မလေးရှားကို အလည်အပတ် ဗီဇာနဲ့လာပြီး အလုပ်မရှာပါနဲ့လို့ ပြောတာ ဒါတွေကြောင့်ပါ

မလေးရှားကို အလည်အပတ် ဗီဇာနဲ့လာပြီး အလုပ်မရှာပါနဲ့လို့ ပြောတာ ဒါတွေကြောင့်ပါ

မလေးရှားကို အလည်အပတ် ဗီဇာနဲ့လာပြီး အလုပ်မရှာပါနဲ့လို့ ခနခန စာတွေရေးတင်အသိပေးနေတဲ့ကြားက ရောက်လာတဲ့သူတွေထဲက ဒုက္ခရောက်နေသူတွေ အကြောင်းလေးပါ..

အလည်နဲ့လာမယ်ဆို လာဖူးသားလူဟောင်းတွေအတွက် ကိုယ်ကျွမ်းကျင်ပြီးသားနယ်မြေဆို သိပ်ပြဿနာမရှိဘူး.. စကားလည်းတတ် သွားတတ် လာတတ်ဆိုရင် အလုပ်ရှာရတာ အခက်အခဲတော့သိပ်မရှိပါဘူး.. ခုမှမလေးမြေကို စနင်းမယ်ဆိုရင် ယောကျာ်းလေးအတွက်ကလည်း ပြဿနာ သိပ်မရှိသေးဘူး.. ဒေါင်ကျကျ ပြားကျကျ ရတဲ့အလုပ်ကိုရှာလုပ်.. အဆင်ပြေတဲ့နေရာမှာနေ.. တစ်ခါမှလည်းမရောက်ဖူး မသွားဖူး မလာဖူးတဲ့ မိန်းကလေးတွေအတွက်ကတော့ အရဲမစွန့်ကြပါနဲ့.. မစွန့်စားကြပါနဲ့လို့ ထပ်မံပြီးမေတ္တာရပ်ခံပါရစေဗျာ..

လူခံရှိတယ် ပါမစ်ကပ်ပေးမဲ့သူဌေးရှိတယ် စိတ်ချရတယ် သူငယ်ချင်းရှိတယ် အလုပ်ရှာပေးမယ်အေးဆေးဆိုပြီး အားကိုးတကြီးနဲ့ရောက်လာပြီးမှ မျက်နှာလွှဲခဲပစ် လုပ်တတ်တဲ့သူတွေကြောင့် ကျွန်တော့ဆီ အကူအညီလာတောင်းကြတာ မိန်းကလေးတွေပါ ၂ ဖွဲ့ရှိနေပြီ.. လုံခြုံမှုကမရှိ တာ၀န်ယူမှုတာ၀န်ခံမှုမရှိတဲ့သူတွေ ကိုယ့်လူမျိုးအချင်းချင်း မကူညီတဲ့အပြင် ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြတဲ့ လူတွေကြောင့် ကိုယ့်မြန်မာလူမျိုးတွေ ဒုက္ခတွေရောက်နေရပါတယ်..

ကျွန်တော်လည်းတက်နိုင်သလောက်တော့ ကူနေပါတယ် အဆင်ပြေလုံခြုံစိတ်ချရမဲ့ အလုပ်လေးတွေတော့ချိတ်ပေးနေပါတယ်.. အစ်ကိုနဲ့တွေ့ရတာအရမ်းကံကောင်းတာပဲတဲ့.. အစ်ကိုတဲ့ Service ကြေးဘယ်လောက်ပေးရမလည်းတဲ့.. အော် အော် ညီမတို့ရယ် အစ်ကိုက ပွဲစားရုပ်ပေါက်နေလို့လားဆိုတော့ တစ်ပြားမှပေးစရာမလိုဘူးလို့.. ညီမတို့အဆင်ပြေရင် ပြီးပြီလို့.. မသိလို့နော် ဆောရီးပါအစ်ကိုတဲ့.. ရတယ်အေးဆေးလို့.. သနားလည်းသနားသလို စိတ်လည်းတိုရတယ်..

အစ်ကို့အကောင့်ကို ဟိုးအရင်ကတည်းကတွေ့မိရင် ညီမတို့မလာပါဘူးတဲ့.. ခုအစ်ကိုပြောနေတာတွေ ရေးနေတာတွေကလက်တွေ့ဆိုတာ ညီမတို့သိရပါပြီတဲ့.. အဲတာဆိုရင်အစ်ကို့ကိုပြန်ကူညီပါလို့ သူငယ်ချင်းတွေ အသိတွေထဲက အလည်နဲ့လာပြီး အလုပ်ရှာမယ်ဆို မလာဖို့တားမြစ်ပေးပါလို့.. စိတ်ချပါတဲ့ တားမြစ်ပါ့မယ် အသိပေးပါ့မယ်တဲ့လေ.. ကျေနပ်တယ်လေ ဘာကြောင်အလည်နဲ့အလည်နဲ့မလာသင့်တာလည်း ကျွန်တော်ထောက်ပြမယ်နော်..

အလည်နဲ့လာတဲ့ကုန်ကျစရိတ်က စက်ရုံကောလင်းနဲ့လာတဲ့စရိတ်နဲ့အတူတူလောက်ပဲ.. အလည်ကမြန်တယ် ကောလင်းနဲ့ကနဲနဲစောင့်ရမယ်.. အလည်နဲ့က Risk ပိုများတယ် ကံမကောင်းလို့ အချက်အလက်တွေမစုံလင်ရင် မလေးရှားလေဆိပ်ကနေလှည့်ပြန်ရတတ်တယ်.. လ၀ကကိုဖြတ်ဖို့ဆိုတာ လူရည်လည်မှ ပါးနပ်မှုရှိမှ မေးတာဖြေနိုင်မှ တောင်းတဲ့အချက်ပြနိုင်မှ အဆင်ပြေမှာ အဲလိုမှမဟုတ်ပဲ အူတူတူ အတတဆို အတေရစ်မှာ..

