ကမ္ဘာပေါ်မှ လူအများအပြားက တရုတ်ကို မနှစ်သက်ကြောင်း သုတေသန စစ်တမ်း တွေ့ရှိထား

ကမ္ဘာပေါ်မှ လူအများအပြားက တရုတ်ကို မနှစ်သက်ကြောင်း သုတေသန စစ်တမ်း တွေ့ရှိထား

တရုတ်နိုင်ငံ၏ အဖျက်မူဝါဒများနှင့် အခြားနိုင်ငံများအပေါ် အနှောက်အယှက်ဖြစ်စေသည့် မမျှတသော သဘောထားကြောင့် ကမ္ဘာပေါ်မှ လူအများအပြားက တရုတ်နိုင်ငံကို မနှစ်သက်ကြကြောင်း မီဒီယာသတင်းတစ်ပုဒ်တွင် ဩဂုတ် ၂၂ ရက်က ဖော်ပြခဲ့သည်။

ကပ်ရောဂါ၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နမိတ်ဆိုင်ရာ ပိုင်ဆိုင်ကြောင်း အခြေအမြစ်မရှိသည့် ကြေညာချက်များသည် ကမ္ဘာ့ပေါ်ရှိလူများက တရုတ်ကွန်မြူနစ်အစိုးရအပေါ် အမျက်ဒေါသ ပိုမိုဖြစ်စေသည်ဟုလည်း ဖော်ပြထားသည်။တရုတ်နိုင်ငံနှင့် ပတ်သက်၍ ဝါရှင်တန်ဒီစီအခြေစိုက် ဘက်မလိုက်သော အမေရိကန်အကြံပေးပညာရှင်များအဖွဲ့၏ Pew Research စင်တာက ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် သုတေသနစစ်တမ်းကို ဥရောပတိုက်နှင့် အာရှ-ပစိဖိတ်မှ နိုင်ငံကြီး ၁၄ နိုင်ငံ၊ ကနေဒါနှင့် အမေရိကန်တို့တွင် ၂၀၂၀ ပြည့်နှစ်၊ နယူးဇီလန်၊ စင်ကာပူ၊ ထိုင်ဝမ်တို့၌ ၂၀၂၁ ခုနှစ် အစောပိုင်းတို့တွင် လုပ်ဆောင်ခဲ့ရာ နိုင်ငံသားအများစုက တရုတ်နိုင်ငံအပါ် မနှစ်မြို့ကြောင်း ပွင့်လင်းစွာ ပြောကြားခဲ့သည်ဟု Times of Israel သတင်းစာတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း မိုက်မွန်ပဲရိုက တရုတ်နိုငငံ၏ ဖိနှိပ်သော မူဝါဒများကြောင့် တရုတ်အစိုးရအပေါ် ပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ရာ သမ္မတဟောင်းထရမ့်အစိုးရလက်ထက် တွင် တရုတ်အစိုးရအပေါ် ဝေဖန်မှုကို အာရုံစိုက်မှု ဖြစ်စေခဲ့သည်။

ယခုကဲ့သို့ စစ်တမ်းထွက်ရှိခြင်းသည် တစ်ကြိမ်တည်းမဟုတ်ဘဲ တရုတ်နိုငငံအပေါ် သဘောမကျသည့် တုံ့ပြန်မှုများသည် လွန်ခဲ့သည့် ၁၀ စုနှစ်များအတွင်း မြင့်တက်လာခဲ့သည်။ တရုတ်ကို ၈၁ ရာခိုင်နှုန်း မနှစ်မြို့ကြောင်း ထွက်ပေါ်လာသည့် စစ်တမ်းတွင် ဩစတြေးလျနှင့် ယမန်နှစ်ထက် ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သလို ဗြိတိန်တွင်လည်း စစ်တမ်း၌ ပါဝင်ဖြေဆိုသူ ၇၅ ရာခိုင်နှုန်းက တရုတ်ကို သဘောမကျကြောင်း ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အဓိကအားဖြင့် ကပ်ရောဂါနှင့်ပတ်သက်၍ တရုတ်အစိုးရ၏ လုပ်ဆောင်မှုအပေါ် မနှစ်သက်မှု အများဆုံး ပါဝင်နေသည်။ ကပ်ရောဂါ ဖြစ်ပွားနေချိန်၌ စီးပွားရေးကျဆင်းမှုများကြောင့် အခြားနိုင်ငံများ ရုန်းကန်နေရချိန်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် တိုးတက်လျှက်ရှိသည်။ တောင်တရုတ်ပင်လယ်၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် အခြားကိစ္စရပ်များကြောင့်လည်း တရုတ်နိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံများက အကောင်းမမြင်ခဲ့ကြပေ။

