက် လိုအပ်သော်ငြားလည်း အိမ်မွေးခွေးလေးရှိနေ၍ အဆင်ပြေသွားသည်။

ခွေးလေးသည် သခင်ဖြစ်သူ ဘယ်သွားသွားလိုက်ပါလာတတ်ပြီး အနားတွင် စောင့်ရှောက်ပေးကာ အပြင်သို့ထွက်သည့်အခါမှာလည်း ဝှီးချဲလေးအား ခန္ဓာကိုယ်ကို အားစိုက်ပြီး တွန်းသွားပေးခဲ့သည်။

ခွေးလေးဧ။် အဖြစ်ကိုမြင်တွေ့သူများမှာ အချို့သော လူသားများက စာနာမှုကင်းမဲ့ပြီး တိရစ္ဆာန်လေးများလောက်တောင် အားမကိုးရကြောင်း ခွေးလေးအား ချီးမွမ်းနေကြသည်။
Crd