စဥ်းစားကြည့်လေ သူများနိုင်ငံအလည်သွားမဲ့သူက E လိုလည်းမတတ်.. မလေးလိုလည်းနားမလည်ဘူးဆိုရင် အလည်နဲ့လာပြီး မပြန်ပဲခွေနေမယ်ဆိုတာ သူတို့ကောင်းကောင်းသိတာပေါ့.. အဆင်ပြေပြေနဲ့ရောက်လာပြီထား အလုပ်ကရှာရမယ်.. အလုပ်ရပြီထား နေထိုင်ခွင့်ပါမစ် အလုပ်လုပ်ခွင့်ပါမစ်က လွယ်လွယ်နဲ့ရပါသလား? No ပါ.. ပါမစ်ကအေးဆေးကပ်လို့ရတယ်ဆိုရင် ဂျင်းပါ.. ဒီနိုင်ငံမှာ ပိုက်ဆံပုံပေးပြီး ရော့ပိုက်ဆံ ပေးပါမစ်ဆိုပြီးဝယ်လို့ရတဲ့ အထဲမှာ ပါမစ်မပါဘူး.. သူဌေးကကပ်ပေးမယ်ဆိုတာလည်း အချိန်အတိုင်းအတာကိုစောင့်ရတယ်.. အစိုးရကဖွင့်ပေးတဲ့အချိန်မှ ကပ်လို့ရတာပါ..

မနှစ်ကတရားမ၀င်နေထိုင်သူတွေကို တရား၀င်နေထိုင်လုပ်ကိုင်ခွင့်ပါမစ်ကပ်ဖို့ အစိုးရကဖွင့်ပေးတာ ၁၂ လပိုင်းက ပိတ်သွားပြီ.. နောက်ထပ်ဘယ်အချိန်ဖွင့်မယ်ဆိုတာက ဘယ်သူမှအတိအကျပြောလို့မရပါဘူး.. အလည်ဆိုတာ ၁ လပဲနေထိုင်ခွင့်ရှိတာ ၁ လကျော်တာနဲ့ အော်တို တရားမ၀င်နေထိုင်သူပဲ.. အသွားအလာ အနေအထိုင်အစစအရာရာ ဆင်ခြင်ရတော့မယ်.. ကံဆိုးလို့ ကိုယ်လုပ်နေတဲ့အလုပ်က Complain ရှိရင် အော်ပရာစီဝင်တတ်ရင် ရှောင်ရ ရှားရ ပုန်းရ ပြေးရ လွှားရမယ်..

ပါမစ်ကပ်တဲ့အချိန် ကုန်ကျစရိတ်ကလည်းများတယ်.. သူဌေးစိုက်ပေးရင်တော့ ကံကောင်းတာပေါ့.. ပါမစ်ကပ်ခွင့်ရပြီး ပါမစ်ရဖို့ကြာချိန်လေး လက်တွေ့ပြောပြမယ်.. မနှစ်ကပါမစ်ကပ်ချိန်မတိုင်ခင် ၁ နှစ်အလိုက ကျွန်တော့စက်ရုံကို အသိမိတ်ဆွေရဲ့ညီကိုတော် ကောင်လေး ၂ ယောက်ခေါ်သွင်းပေးထားတာ ပါမစ်ဖွင့်တဲ့အချိန်ပါ.. လက်ဗွေနှိပ်လုပ်စာရှိတာတွေလုပ်ပြီးတာတောင် ခုလမှ ပါမစ်ရတယ်.. ၁ နှစ်နီးပါးအချိန်ကြာတယ်.. အဲတာလက်တွေ့မယ်.. ဒါတောင်သူဌေးက ကပ်ပေးလို့ ပါမစ်ကလည်းဖွင့်တဲ့အချိန်မို့နော်..

စုစုပေါင်း မလေးငွေ ၇၀၀၀ လောက်ကုန်တယ်.. အကုန်စိုက်ထုတ်ပေးထားတယ်ဆိုပေမဲ့ သူဌေးက levy ကြေးပဲခံတယ် ကျန်တဲ့ ၅၀၀၀ က လစာထဲကပြန်ဖြတ်မှာ.. ဒါတွေအားလုံးကအလည်နဲ့လာပြီး အလုပ်လုပ်ရင်ကြုံတွေ့ရမဲ့ ကောင်းခြင်းဆိုးခြင်းတွေပါပဲ..​အလည်နဲ့ဆို ကုန်ကျစရိတ်က ၂ ခါကုန်မယ်.. ပါမစ်ကပ်ဖို့ဖွင့်တဲ့အချိန်စောင့်ရမယ်.. အဲအတောအတွင်း အစစအရာရာဂရုစိုက်နေထိုင်ဆင်ခြင်ရမယ်.. ပါမစ်ဖွင့်လို့ ပါမစ်ကပ်ရင် ပိုက်ဆံထပ်ကုန်မယ်.. အချိန်စောင့်ရမယ်..

တစ်ချို့တွေဆို မြန်မာအေးဂျင့်တွေနဲ့ကပ်လို့ အလိမ်တွေခံရတာ စာအုပ်တွေဆုံး ပိုက်ဆံတွေဆုံး ဘယ်သူတွေဆိုတာတော့ နာမည်တပ် မပြောတော့ပါဘူးနော်.. ကဲကဲတော်သေးပြီ ပြောမဆုံးပေါင်တောသုံးထောင်တို့ရေ.. (Ko Nway Oo)

Crd

Crd

Crd

arkarta