ဩစတြေးလျနိုင်ငံက ကိုရိုနာဗိုင်းရပ် ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တရုတ်အပေါ် ပြစ်တင်ဝေဖန်ခဲ့ကာ အဆိုပါ ရောဂါစတင်ဖြစ်ပွားရာတွင် တရုတ်နှင့် ပတ်သက်နေသည့် အခန်းကဏ္ဍအား စုံစမ်း စစ်ဆေးရန် တောင်းဆိုခဲ့သဖြင့် နှစ်နိုင်ငံအစိုးရများအကြား ဆက်ဆံရေး ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ယင်းနောက်ပိုင်း တရုတ်က ဩစတြေးလျနိုင်ငံအပေါ် ဆိုးရွားသည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သလို ဘဏ္ဍာရေးအရ ထိခိုက်စေရန်လည်း အခြားနိုင်ငံများတွင်ပါ လုပ်ဆောင်လာခဲ့သည်။

ဘဏ္ဍာရေးဆိုင်ရာ အကျိုးစီးပွားများကြောင့် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ထုတ်ဖော်ပြောဆိုရန် စိုးရိမ်နေသလို တရုတ်အစိုးရ၏ မူဝါဒများကြောင့်လည်း အာရှ-ပစိဖိတ်ဒေသအပေါ် ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။တရုတ်၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ နိုငငံသားများက ပြစ်တင်ရှုတ်ချမှုတွင် နယူးဇီလန်တွင်၈၀ ရာခိုင်နှုန်း၊ဩစတြေးလျတွင် ၇၈ ရာခိုင်နှုန်းနှင့် ဂျပန်တွင် ၅၄ ရာခိုင်နှုန်းဖြစ်ပြီး စီးပွားရေးဆိုင်ရာ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် စင်ကာပူတို့တွင် တရုတ်အပေါ် မနှစ်သက်သူများပြားကြောင်း The Times of Israel သတင်းစာတွင် ဖော်ပြထားသည်။

Crd..By ANI News
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
ကမၻာေပၚမွ လူအမ်ားအျပားက တ႐ုတ္ကို မႏွစ္သက္ေၾကာင္း သုေတသန စစ္တမ္း ေတြ႕ရွိထား

တ႐ုတ္နိုင္ငံ၏ အဖ်က္မူဝါဒမ်ားႏွင့္ အျခားနိုင္ငံမ်ားအေပၚ အေႏွာက္အယွက္ျဖစ္ေစသည့္ မမၽွတေသာ သေဘာထားေၾကာင့္ ကမၻာေပၚမွ လူအမ်ားအျပားက တ႐ုတ္နိုင္ငံကို မႏွစ္သက္ၾကေၾကာင္း မီဒီယာသတင္းတစ္ပုဒ္တြင္ ဩဂုတ္ ၂၂ ရက္က ေဖာ္ျပခဲ့သည္။

ကပ္ေရာဂါ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ၊ အိမ္နီးခ်င္းနိုင္ငံမ်ားႏွင့္ နယ္နမိတ္ဆိုင္ရာ ပိုင္ဆိုင္ေၾကာင္း အေျခအျမစ္မရွိသည့္ ေၾကညာခ်က္မ်ားသည္ ကမၻာ့ေပၚရွိလူမ်ားက တ႐ုတ္ကြန္ျမဴနစ္အစိုးရအေပၚ အမ်က္ေဒါသ ပိုမိုျဖစ္ေစသည္ဟုလည္း ေဖာ္ျပထားသည္။တ႐ုတ္နိုင္ငံႏွင့္ ပတ္သက္၍ ဝါရွင္တန္ဒီစီအေျခစိုက္ ဘက္မလိုက္ေသာ အေမရိကန္အႀကံေပးပညာရွင္မ်ားအဖြဲ႕၏ Pew Research စင္တာက ဇြန္လအတြင္း ထုတ္ျပန္ခဲ့သည့္ သုေတသနစစ္တမ္းကို ဥေရာပတိုက္ႏွင့္ အာရွ-ပစိဖိတ္မွ နိုင္ငံႀကီး ၁၄ နိုင္ငံ၊ ကေနဒါႏွင့္ အေမရိကန္တို႔တြင္ ၂၀၂၀ ျပည့္ႏွစ္၊ နယူးဇီလန္၊ စင္ကာပူ၊ ထိုင္ဝမ္တို႔၌ ၂၀၂၁ ခုႏွစ္ အေစာပိုင္းတို႔တြင္ လုပ္ေဆာင္ခဲ့ရာ နိုင္ငံသားအမ်ားစုက တ႐ုတ္နိုင္ငံအပၚ မႏွစ္ၿမိဳ႕ေၾကာင္း ပြင့္လင္းစြာ ေျပာၾကားခဲ့သည္ဟု Times of Israel သတင္းစာတြင္ ေဖာ္ျပထားသည္။

အေမရိကန္နိုင္ငံျခားေရး ဝန္ႀကီးေဟာင္း မိုက္မြန္ပဲရိုက တ႐ုတ္နိုငငံ၏ ဖိႏွိပ္ေသာ မူဝါဒမ်ားေၾကာင့္ တ႐ုတ္အစိုးရအေပၚ ျပင္းထန္သည့္ ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္ခဲ့ရာ သမၼတေဟာင္းထရမ့္အစိုးရလက္ထက္ တြင္ တ႐ုတ္အစိုးရအေပၚ ေဝဖန္မႈကို အာ႐ုံစိုက္မႈ ျဖစ္ေစခဲ့သည္။

ယခုကဲ့သို႔ စစ္တမ္းထြက္ရွိျခင္းသည္ တစ္ႀကိမ္တည္းမဟုတ္ဘဲ တ႐ုတ္နိုငငံအေပၚ သေဘာမက်သည့္ တုံ႔ျပန္မႈမ်ားသည္ လြန္ခဲ့သည့္ ၁၀ စုႏွစ္မ်ားအတြင္း ျမင့္တက္လာခဲ့သည္။ တ႐ုတ္ကို ၈၁ ရာခိုင္ႏႈန္း မႏွစ္ၿမိဳ႕ေၾကာင္း ထြက္ေပၚလာသည့္ စစ္တမ္းတြင္ ဩစေၾတးလ်ႏွင့္ ယမန္ႏွစ္ထက္ ၂၄ ရာခိုင္ႏႈန္းျမင့္တက္ခဲ့သလို ၿဗိတိန္တြင္လည္း စစ္တမ္း၌ ပါဝင္ေျဖဆိုသူ ၇၅ ရာခိုင္ႏႈန္းက တ႐ုတ္ကို သေဘာမက်ေၾကာင္း ၁၉ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။

အဓိကအားျဖင့္ ကပ္ေရာဂါႏွင့္ပတ္သက္၍ တ႐ုတ္အစိုးရ၏ လုပ္ေဆာင္မႈအေပၚ မႏွစ္သက္မႈ အမ်ားဆုံး ပါဝင္ေနသည္။ ကပ္ေရာဂါ ျဖစ္ပြားေနခ်ိန္၌ စီးပြားေရးက်ဆင္းမႈမ်ားေၾကာင့္ အျခားနိုင္ငံမ်ား ႐ုန္းကန္ေနရခ်ိန္တြင္ တ႐ုတ္နိုင္ငံ၏ စီးပြားေရးသည္ တိုးတက္လၽွက္ရွိသည္။ ေတာင္တ႐ုတ္ပင္လယ္၊ ေဟာင္ေကာင္၊ ထိုင္ဝမ္ႏွင့္ အျခားကိစၥရပ္မ်ားေၾကာင့္လည္း တ႐ုတ္နိုင္ငံအေပၚ ကမၻာ့နိုင္ငံမ်ားက အေကာင္းမျမင္ခဲ့ၾကေပ။

ဩစေၾတးလ်နိုင္ငံက ကိုရိုနာဗိုင္းရပ္ ျဖစ္ပြားမႈႏွင့္ ပတ္သက္ၿပီး တ႐ုတ္အေပၚ ျပစ္တင္ေဝဖန္ခဲ့ကာ အဆိုပါ ေရာဂါစတင္ျဖစ္ပြားရာတြင္ တ႐ုတ္ႏွင့္ ပတ္သက္ေနသည့္ အခန္းက႑အား စုံစမ္း စစ္ေဆးရန္ ေတာင္းဆိုခဲ့သျဖင့္ ႏွစ္နိုင္ငံအစိုးရမ်ားအၾကား ဆက္ဆံေရး ဆိုးရြားစြာ ထိခိုက္ေစခဲ့သည္။ယင္းေနာက္ပိုင္း တ႐ုတ္က ဩစေၾတးလ်နိုင္ငံအေပၚ ဆိုးရြားသည့္ အေရးယူေဆာင္ရြက္မႈမ်ား လုပ္ေဆာင္ခဲ့သလို ဘ႑ာေရးအရ ထိခိုက္ေစရန္လည္း အျခားနိုင္ငံမ်ားတြင္ပါ လုပ္ေဆာင္လာခဲ့သည္။

ဘ႑ာေရးဆိုင္ရာ အက်ိဳးစီးပြားမ်ားေၾကာင့္ တ႐ုတ္နိုင္ငံ၏ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားအေပၚ ထုတ္ေဖာ္ေျပာဆိုရန္ စိုးရိမ္ေနသလို တ႐ုတ္အစိုးရ၏ မူဝါဒမ်ားေၾကာင့္လည္း အာရွ-ပစိဖိတ္ေဒသအေပၚ ဆိုးရြားစြာ ထိခိုက္ေစခဲ့သည္။တ႐ုတ္၏ လူ႔အခြင့္အေရးႏွင့္ ပတ္သက္၍ နိုငငံသားမ်ားက ျပစ္တင္ရႈတ္ခ်မႈတြင္ နယူးဇီလန္တြင္၈၀ ရာခိုင္ႏႈန္း၊ဩစေၾတးလ်တြင္ ၇၈ ရာခိုင္ႏႈန္းႏွင့္ ဂ်ပန္တြင္ ၅၄ ရာခိုင္ႏႈန္းျဖစ္ၿပီး စီးပြားေရးဆိုင္ရာ လုပ္ေဆာင္မႈမ်ားႏွင့္ ပတ္သက္၍ ေတာင္ကိုရီးယားႏွင့္ စင္ကာပူတို႔တြင္ တ႐ုတ္အေပၚ မႏွစ္သက္သူမ်ားျပားေၾကာင္း The Times of Israel သတင္းစာတြင္ ေဖာ္ျပထားသည္။

Crd..By ANI News
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။